Advertisements

ချောင်းဆုံ မေ

ဘီလူးကျွန်း ချောင်းဆုံမြို့နယ် ကညှော်ကျေးရွာပိုင် ကွင်းအမှတ် ၆၃၄ အေရှိဘက်စုံအဆင့်မြင့်နည်း ပညာသုံးစံပြကျေးရွာစိုက်ကွက် လယ်ဧက ၃၀၀ အနက် လယ်ဧက ၈၀ ကိုမျိုးစေ့ထုတ်စိုက်ခင်းပြုလုပ်နိုင်ရန်အ တွက်မျိုးစပါးအခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနကတစ်ဆင့် သိရသည်။

“ဒေသခံတွေလည်း နှစ်သက်စိုက်ပျိုးနေတဲ့ မျိုးစပါးဖြစ်တယ် ၊ သက်တမ်း ၁၄၅ ရက်ဖြစ်တယ် ။ ပေါ်ဆန်းယဉ်မျိုး ကောင်းမျိုးသန့် မျိုးစပါးတွေကို ဒေသမှာပြန်လည်ဖြန့်ဝေပေးနိုင်ဖို့ မျိုးစေ့ထုတ်စိုက်ခင်းဧက ၈၀အတွက် တစ်ဧကကိုတစ်တင်းနှုန်းနဲ့ အခမဲ့ဖြန့်ဝေပေးခဲ့တယ်”ဟု မြို့နယ်စိုက်ပျိုးရေးဌာန ကျေးရွာတာဝန်ခံ ဒေါ်မိုဝါက ဆိုသည်။

ယခုရက်များအတွင်း ဒေသခံလယ်သမားများ မိုးစပါးစိုက်ပျိုးနိုင်ရန်ပျိုးထောင်ချိန်ဖြစ်၍ အချိန်မှီပျိုးထောင်နိုင် ရန်ယင်းစိုက်ခင်းအတွက်လယ်သမားများအား ဝေငှပေးပြီးဖြစ်ကြောင်း ၎င်းကဆက်လက်ပြောသည်။

“ဌာနက ဖြန့်ဝေပေးတဲ့ ပေါ်ဆန်းယဉ်မျိုးစပါးက ဆန်စပါးအရည်အသွေးကောင်းတဲ့အတွက် ဒေသမှာဈေးကောင်း ရနေတဲ့ စပါးမျိုးလည်းဖြစ်တယ် ။ သက်လတ်စပါးဖြစ်တဲ့အတွက် မိုးပြတ်စောတာတို့ ၊ မိုးကုန်နောက်ကျတာတို့အ တွက်လည်းတအားကြီးမစိုးရိမ်ရဘူး။ ဒေသခံတွေနဲ့လည်းမစိမ်းတဲ့မျိုးစပါးတွေဖြစ်တယ်”ဟု ဒေသခံလယ်သမား ဦးနိုင်ဝင်းကဆိုသည်။

လက်ရှိ စပါးပေါက်ဈေးမှာ ဒေသအချိန်အတွယ်များဖြင့် ဆန်ကြမ်းအုပ်စု တင်း၁၀၀ လျှင်ကျပ် ၆ သိန်းဝန်းကျင် ၊ ဆန်ချောအုပ်စု တင်း၁၀၀ လျှင်ကျပ် ၁၂ သိန်းဝန်းကျင်ဈေးနှုန်းများရှိပြီး စပါးပေါ်ချိန်ဈေးနှုန်းနှင့်နှိုင်းယှဉ်လျှင် တင်း ၁၀၀ လျှင်ကျပ် ၁ သိန်းကျော် ၂ သိန်းနီးပါးဈေးနှုန်းနိမ့်ကျနေကြောင်းဒေသခံစပါးရောင်းဝယ်သူများက သိရသည်။

လွတ်လပ်မောင်(ယက္ခမြေ)

Leave a Reply