Advertisements

မော်လမြိုင်၊ စက်တင်ဘာ

မွန်ပြည်နယ်ရှိသက်ဆိုင်ရာမြို့နယ်များတွင်ရှိသောလူဝင်မှုကြီးကြပ်ရေးဦးစီးဌာနရုံးများတွင် ထားရှိသော သတင်းအချက်အအလက် ကောင်တာ (Information Center) များကိုပြည်သူများအနေဖြင့် ငွေကြေးတစ်စုံတစ်ရာမပေးကြဖို့ လိုအပ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဦးထွန်းမင်းအောင်က ပြောကြားသည်။

စက်တင်ဘာ ၁၉ ရက်နေ့ကကျင်းပခဲ့သည့် ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် ၁၄ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် မုဒုံမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်    ဒေါ်မြသင်္ဂီမော်၏ Information Center အပေါ်မည်မျှယုံကြည်ရမည့်ဆက်စပ်မေးခွန်းအပေါ် ဦးထွန်းမင်းအောင်က ဖြေကြားခဲ့ခြင်း ဖြစ်သည်။

Advertisements
data-language="en"

“လာရောက်မေးမြန်းတဲ့ ပြည်သူလူထုပေါ့လေ။ ဒီမိုကရေစီစနစ်မှာ ပွင့်လင်းမြင်သာမှုရှိခြင်း တာဝန်ယူ တာဝန်ခံမှုမရှိခြင်းက အစိုးရရော ဝန်ထမ်းရော ပြည်သူရောပါတယ် ဒီမိုကရေစီစနစ်သွားလို့ရှိရင်။တကယ်လို့သူတို့(Information Center )ကပိုက်ဆံတောင်းရင် ကိုယ်စားလှယ်တွေဆီကနေ တစ်ဆင့် ကျွန်တော့်ဆီကို အကြောင်းကြားလို့ ရပါတယ်” ဟု ၎င်းကဆိုသည်။

ယင်းအပြင် ပွဲစားမထားရှိစေရေးနှင့် ပြည်သူများအပေါ်ကောင်းမွန်အောင်ဆက်ဆံရေးတို့ကို ညွှန်ကြားထားပြီး လိုက်နာမှုမရှိသည့် ဝန်ထမ်းများကိုနိုင်ငံ့ဝန်ထမ်း စည်းမျဉ်းစည်းကမ်းများနှင့်အညီ အရေးယူသွားမည်ဟုလည်း ဦးထွန်းမင်းအောင်က ဆိုသည်။

ဦးထွန်းမင်းအောင်သည် ပေါင်မြို့နယ် မဲဆန္ဒနယ်မြေ အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ဖြစ်ပြီး၂၀၁၉ ခုနှစ် ဇူလိုင်လမှ စတင်တာ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ် ဝန်ကြီးအဖြစ် တာဝန်ယူခဲ့ခြင်းဖြစ်သည်။

ရန်လင်းအောင်

Leave a Reply