တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အများပြည်သူများနှင့် ယာဉ်များသွားလာနေသော လမ်းများ၊ အန္တရာယ်ကွေ့များ တွင် ဈေးဆိုင်များ၊ အဆောက်အဦးများနှင့် အပင်တို့ရှိပါက နေရာအတိအကျဖြင့် အကြောင်းကြားလာလျှင် ဥပဒေ ပြဌာန်းချက်များနှင့်အညီ စိစစ်ဆောင်ရွက်ပေးသွားမည်ဟု ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြောသည်။copy

“ဆောင်ရွက်စရာနေရာရှိရင် လည်း နေရာအတိအကျကိုဖော်ပြပြီး သက်ဆိုင်ရာပြည်နယ် တိုင်းဒေသကြီး အစိုး ရများကို အကြောင်းကြားလာပါကလည်း ဥပဒေပြဌာန်းချက်များနဲ့ အညီ စိစစ်ဆောင်ရွက်ပေးသွားနိုင်မည်ဖြစ် ကြောင်း ပေါင်းစပ်ညှိနှိုင်းဖြေကြားချက်များအရ ဖြေကြားအပ်ပါတယ်” ဟု ၄င်းက ပြည်သူ့လွှတ်တော် အစည်းအ ဝေးတွင် ဖြေကြားသည်။

အများပြည်သူနှင့်ယာဉ်များသွားလာနေသည့် လမ်းများပေါ်ရှိယာဉ်မတော်တဆမှုနှင့် ယာဉ်တိုက်မှုများ ဖြစ်ပေါ် နိုင်သော အန္တရာယ်ကွေ့များတွင် လမ်းနှင့်ယာဉ်များအား ကွယ်နေသည့် အဆောက်အဦး နှင့်ဈေးဆိုင်များ၊ အပင်များကို ဖယ်ရှားဖို့ အစီအစဉ်ရှိ မရှိနှင့် စပ်လျဉ်းသည့်မေးခွန်းကို လေးမျက်နာမဲဆန္ဒနယ် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးဇော်မင်းသိန်း၏ မေးခွန်းအား ဒု-ဝန်ကြီးက အထက်ပါအတိုင်း ဖြေကြားသည်။

ယင်းသို့ဖယ်ရှားရာတွင် မြို့နယ်စည်ပင်သာယာရေးကော်မတီများမှ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ပြဌာန်းထားသည့် စည်ပင်သာယာရေး ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ် ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ရှင်းပြသည်။

“ယာဉ်အန္တရာယ်ကိုကြည့်လိုက်မယ်ဆိုရင် လူကြောင့် မဆင်မချင်မောင်းလို့ဖြစ်တယ်၊ စက်ယန္တယားကြောင့် ဖြစ်တယ်၊ နောက်တစ်ခါ လမ်းအခြေအနေ ကြောင့် ယာဉ်တိုက်မှုတွေ ဖြစ်တယ်၊ လမ်းကြောင့် ယာဉ်တိုက်မှု ဖြစ်တာကတော့ ဝန်ကြီးဌာနမှာ တာဝန်ရှိပါ တယ်၊ အရှိန်နဲ့သွားနေပြီးတော့မှ ရုတ်တရက်တွေ့လိုက်ရတဲ့ အနေ အထားဟာ အင်မတန်မှ ယာဉ်တိုက်မှုကို ဖြစ်စေနိုင်ပါတယ်” ဟု မေးခွန်းရှင် ဦးဇော်မင်းသိန်းက သုံးသပ် ပြောဆိုသည်။

ရန်ကုန်-ပုသိမ် ပြည်ထောင်စုလမ်းမကြီးသည် မိုင်ပေါင်း ၁၁၀ ကျော်ရှိပြီး၊ မိုင်တစ်ရာကျော်တွင် အကွေ့ပေါင်း တစ်ရာကျော်ရှိကာ တစ်မိုင်လျှင် အကွေ့တစ်ကွေ့နှုန်းဖြင့် ယာဉ်များ သွားလာနေရခြင်းကြောင့်၊ တစ်မိနစ်နဲ့ နှစ်မိနစ်ကြား ယာဉ်တိုင်းအကွေ့များ ဖြတ်သန်းရသည့်အတွက် ယာဉ်အန္တရာယ် ဖြစ်ပွားနိုင်ခြေများကြောင်း လည်း ၄င်းက ထောက်ပြသည်။

Leave a Reply