မော်လမြိုင်မြို့အတွင်းရှိလမ်းဘေးအမှိုက်ပစ်သူများကိုစည်ပင်သာယာဥပဒေအရအရေယူရန် စီစဉ်နေကြောင်းမော်လမြိုင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။

si pin

အမှိုက်နှင့် စွန့်ပစ်အညစ်ကြေးများကိုလမ်းမြေနှင့် စွန့်ပစ်နေရာမဟုတ်သည့် နေရာများတွင် လာရောက်စွန့်ပစ်သူများကိုမွန်ပြည်နယ်စည်ပင်ယာအရေးဖွဲ့၏ ညွန်ကြားချက်အတိုင်းအရေးယူမည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

“ကျွန်မတို့ကလောလောဆယ်မှာဥပဒေအရအရေးယူရန် စီစဉ်နေတယ်၊ အမှိုက်ပစ်တဲ့သူတွေကိုဒဏ်ရိုက်သွားမယ်”ဟု ၎င်းက ပြောဆိုသည်။

လမ်းဘေးအမှိုက်ပစ်သူများကိုမွန်ပြည်နယ် စည်ပင်သာယာရေးဥပဒေပုဒ်မ ၆၅ (ဃ) ၏ ဥပဒေပြဋ္ဌာန်းချက်အရဒဏ်ငွေ ကျပ်တစ်သောင်းမှ ကျပ်နှစ်သိန်းအထိချမှတ်သွားမည်ဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြားသည်။

လက်ရှိတွင် မော်လမြိုင်မြို့နယ် လှိုင်ရပ်ကွက် ဈေးအနီးရှိ လမ်းဘေးအမှိုက်ပုံကိုဇူလိုင် ၁ ရက်နေ့မှ စတင်၍မော်တော်ယာဉ် နှစ်းစီးဖြင့် သွားရောက်ရှင်းလင်းပေးလျက်ရှိကြောင်း ၎င်းက ပြောကြားသည်။

ထိုသို့ရှင်းလင်းထားသောလှိုင်ရပ်ကွက်ရှိအမှိုက်များကိုမော်လမြိုင်မြို့ရှိခြောက်မိုင်ကျေးရွာအမှိုက်ပုံတွင် သွားရောက်စွန့်ပစ်မည်ဖြစ်ပြီးလက်ရှိအမှိုက်သိမ်းယာဉ်များလမ်းကြောင်းမရောက်သည့် နေရာများကိုလည်းအမှိုက်ယာဉ်များသွားရောက်နိုင်အောင် စီစဉ်ဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

မော်လမြိုင်စည်ပင်သာယာရေးအဖွဲ့သည်လက်ရှိတွင် စည်ပင်သာယာနယ်နိမိတ်များရှိ ကျူးကျော်ဈေးဆိုင်ခန်းများကိုအရေးယူလျက်ရှိကြောင်းအဆိုပါ စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။

Leave a Reply