ထားဝယ်၊ ဇွန် ၂၅
အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုခြင်းခံရသော တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီး ချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်၏ ချုပ်လွတ်အာမခံ လျောက်ထားမှုအား လာမည့်ဇူလိုင်လ(၁) ရက်နေ့ရုံးချိန်း တွင် အမိန့်ချဖြစ်ပြီး ယင်းနေ့တွင် GGS ကုမ္ပဏီမှဦးသိန်းထွေး၏ဇွန်လ ၂၅ရက်နေ့က ချုပ်လွတ် အာမခံ ​ေလျာက်ထားမှုကို ကြားနာမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီးတရားလွှတ်တော်ထံမှ သိရသည်။

“နောက်ရုံးချိန်မှာ ဒေါက်တာလဲ့လဲ့မော်ရဲ့အာမခံလျောက်ထားချက်အပေါ် အမိန့်ချဖို့ ဦးသိန်းထွေး အာမခံလျောက ်ထားမှုနှင့်စပ်လျဉ်းပြီးတော့ လျောက်လွဲှ ချက်ကြားနာဖို့ ချိန်းဆိုထားတယ်“ဟု တနင်္သာရီတိုင် းဒေသကြီးတရားလွှတ်တော် တရားရေးဦးစီးမှူး ဒေါ်အေးအေးသန်းက ဆိုသည်။

ဒေါက်တာလဲ့လဲ့မော် အာမခံလျောက်ထားမှုနှင့်ပတ်သက်၍ သူမ၏ ကျန်းမာရေးကိုစစ်ဆေးခဲ့သည့် ထားဝယ်ပြည်သူ့ဆေးရုံမှ ခွဲစိတ်ဆရာဝန်ကြီးဒေါက်တာ ဇော်မြင့်နှင့် အရိုးအထူးကုဆရာ ဝန်ဒေါက်တာ မျိုးစည်သူတို့ကို ဇွန်လ ၂၅ရက်နေ့က ရုံးခေါ်သက်သေအနေဖြင့် စစ်ဆေးခဲ့ကြောင်း ၎င်းက ပြောသည်။

ဒေါက်တာလဲ့လဲ့မော်သည် အမျိုးသမီးတစ်ဦးဖြစ်သည့်အပြင် ကင်ဆာဝေဒနာခံစားနေရ၍ ဆေးသွင်းကု သခံနေရသူဖြစ်ပြီး ယခင်က ခြေသလုံးရိုးနှင့်ခြေဖ မိုးအထက်ပိုင်းကျိုးခဲ့သည့်အတွက် စတီးရိုးအစား ထည့်ခဲ့သည့်ဒဏ်ရာမှနေပြီး အကျဉ်းထောင်တွင် ချော်လဲသည့်အတွက် ယင်းစတီချောင်းကို ပြန်လည်စစ် ဆေးကုသရန်လိုအပ်နေကြောင်း သူမသည် ထားဝယ်မြို့တွင် မိသားစုနှင့်အတည့်တကျနေထိုင်သူဖြစ်၍ ထွက်ပြေးတိမ်းရှောင်မည့်သူမဟုတ်ကြောင်း၊ သက်သေများကို မလျော်သြဇာသုံးပြီး ဖျက်ဆီးရန်အကြောင်း မရှိဘူးဟု အကြောင်းပြချက်များဖြင့် ရာဇဝတ်ကျင့်ထုံးဥပဒေ ၄၉၇(၁) အရ ချုပ် လွှတ်ထုချေ ခွင့်ပြုရန် လျှောက်ထားခဲ့သည်။

ရာဇဝတ်ကြီးအမှုအမှတ်(၃/၂၀၁၉)(၄/၂၀၁၉)အမှုမှ ဦးသိန်းထွေးက အမှုတောအတွင်း အာမခံပေးရန် ဇွန်လ ၂၅ရက်နေ့ရုံးချိန်းတွင် လျောက်ထားခဲ့သည် ဟု သိရသည်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနကို သဘာဝဓါတ်ငွေ့ဖိုးအကြွေးကျန်ငွေအနေဖြင့် ယနေ့အထိ ငွေ ၄၆၁၅၉ ၅၀၀၀၀ကျပ်( လေးသောင်းခြောက်ထောင်တစ် ရာငါးဆယ်ကိုးသိန်း ၅သောင်းကျပ်)ပေးသွင်းပြီးဖြစ်ကြောင်း၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနကို ကတိဝန်ခံချက်အတိုင်း နိုင်ငံတော်ဘဏ္ဍာငွေကို သတ်မှတ် ကာလအတွင်း တွင် ပြည့်ဝပေးသွင်းနိုင်ရန်အတွက် ချုပ်လွှတ်ထုချေခွင့်ပြုရန် ဦးသိန်းထွေးက အကြောင်းပြလျောက် ထားခဲ့ သည်ဟု သိရသည်။

တနင်္သာရီတိုင်းဒေသကြီးတရားလွှတ်တော် ရာဇဝတ်ကြီးအမှုအမှတ် (၄/၂၀၁၉)က ပြည်ထောင်စုစာရင်း စစ်ချုပ်ရုံးမှညွန်ကြားရေးမှူး ဒေါ်စန်းစန်းမြင့်ကို တရားလိုဖက်မှ ဥပဒေအရာရှိက နောက်တိုးသက်သေဖြင့် ခေါ်ယူစစ်ဆေးပေးရန် ဇွန်လ ၂၅ရက်နေ့က လျောက်ထားခဲ့ပြီး ဇူလိုင်လ ၁ရက်နေ့တွင် အမှု(၄)မှု စလုံးအတွက် စစ်ဆေးရန် သူမအားချိန်းဆိုထားသည်ဟု သိရသည်။

တနင်္သာရီတိုင်းဒေသကြီးတရားလွှတ်တော် ရာဇဝတ်ကြီးအမှုအမှတ်(၃/ ၂၀၁၉)မှ တရားလိုပြသက်သေ တနင်္သာရီတိုင်းဒေသကြီးလျှပ်စစ်အင့်စွမ်းအင်ဌာန မှဒုတိယအင်ဂျင်နီယာချုပ်ဦးအောင်ဇော်ဦး နှင့်ရာဇဝတ်ကြီး အမှုအမှတ်(၄/၂၀၁၉)က တရားလိုပြသက်သေ သရက်ချောင်းမြို့နယ်လက်ထောက်မြေစာရင်း ဦးစီးမှူး ဦးခင်မောင်ဆွေ တို့ကို ဇွန်လ ၂၅ရက်နေ့ ရုံးချိန်တွင် စစ်ဆေးခဲ့သည်။

တင့်လွင်

Leave a Reply