Advertisements

လယ်ကွင်းထဲ မီးလောင်နေသည်ကို တစ်ဦးတည်းငြှိမ်းသတ်ရင်း အသက်၈၀ကျော် အဖိုးအို သေဆုံး

ပေါင်၊ မတ် ၁
ပေါင်မြို့နယ်၊ အလှပ်ကျေးရွာ အရှေ့ဘက် (၁)မိုင်ခွဲခန့်ရှိ ကွင်းအမှတ်၈၄၄ တွင် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ည ၆ နာရီ ၃၀ မိနစ်ခန့်က လယ်ကွင်းအတွင်း မီးလောင်နေမှုကို အသက် ၈၂ နှစ်အရွယ် အဖိုးအိုတစ်ဦးတည်း မီးငြှိမ်းသတ်ခဲ့ရာမှ မီးလောင်သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း ပေါင်မြို့နယ်ရဲတပ်ဖွဲ့မှ သိရသည်။

အလှပ်ကျေးရွာနေ ဦးမောင်စိန်မှာ ၎င်းပိုင်လယ်ကွက်အတွင်းရှိ ရိုးပြတ်များအား မီးရှို့ခဲ့ရာမှ တစ်ရွာတည်းနေ လယ်နီးချင်း ဦးသိန်းမြင့်၏ လယ်ကွက်အတွင်း စုပုံထားသော ကောက်ရိုးပုံအား မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်း ၊အဆိုပါမီးကို တစ်ဦးတည်း ငြှိမ်းသတ်ခဲ့ရာ ၎င်း၏ ခန္ဓာကိုယ်ဘယ်ဘက်ခြမ်းနှင့် နောက်ကျောတို့တွင် မီးလောင်ဒဏ်ရာများ ရရှိ သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ သေဆုံးသူ ဦးမောင်စိန်ကို ပေါင်မြို့မရဲစခန်းမှ (ပ) ၅၅/ ၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၂၈၅ အရ အမှုဖွင့်ထားကြောင်း ရဲမှတ်တမ်းအရ သိရသည်။

Written by ခေတ်မင်း

Advertisements
<

Leave a Reply