Advertisements

မော်လမြိုင် ဇန်နဝါရီ ၂၉

ဘီးလင်းမြို့နယ် ဝင်းပြန်ကျေးရွာအနီးတွင် လမ်းဖြတ်ကူးနေသူတစ်ဦး ကားတိုက်ခံရပြီး သေဆုံးမှုဖြစ်စဉ် ဇန်နဝါရီ ၂၆ ရက် ည ၇ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း မွန်ပြည်နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။

ရန်ကုန်- မော်လမြိုင် လမ်းမကြီးအတိုင်း ဘီးလင်းမှ ကျိုက်ထိုဘက်သို့ ယာဉ်မောင်း ကိုသန်းအောင် မောင်းနှင်လာသည့် HYUNDAI အမျိုးအစား ယာဉ်မှာ မိုင်တိုင်အမှတ် ၁၂၁/ ၄ အနီးတွင် လမ်းဖြတ်ကူးသူ ကိုဝင်းလတ် (၂၄ နှစ် ၊ ဝင်းပြန်ကျေးရွာနေ)ကို ဝင်တိုက်မိခြင်းဖြစ်ကြောင်း၊ ဖြစ်စဉ်ကြောင့် ကိုဝင်းလတ်ဆိုသူမှာ ဒဏ်ရာများရရှိကာ နေရာတင် သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

Advertisements
data-language="en"

သို့ဖြစ်၍ ယာဉ်မောင်း ကိုသန်းအောင် (၃၇ နှစ် ၊ ဘီးလင်းမြို့နယ် အလူးကျေးရွာနေသူ)ကို ဘီးလင်းမြို့မရဲစခန်းတွင် ယာဉ် (ပ) ၅/ ၂၀၁၉၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၄ (က) အရ အမှုဖွင့်အရေးယူထားသည်။

ခေတ်မင်း

Leave a Reply