လားရှိုး၊ အောက်တိုဘာ ၂၄ ရက်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင်း၌ မြေအရောင်းအဝယ်အေးနေပြီး မြို့နယ်ဝန်းကျင်တွင်ရှိသော မြေများကို ဝယ်ယူလိုသူ ရှိသဖြင့် အကွက်ဖော်ရောင်းခြင်းများသာ အနည်းငယ်ရှိနေကြောင်း သိရှိရသည်။

“မြို့တွင်းမှာတော့ မြေက အရောင်းအဝယ်မဖြစ်ဘူး။ မြို့ရဲ့ဆင်ခြေဖုံးနေရာလိုဖြစ်တဲ့ မြို့ဝန်းကျင်မှာရှိတဲ့ မြေနေရာတွေကို အကွက်ဖော်ပြီး ရောင်းတာတော့ နည်းနည်းအလုပ်ဖြစ်ပါတယ်။ ဒီလမှာ(၅) ကွက် လောက်တော့ အရောင်းဖြစ်ခဲ့ပါတယ်။”ဟု လားရှိုးမြို့မှ အိမ်ခြံမြေအကျိုးတော်ဆောင် ဦးထက်အောင်ကျော်ကပြောသည်။

အကွက်ဖော်ရောင်းချနေသည့်မြေများကို အခြားမြို့နယ်များမှ လုပ်ငန်းရှင်များက သိန်း(၁၀၀)ဝန်းကျင် ခန့်ဈေးပေးကာ ဝယ်ယူနေကြကြောင်း သိရသည်။
“အမှန်ကတော့ မြို့ရှောင်လမ်းကို အမှီပြုပြီးတော့ ဝယ်ထားကြတာပါ။ မြို့ရှောင်လမ်းမှာ စည်ကားလာ တဲ့အချိန်ကျတော့ တစ်ခုခုလုပ်လို့ရအောင်ဝယ်ထားတာပါ။ အမြတ်ရတော့လည်းပြန်ရောင်း ဒီလိုလုပ် နေကြတာပေါ့။’’ဟု လားရှိုးမြို့မှ အိမ်ခြံမြေဝယ်ရောင်းလုပ်သူ ဦးစိန်ပေါကပြောသည်။

လားရှိုးမြို့ရှောင်လမ်းတစ်လျောက်တွင် ယခင်က လယ်ယာမြေများ၊ တောင်ယာမြေများသာရှိခဲ့ပြီး လက်ရှိတွင် ကားဝပ်ရှော့များ၊ လေထိုးကျွတ်ဖာဆိုင်များ၊ စာသောက်ဆိုင်များဖြင့် စည်ကားစပြုလာခြင်းကြောင့် မြေကွက်များမှာလည်း ဈေးတက်လာကြောင်း သိရသည်။

Written by – MMK

Leave a Reply