Advertisements

မော်လမြိုင်၊ အောက်တိုဘာ

ယခုနှစ် ပွင်းလင်းရာသီတွင် မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ယူ ဆောင်ရွက်မည့် လမ်းလုပ်ငန်းများ အားလုံးအတွက် ကျပ်သန်း ၇၃၀၀ ကျော် သုံးစွဲ သွားမည်ဖြစ်ကြောင်း မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးမြင့်အောင်က ပြောသည်။

“ဒီနှစ်ထဲမှာဆို လမ်းတွေအားလုံးအတွက် ငွေလုံးငွေရင်း အသုံးစရိတ်အနေနဲ့ ခုနှစ် ဘီလီယံကျော် သုံးစွဲသွားမယ်၊ လုပ်ငန်းတွေကို ပွင့်လင်းရာသီရောက်တာ စသွားမယ်”ဟု ၎င်းက ဆိုသည်။

လမ်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကွန်ကရစ်လမ်း အပါအဝင် နိုင်လွန်ကတ္တရာခင်းခြင်း၊ ကတ္တရာထပ်ပိုလွှာ ခင်းခြင်း လုပ်ငန်းများလည်း ပါဝင်မည်ဖြစ်ပြီး၊ အဆိုပါ လုပ်ငန်းများကို ၂၀၁၈ ခုနှစ် မတ်လမတိုင်ခင် အပြီးဆောင်ရွက် သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

မြို့နယ်အလိုက် လုပ်ဆောင်မည့် ဘတ်ဂျက်အရ မော်လမြိုင်တွင် ကျပ်သန်း ၃၀၄၂၊ သထုံတွင် သန်း ၅၇၁ ၊ မုဒုံတွင် သန်း ၅၈၄ ၊ ကျိုက်ထိုတွင် သန်း ၇၀၆ ၊ သံဖြူဇရပ်တွင် သန်း ၈၂၇၊ ရေးတွင် သန်း ၃၇၈၊ ကျိုက်မရောတွင် သန်း ၂၃၈ ၊ ချောင်းဆုံ တွင် သန်း ၁၆၇ ၊ ပေါင်တွင် သန်း၂၈၅ ၊ ဘီလင်းတွင် သန်း ၄၃၈၊ လမိုင်းတွင် သန်း ၁၂၆ တို့ကို သုံးစွဲ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦးမြင့်အောင်က ပြောသည်။

လမ်းလုပ်ငန်းများကို ဘတ်ဂျက်နှစ်အလိုက် ဆောင်ရွက်ရသည့်အတွက် တစ်နှစ်ထက်တစ် ပိုမို လုပ်ဆောင်နိုင်မည်ဖြစ်ပြီး၊ မြို့ပေါ်လမ်းများကို နိုင်လွန်ကတ္တရားနှင့် ကတ္တရာထပ်ပိုလွှာခင်းကျင်းမှုများကို အဓိကထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

“မြို့ပေါ် လမ်းတွေကို နိုင်လွန်ကတ္တရာ ခင်းတာတော့ ကောင်းပါတယ်၊ ဒါပေမဲ့ ရပ်ကွက်တွေထဲ လမ်းတွေကိုလည်း ဖြစ်နိုင်ရင်တော့ ကွန်ကရစ်လမ်းတွေ ခင်းပေးစေချင်တယ်”ဟု မော်လမြိုင်မြို့နေ ဦးအောင်ဝင်းက ဆိုသည်။

Written by – ဇော်ထိုက်

Advertisements
<

Leave a Reply