Advertisements

မော်လမြိုင်၊ ဇူလိုင်

မွန်ပြည်နယ်အတွင်းရှိ တောင်သူလယ်သမားများ လယ်ယာသုံး စက်ကိရိယာများ ဝယ်ယူနိုင် စက်ပစ္စည်း ၁၅ မျိုးအတွက် ကျပ်သိန်း ၄၅၀၀ ကျော်ကို ထုတ်ချေးပေးခဲ့သည်။

ထိုချေးငွေကို မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) အထောက်အပံ့ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး နှစ်ဆင့်ချေးငွေ (Two Step Loan) ချေးငွေမှ ထုတ်ချေးပေးခဲ့ခြင်း ဖြစ်သည်။

Advertisements
data-language="en"

ချေးငွေ ထုတ်ပေးခြင်းနှင့် တောင်သူထံ လယ်ယာသုံး စက်ပစ္စည်းများ အပ်နှံခြင်း အခမ်းအနားကိုလည်း ဇူလိုင် ၁၆ ရက်က မော်လမြိုင်မြို့နယ် ပြည်နယ်ခန်းမတွင် ပြုလုပ်ခဲ့သည်။

“မိမိကြိုက်တဲ့စက်ကိရိယာကို ကုမ္ဗဏီမှာသွားပြီးလိုက်ကြည့် ရွေးချယ်ပြီးရင် ဒီစက်ဝယ်ချင်ရင် ကျွန်တော်တို့ဘဏ်နဲ့ဆက်သွယ်လာရင် အချက်အလက်တွေနဲ့ပြည့်စုံတာ စစ်ဆေးလို့ကိုက်ညီတယ်ဆိုခဲ့ရင် ဒီချေးငွေအစီစဉ်ရမယ်”ဟု မြန်မာလယ်ယာဖွံ့ဖြိုးရေးဘဏ် ဦးဆောင်ညွန်ကြားရေးမှုုး ဦးမင်းသူက ပြောသည်။

နှစ်ဆင့်ချေးငွေ ထုတ်ပေးရာတွင် တောင်သူတစ်ဦးချင်းကို သိန်းငါးရာအထိချေးပေးပြီး တန်ဖိုးနည်းသည့်စက်ကိရိယာများကို သုံးနှစ်(နှစ်တို ချေးငွေ)ဖြင့်လည်းကောင်း၊ တန်ဖိုးပမာဏကြီးသည့်စက်များကိုမူ ငါးနှစ်( နှစ်ရှည်ချေးငွေ) ဖြင့်လည်းကောင်း ထုတ်ချေးပေးလျက်ရှိကြောင်း ၎င်းက ပြောဆိုသည်။

ထို့အပြင် အစုအဖွဲ့ချေးချင်လျှင်လည်း ကျပ်သိန်းငါးထောင်အထိ ထုတ်ချေးပေးလျက်ရှိပြီး၊ အတိုးနှုန်းမှာ ရှစ် ရာခိုင်နှုန်းဖြင်ကြောင်း ၎င်းက ပြောသည်။

“သူငယ်ချင်းတစ်ယောက်စီကနေပြီး JICA ပရောဂျက်မှာ ယူလို့ရတယ် စုံစမ်းပြီး ယူဖြစ်တာပါ သွင်းရတာက ၃၀ ရာခိုင်နှုန်း ကျန်တာ ၅နှစ်အရစ်ကျပေါ့” ဟု မုဒုံမြို့မှ တောင်သူ ကိုဉာဏ်ထွန်းက ဆိုသည်။

ယခုအခါ ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၁ ခုမှ တောင်သူပေါင်း ၇၀၀ ကျော်ကို ကျပ်သန်းပေါင်း ၂၈၀၀၀ ကျော် ထုတ်ချေးပေးထားပြီး၊ မွန်ပြည်နယ်တွင်မူ တောင်သူ ၁၅ ဦး ယင်းချေးငွေယူ၍ စက်ပစ္စည်း ဝယ်ယူထားသည်။

Written by ဂေထော

Leave a Reply