Advertisements
မြို့အတွင်း အမှိုက်သိမ်းနေသော စည်ပင်လုပ်ငန်းခွင်တစ်ခု။

မော်လမြိုင် နိုဝင်ဘာ

လမ်းကျဉ်းသော မြို့နယ်များတွင် အသုံးပြုနိုင်ရန်အတွက် အမှိုက်သိမ်းကား အသေး ၆စီးကို ရန်ကုန်မှ ထပ်မံမှာယူထားကြောင်း မွန်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့မှ ဒုတိယအင်ဂျင်နီယာမှူးကြီး၊ ဦးတင်ကိုကိုက ပြောကြားသည်။

အဆိုပါ အမှိုက်သိမ်းကား အသေးများသည် ဆူဇူးကီးအမျိုးအစား ဖြစ်ပြီး ပြည်နယ်အစိုးရဘတ်ဂျက်ဖြင့် တစ်စီးကို သိန်း ၁၄ဝကျပ်ဖြင့် ဝယ်ယူသွားမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

“အမှိုက်သိမ်းကား အသေးလေးတွေကို ရန်ကုန်က ဆူဇူးကီးကုမ္ပဏီကနေမှာယူထားတယ်၊ လမ်းကျဉ်းတဲ့ နေရာတွေမှာလည်း ဒီကားလေးတွေက သွားရတာအဆင်ပြေတယ်၊ အခုမှာထားတဲ့ ကား၆စီးကို လမ်းကျဉ်းတဲ့ မြို့နယ်တွေမှာ သုံးဖို့တော့ စီစဉ်ထားတယ်”ဟု ၎င်းက ပြောသည်။

ရန်ကုန်မှ ဝယ်ယူထားသော ကားများရောက်ရှိပါက အစိုးရအဖွဲ့အစည်းတွင်  အဓိက လိုအပ်နေသည့် မြို့နယ်များကို ချပေးနိုင်ရန်အတွက် ဆွေးနွေးညှိနှိုင်းကာ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဆက်လက်ပြောသည်။

အမှိုက်သိမ်းကားကြီးများ အဝင်အထွက် သွားလာရခက်ခဲသော၊ လမ်းကျဉ်းသော မြို့နယ်များဖြစ်သည့် ကျိုက်မရောနှင့် ချောင်းဆုံမြို့နယ်တို့ကို အဓိက ဦးစားပေးအနေဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ထပ်မံပြောသည်။

မြို့နယ်အသီးသီးတွင် အမှိုက်သိမ်းကားအသေးများ ချပေးရာ၌ ဝန်ထမ်းအခက်အခဲလည်း ရှိနေပြီး ကားအသေးအတွက် ယာဉ်မောင်းဝန်ထမ်း တစ်ဦး နှင့် ယာဉ်နောက်လိုက်ဝန်ထမ်းတစ်ဦး ထပ်မံ ခန့်အပ်ပေးသွားမည်ဟု ဦးတင်ကိုကိုက ဆိုသည်။

ပြည်နယ်တွင် ယမန်နှစ်က အိန္ဒိယနိုင်ငံမှ Tata အမျိုးအစား အမှိုက်သိမ်းကား အသေး ၁၅စီးကို ဝယ်ယူခဲ့ကာ သံဖြူဇရပ်နှင့် ရေးမြို့နယ်တို့တွင် အမှိုက်ကား ၁စီးဆီ ပေးဆောင်ခဲ့ပြီး ကျန်သည့် ရှစ်မြို့နယ်၌ ၂စီးဆီ ပေးဆောင်ခဲ့ကြောင်း ဆက်လက်ပြောသည်။

မွန်ပြည်နယ်တွင် ၂နှစ်အတွင်း စည်ပင်သာယာရေးဦးစီးဌာနမှ ဝယ်ယူထားသော အမှိုက်သိမ်းကား အစီးရေ ၆ဝကျော် ရှိပြီး မော်လမြိုင်မြို့နယ်တွင် အမှိုက်သိမ်းကား အစီး၃ဝ ရှိပြီဖြစ်ကြောင်း ပြည်နယ်စည်ပင်သာယာရေးဦးစီးဌာနမှ သိရသည်။

ထိုက်ထိုက်

Leave a Reply