လမိုင်းမြို့တွင် ဆူပူအုံကြွမှုများ ထပ်မံဖြစ်ပွားပါက ပစ်မိန့်ပေးမည်ဟုဆို

မော်လမြိုင် မေ ၂၅

လမိုင်းမြို့တွင် လက်ရှိဖြစ်ပေါ်နေသည့် လေလံစုမဲ ဆူပူအုံကြွမှုများ ထပ်မံဖြစ်ပွားပါက ရဲတပ်ဖွဲ့ထံ ပစ်မိန့်ပေးမည်ဖြစ်သည်ဟု မွန်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေထွဋ်ဦးက ပြောကြားခဲ့ကြောင်း အဆိုပါဒေသတွင်လုံခြံုရေး တာဝန်ယူထားသည့် ရဲတပ်ဖွဲ့ဝင်များ ကဆိုသည်။

လူနေအိမ်များ ကိုဝင်ရောက် ဖြိုဖျက်ခြင်း ၊ လုယူခြင်းများ ကို အဓိကရုဏ်းဆန်ဆန် ထပ်မံ ပြုလုပ်မည်ဆိုပါက ဥပဒေကြောင်းအရ ပစ်မိန့်ပေးသွားမည်ဟု ဗိုလ်မှူးကြီး နေထွဋ်ဦးက ပြောဆိုခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ ရဲတပ်ဝင်များကပြောသည်။

အဆိုပါ လေလံစုမဲကိစ္စနှင့် ပတ်သက်၍ မွန်ပြည်နယ် လွှတ်တော်ဒုဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦး၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိ ဌာနဆိုင်ရာအဖွဲ့အစည်းများမှ ဒေသခံပြည်သူလူထုများ သွားရောက်ဖြေရှင်း ညှိနှိုင်းခဲ့သော်လည်း ယနေ့အထိပြေလည်မှု မရသေးပေ။

မေ၂၅ ရက်နေ့ အထိ ပြေလည်မရရှိဘဲ လူစုဝေးများ ရှိနေမှုကြောင့် မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးဝန်ကြီး ဗိုလ်မှူးကြီး နေထွဋ်ဦးက သွားရောက်၍ လုံခြံုရေးရဲတပ်ဖွဲ့ဝင်းများကို အမိန့်ပေးညွှန်ကြား မှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

လက်ရှိအချိန်တွင် လေလံစုမဲငွေကြေးများ ပြန်လည်ရရှိရေးအတွက် နစ်နာသူ ဒေသခံပြည်သူများမှ လမိုင်းနယ် မြေရဲစခန်း၌ လေလံစုမဲဒိုင် ပြုလုပ်သူ မခိုင်ယဉ်မွန် (ခ) မိကျဲလာ နှင့် ၎င်းခင်ပွန်းဖြစ်သူ ကိုတင်ဇော်ဦး (ခ) ကိုဦးတ်ို့နှစ်ဦးကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၄၂၀/ ၄၀၆ အရ ၂၆ မှု၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဂ) အရ ၁မှု ကို တိုင်ကြား အမှုဖွင့်ထားကြောင်း ရေးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ခင်ညိုက ပြောဆ်ုသည်။

ခေတ်မင်း

Leave a Reply