Advertisements

မော်လမြိုင် မေ ၂၃

လမိုင်းမြို့နယ်တွင် မေ ၂၂ ရက်နေ့က လေလံမဲ လိမ်လည်မှုနှင့် ပတ်သက်ပြီး အဓိကရုဏ်း သဖွယ်ဖြစ်ပွား ခဲ့ခြင်းကြောင့် မွန်ပြည်နယ်ရဲတပ်ဖွဲ့မှ လုံခြုံရေးအင်အားတိုးမြှင့်ချထားကြောင်း မော်လမြိုင်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးသိန်းထွန်းဦး က ပြောကြားသည်။

“မော်လမြိုင်၊ မုဒုံ၊ သံဖြူဇရပ်မြို့နယ်တွေမှာရှိတဲ့ ရဲတပ်ဖွဲ့ဝင် အင်အားတွေနဲ့ နယ်မြေခံရဲတပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီးတော့ လုံခြုံရေးတိုးမြှင့် တာဝန်ချထားတယ်” ဟု ဒုတိယရဲမှူးကြီး သိန်းထွန်းဦးက ဆိုသည်။

Advertisements
data-language="en"

ယခုအချိန်ထိ လူစုလူဝေးများ ရှိနေသဖြင့် မလိုလားသည့် ပြသနာများ ထပ်မံံ မဖြစ်စေရေးအတွက် လုံခြုံရေးတိုးမြှင့်ချထားခြင်း ဖြစ်ပြီး နစ်နာသူများ အနေနှင့် လေလံမဲဒိုင်ပြုလုပ်ကိုင်သူအား ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားနိုင်စေရန် ဆောင်ရွက်ပေးလျက်ရှိကြောင်း ၎င်း ကဆိုသည်။

 

“လူစုလူဝေးတွေကတော့ ခုထိရှိနေတုန်းပဲ။ ကျွန်တော် ရဲတပ်ဖွဲ့ဝင်တွေကလည်း နေရာအနှံ့လိုက်လံပြီး လုံခြုံရေးယူထားတယ်။ ထပ်ပြီး ဆူပူမှု လုယက်မှုတွေ မဖြစ်ဖို့အတွက်ပါ” ဟု မွန်ပြည်နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိရဲအရာရှိတစ်ဦးက ပြောသည်။

လက်ရှိ စစ်ဆေးတွေ့ရှိချက်အရ လေလံမဲဒိုင်ပြုလုပ်သည့် နေအိမ်တစ်အိမ်၊ မိဘမောင်နှမ နေအိမ် နှစ်လုံး၊ မော်တော်ယာဉ်နှစ်စီး၊ ဆိုင်ကယ်တစ်စီး၊ မီးခံသေတ္တာတစ်လုံးနှင့် ငွေစက္ကူများ ဝင်ရောက်လုယက် ဖျက်ဆီးထားကြောင်း စုံစမ်းသိရှိရသည်။

“ကားတစ်စီးတော့ မီးရှို့ထားတယ်။ တစ်စီးကိုတော့ ထုရိုက်ဖျက်ဆီးပြီး ဆိုင်ကယ်ကို ရေတွင်းထဲ ပစ်ချထားတယ်။ နောက်ပြီး နေအိမ်တွေကို ဝင်ပြီး ရိုက်ခွဲဖျက်ဆီး ပြီး ငွေတွေနဲ့ ပစ္စည်းသယ်ယူနေကြတယ်” အခင်းဖြစ်ပွားသည့် နေရာသို့ ရောက်ရှိမျင်မြင်တွေ့ရှိခဲ့သည့် ပြည်သူ့တစ်ဦးက ပြောသည်။

လမိုင်းနယ်မြေရဲစခန်းတွင် လေလံမဲဒိုင်ပြုလုပ်သူ ကိုဦးနှင့် မိကျဲလာတို့ နှစ်ဦး ရာဇသတ်ကြီး ပုဒ်မ ၄၂၀/ ၄၀၆ အရ အမှုဖွင့် ဖမ်းဆီး စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်း -ခေတ်မင်း ၊ ဓာတ်ပုံ – ကိုဖြိုး

Leave a Reply