Advertisements

မော်လမြိုင် မတ် ၃

မွန်ပြည်နယ် ရေးမြို့နယ်တွင် ၂ဝ၁၉-၂၀၂ဝ ဘဏ္ဍာနှစ်အတွင်း အေခြေခံပညာမူလတန်း(လွန်) ကျောင်း တစ်ဆောင် နှင့် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) တစ်ဆောင် ဆောက်လုပ်သွားရန်အတွက် ငွေလုံငွေရင်း ရန်ပုံငွေ လျာထား တင်ပြထားပြီးဖြစ်ကြောင်း မွန်ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်းက ပြောကြားသည်။

“အခြေခံကျောင်းနှစ်ကျောင်းရဲ့ ယာယီကျောင်းဆောင်များကို ဖျက်သိမ်းကာ တစ်ထပ်ဆောင် ဆောက်လုပ်ပေးရန်အတွက် ၂ဝ၁၉-၂၀၂ဝဘဏ္ဍာနှစ် ငွေလုံးငွေရင်း ရန်ပုံငွေမှာ လျာထား တင်ပြပြီးသားဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။

Advertisements
data-language="en"

ရေးမြို့နယ်၊ ကွမ်ဒူးကျေးရွာတွင် ယာယီဆောက်လုပ်ထားသော အခြေခံပညာမူလတန်း(လွန်)ကျောင်းမှာ ကျောင်း၏ အင်္ဂါရပ်နှင့် မညီသောကြောင့် ဖျက်သိမ်းကာ ပေ ၉ဝ×ပေ ၃ဝ Streel Structure တစ်ထပ်ကျောင်းဆောင် (၁) ဆောင်ကို ဆောက်လုပ်ရန် လာမည့်ဘဏ္ဍာနှစ်တွင် ထည့်သွင်းတင်ပြထားပြီဖြစ်ကြောင်း၊ အလားတူ အပလွိုင်ကြီးကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင်လည်း ယာယီကျောင်းဆောင်အား ဖျက်သိမ်းကာ ပေ ၉ဝxပေ၃ဝ Streel Structure တစ်ထပ်ကျောင်းဆောင် (၁)ဆောင်ကို ဆောက်လုပ်ရန်အတွက် လာမည့်ဘဏ္ဍာနှစ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်နိုင်ရန် လျာထား တင်ပြပြီးဖြစ်ကြောင်း ဆက်လက်ပြောသည်။

အခြေခံပညာမူလတန်း(လွန်)ကျောင်း၏ ကျောင်းဆောင်ဟောင်းသည် လွန်စွာ ယိုယွင်းပျက်စီးလျက်ရှိ နေသောကြောင့် ပြန်လည်ပြင်ဆင်စေလိုကြောင်း ရေးမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမင်းစိုးလင်းက ပြောကြားသည်။

“မူလတန်းလွန်ကျောင်းရဲ့ ယာယီကျောင်းဆောင်က အလွန်ကို ပျက်စီးယိုယွင်းနေပြီဖြစ်နေတဲ့အတွက် ကျောင်းဆေင်ဟောင်းကို ဖျက်ပြီး အသစ်ဆောက်လုပ်ပေးရန်နဲ့ အခြေခံအထက်တန်းကျောင်းကိုလည်း အသစ်ပြန်လည် ဆောက်လုပ်ပေးဖို့အတွက်ပါ”ဟု ၎င်းက ပြောသည်။

အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် စာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူူ စုစုပေါင်း ၁၂၁ဦး ရှိသည့်အတွက် စာသင်ခန်း လိုအပ်ချက်ရှိနေသောကြောင့် အသစ်ဆောက်လုပ်ပေးရန် မေးမြန်းရခြင်းဖြစ်ကြောင်း ဆက်လက်ပြောသည်။

ထိုက်ထိုက်

Leave a Reply