Advertisements

မော်လမြိုင် ဖေဖော်ဝါရီ ၁

မွန်ပြည်နယ်တွင် ရက် ၁၀၀ လင်းယုန်စီမံချက်ကြောင့် ယာဉ်မောင်းနှင်သူများ စည်းကမ်းလိုက်နာမှု တိုးတက်လာသည်ဟု အမှတ် (၁၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှ ရဲမှူး ကျော်သူက ဟင်္သာသို့ ပြောသည်။

“ယခင်ကထက် စာရင်တော့ တိုးတက်လာတယ်။ ဒါပေမယ့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း စစ်ဆေးရေးအဖွဲ့မရှိတော့တဲ့အချိန်မှာ ပြည်သူတွေအနေနဲ့ မိမိရဲ့ အသက်အန္တရာယ်အတွက် အသိရှိရှိနဲ့ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကို လိုက်နာသင့်တာပေါ့” ဟု ရဲမှူး ကျော်သူက ဆိုသည်။

Advertisements
data-language="en"

ယာဉ်မောင်းနှင်သူများအနေဖြင့် စစ်ဆေးရေးအဖဲွဲ့များ လိုက်လံစစ်ဆေးခြင်း မရှိသည့်အချိန်တွင်လည်း မိမိတို့၏ အသက်အန္တရာယ် ထိခိုက်ဒဏ်ရာရရှိစေမှု၊ အသက်သေဆုံးမှုများ မဖြစ်ပွားစေရေးအတွက် ကိုယ်ပိုင်အသိစိတ်ဓာတ်ဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကို လိုက်နာဆောင်ရွက်သွားကြရန် ရဲမှူး ကျော်သူက တိုက်တွန်းခဲ့သည်။

လင်းယုန်စီမံချက်ကို ဇန်နဝါရီ ၁၅ ရက်တွင် စတင်စစ်ဆေးဆောင်ရွက်ခဲ့ပြီး ယခုလကုန်အထိ စည်းကမ်းပျက်ယာဉ် ဖမ်းဆီးရမိမှု အခြေအနေမှာ အမှုပေါင်း ၆ ,၀၀၀ နီးပါးရှိကြောင်း မွန်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းအရ သိရသည်။

ဖမ်းဆီးရမိခဲ့သည့် အမှုများမှာ မော်တော်ယာဉ် ၃၉၄ မှု၊ ထော်လာဂျီ ၇ မှု၊ ဘေးတွဲဆိုင်ကယ် ၆၂ မှု၊ သုံးဘီးဆိုင်ကယ် ၉၃ မှု၊ ဆိုင်ကယ် ၅,၃၇၅ မှု၊ စုစုပေါင်း ၅,၉၃၁ မှုကို ဖမ်းဆီးအရေးယူထားကြောင်း အဆိုပါမှတ်တမ်းတွင် ဖော်ပြထားသည်။

ခေတ်မင်း

Leave a Reply