Advertisements

လားရှိုး၊ အောက်တိုဘာ ၅ ရက်။

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့နယ်၊ တောင့်တလောင်ကျေးရွာအနီးတွင် ယာဉ်တိုက်မှုဖြစ်နေသည်ကို ကြည့်ရင်းမှ ယာဉ်တိုက်မှုတစ်ခု ထပ်မံဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

လားရှိုးမြို့နှင့် (၆)မိုင်ခန့်ဝေးသော လားရှိုး-နမ္မတူသွား ကားလမ်းဘေး တောင့်တလောင်ကျေးရွာအနီးတွင် အောက်တိုဘာ ၄ ရက်က ဆိုင်ကယ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်မိရာမှ ဒဏ်ရာရလူနာအား ဆေးရုံပို့ရန် လူနာ တင်ယာဉ်စောင့်ဆိုင်းနေစဉ် ဖြည်းညင်းစွာမောင်းကာ ယာဉ်တိုက်မှုကို ကြည့်နေသော ယာဉ်အား နောက်မှ ဆိုင် ကယ်တစ်စီးက ထပ်မံဝင်တိုက်ခဲ့ခြင်းဖြစ်သည်။

“သတင်းရရချင်းသွားပြီးတော့ လူနာတင်ပါတယ်။ သွားတုန်းကတော့ လူနာတစ်ယောက်တည်းဆိုပြီးသွားတာပါ။ ဟိုရောက်တော့မှ နှစ်ယောက်ဖြစ်နေတာပါ။ လားရှိုးပြည်သူ့ဆေးရုံကို ပို့ပေးခဲ့ပါတယ်။ တစ်ယောက်ကတော့ သွေးတော်တော်ထွက်သွားပါတယ်။ ကားကိုဝင်တိုက်တဲ့ တစ်ယောက်ကတော့ မျက်နှာထိသွားတယ်လို့ သိရ တယ်။’’ဟု လူနာသွားတင်သော ကမ္ဘောဇနာရေးနှင့် လူမှုကူညီရေးအသင်းမှ ဦးလှမြင့်က ပြောသည်။

ဆိုင်ကယ်စီးနင်းလာစဉ် ဆိုင်ကယ်တိုက်မှုကို ကြည့်နေရင်း ရှေ့မှကားအား ဝင်တိုက်လိုက်ခြင်းကြောင့် မျက်နှာ ထိခိုက်ခဲ့ရခြင်းဖြစ်ကြောင်း ဦးလှမြင့်ကပြောသည်။

“ဆိုင်ကယ်တိုက်မှုဖြစ်ပြီး လူနာက သွေးတွေအရမ်းထွက်နေလို့ လူနာတင်ယာဉ်ကို ခေါ်နေတုန်း အဲ့နားမှာတင် နောက်ထပ် ရှေ့ကကားကို နောက်ကဆိုင်ကယ်က ဝင်တိုက်လိုက်တာ။ နှစ်ယောက်တော့ ဆေးရုံခေါ်သွားကြ တာတွေ့တယ်။ ဆိုင်ကယ်သမားတွေလည်း ဒဏ်ရာတွေတော့ရကြတယ်။’’ဟု ယာဉ်တိုက်မှုကို ကူညီပေးသော ခရီးသွား ကိုနိုင်ဇော်ကပြောသည်။

ယခုကဲ့သို့ အခါကြီးရက်ကြီးများတွင် ယာဉ်မတော်တဆမှုများဖြစ်တတ်ပြီး ယာဉ်တိုက်မှုများတွင် ဆိုင်ကယ်ချင်း တိုက်မှု ပိုမိုများပြားသည့်အပြင် အရှိန်များခြင်းကြောင့် ယာဉ်တိုက်မှုများဖြစ်ပွားနေကြောင်း လားရှိုး ယာဉ်ထိန်းရုံးမှ ရဲအရာရှိ တစ်ဦးက ပြောသည်။

Advertisements
<

Leave a Reply