Advertisements

မော်လမြိုင် ဖေဖော်ဝါရီ ၈

မွန်ပြည်နယ်တွင် စည်းကမ်းပျက်ယာဉ်များကို ရက် ၁၀၀ လင်းယုန်စီမံချက်ဖြင့် စစ်ဆေးဆောင်ရွက်လျက်ရှိရာ မော်လမြိုင်မြို့မှာ အရေအတွက်အများဆုံး ဖမ်းဆီးရမိခဲ့ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့မှုခင်းမှတ်တမ်းများအရ သိရသည်။

မော်လမြိုင်တွင် ဖေဖော်ဝါရီ ၁ ရက်မှ ၇ ရက်အတွင်း စည်းကမ်းပျက်ယာဉ် ဖမ်းဆီးရမိမှုမှာ ယာဉ် ၄၄ မှု၊ ထော်လာဂျီ ၂ မှု၊၊ သုံးဘီးဆိုင်ကယ် ၁၃ မှု၊ ဆိုင်ကယ် ၇၀၃ မှု၊ စုစုပေါင်း ၇၆၂ မှု ရှိခဲ့ကြောင်း သိရသည်။

Advertisements
data-language="en"

စီမံချက် စတင်သည့် ဇန်နဝါရီ ၁၅ ရက်မှ ဖေဖော်ဝါရီ ၇ ရက်အတွင်း မော်တော်ယာဉ် ၄၇၃ မှု၊ ထော်လာဂျီ ၁၁ မှု၊ ဘေးတွဲဆိုင်ကယ် ၇၃ မှု၊ သုံးဘီးဆိုင်ကယ် ၁၁၂ မှု၊ ဆိုင်ကယ် ၇,၃၁၆ မှု၊ စုစုပေါင်း ၇,၉၈၅ မှုကို ဖမ်းဆီးအရေးယူထားကြောင်း ပြည်နယ်ရဲတပ်ဖွဲ့မှတ်တမ်းတွင် ဖော်ပြထားသည်။ မော်လမြိုင်မြို့၌ စည်းကမ်းပျက်ယာဉ် ဖမ်းဆီးရမိမှုအများဆုံးဖြစ်ကြောင်း တွေ့ရှိရသည်။

“ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း စစ်ဆေးရေးအဖွဲ့မရှိတော့တဲ့အချိန်မှာ ပြည်သူတွေအနေနဲ့ မိမိရဲ့ အသက်အန္တရာယ်အတွက် အသိရှိရှိနဲ့ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကို လိုက်နာသင့်တာပေါ့” ဟု ယာဉ်ထိန်း ရဲတပ်ဖွဲ့မှ ရဲမှူး ကျော်သူက အကြံပြုသည်။

ခေတ်မင်း

Leave a Reply