Advertisements

ထားဝယ်၊ မေ ၂၈

ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက်တွင် ဗိုလ်ချုပ်လမ်းအပေါ်ရှိ သံတံတားကြီးမှ မီးသုံးလုံးလမ်းဆုံအထိ လမ်းမအား လာမည့် ၂၀၁၉- ၂၀၂၀ ဘဏ္ဍာရေး နှစ်တွင်ချဲ့မည်ဟု လျာထား၍ ယခုအချိန်ကတည်းက ယင်းလမ်းအတွင်း ကျူးကျော်များကို စရှင်းနေပြီဖြစ်ကြောင်း ထားဝယ်မြို့နယ်စည်ပင်သာယာရေး ကော်မတီထံမှ သိရ သည်။

“လမ်းအရင်ချဲ့မယ်ဆိုတဲ့အတွက်ကြောင့် ဒီလမ်းအတွင်းကျူးကျော်များကို စရှင်းနေပြီ မရရင် တရားစွဲမယ်”ဟု ယင်းကော်မတီ၊ အတွင်းရေးမှူး ဦးအောင်ကျော်မျိုးက ဆိုသည်။

ယင်းလမ်းတွင် လမ်းအပေါ်၌ စီးပွားရေးလုပ်ကိုင်သူ အစစများနေခြင်းကြောင့် ကျူးကျော်သူများအား ဖျက်ခိုင်းထားကြောင်း ၎င်းက ပြောသည်။

အဆိုပါလမ်း၌ ယခုအချိန်တွင် တစ်လမ်းမောင်းစနစ်ဖြင့် သာသွားလို့ရသည့် သံတံတားကြီးကို အလျား ပေ ၈၀၊ အနံ ၃၀ပေ တည်ဆောက်သွားမည်ဟု ယင်းကော်မတီ ထံမှ သိရသည်။

ထို့ အတူ လာမည့်ဘဏ္ဍာနှစ်တွင် ရွှေတောင်စားလမ်းအပေါ်ရှိ ကရင်ပြင်လမ်းဆုံမှ ဇေယျဝတီလမ်းဆုံအထိ လမ်းမအား ၃ပေစီချဲ့မည်ဖြစ်ပြီး တစ်လမ်းမောင်းသာသွားလို့ရသော မလိငပိဆိုင်အနီးရှိ တံတားအား အလျား ၁၀ပေ၊အကျယ် ၂၀ပေဖြစ်အောင်ချဲ့သွားမည်ဖြစ်ကြောင်း၊ ဂန့်ဂေါ်ပန်ဇင်လမ်းဆုံမှ ဆန်းချီ လမ်းဆုံအထိ ကျဉ်းနေသော ဆန်းချီရွာအတွင်းလမ်းကိုလည်း ချဲ့ရသလောက် စတုရန်းပေ ၂၅၀၀၀အား ချဲ့သွားမည်ဟု သိရသည်။

အဆိုပါလမ်းများအပေါ်ရှိ သံတံတားကြီးနှင့် မလိငပိဆိုင်အနီးရှိ တံတားများမျာကျဉ်း၍ နေ့ကြီးရက်ကြီးများ၊ ဘုရားကြီးမှ ဘာသာရေးပွဲတော်ကျင်းပသည့် ရက်များတွင် ယာဉ်သွားလာများပြားလေ့ရှိ၍ လမ်းပိတ်ဆို့ လေ့ရှိသည်ဟု ဒေသခံများက ပြောသည်။

ယင်း လမ်း ၃လမ်းချဲ့ရန်နှင့် တံတား ၂ခုအားချဲ့ရန်/အသစ်တည်ဆောက်ရန်အတွက် ဘဏ္ဍာငွေကျပ်သိန်း ၃၃၀၀ခန့်သုံးစွဲရန် ထားဝယ်မြို့နယ်စည်ပင် သာယာရေးအဖွဲ့က လျာထားသည်။

ထားဝယ်မြို့တွင် အာဇာနည်လမ်း၊ ဗိုလ်ချုပ်လမ်း၊ ထားဝယ်- ရေးလမ်းတို့မှာ အဓိက လမ်းမကြီး ၃ခုရှိသည်အနက် အဆိုပါလမ်းနှင့် တံတားများမှာ ယင်းလမ်းများနှင့် ချိတ်ဆက်နေသော လူနှင့်ယာဉ်သွားလာများသော လမ်းများဖြစ်သည်။

တင့်လွင်

Advertisements
<

Leave a Reply