Advertisements

လားရှိုး၊ အောက်တိုဘာ (၂၃) ရက်။

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့တွင် ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေးကို စာသင်ကျောင်းများ၌ နိုဝင်ဘာ ၁၂ ရက်မှ ၂၃ ရက်ထိ ပြည်သူအခြေပြုကို ဒီဇင်ဘာ ၁၁ ရက်မှ ၂၀ ရက်ထိ ထိုးနှံပေးသွားမည် ဖြစ်ကြောင်း လားရှိုးမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရှိရသည်။

ဂျပန်ဦးနှောက်ရောင်းရေဂါကာကွယ်ဆေးကို မြန်မာတစ်နိုင်ငံလုံးတွင် အသက် ၉ လမှ ၁၅ နှစ်အတွင်း ထိုးပေးရန် ကျန်မာရေးနှင့် အားကစားဝန်ကြီးဌာနမှ ပြုလုပ်ပေးနေကြောင်း သိရသည်။

“အားလုံးသိပြီးတဲ့ ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေးထိုးဖို့အတွက် လားရှို့မြို့မှာ အဆင်ပြေပြေနဲ့ ၁၅ နှစ်အောက် ပြည်သူအားလုံးထိုးနိုင်ဖို့အတွက်ကို လားရှိုးမြို့က ဌာနဆိုင်ရာတွေ၊ ကျောင်းအုပ်တွေ၊ လူမှုရေး အသင်းအဖွဲ့တွေအနေနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေအနေနဲ့ ဘယ်လိုကူညီဆောင်ရွက်ကြမယ် ဘယ်လို ဆောင်ရွက်ရင်အဆင်ပြေနိုင်မလဲ ဆိုတာတွေကို ညှိနှိုင်းဆွေးနွေးကြပါတယ်။”ဟု လားရှိုးခရိုင်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါက်တာ မြင့်ကျော်က ပြောသည်။

လားရှိုးမြို့တွင် ဂျပန်ဦးနှောက်ရောက်ကာကွယ်ဆေးထိုးပေးရန် အောက်တိုဘာ(၂၃)ရက်က အစိုးရဌာနဆိုင် ရာများ၊ ကျောင်းအုပ်ဆရာ၊ ဆရာမများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းဖွဲ့များ၊ ကျေးရွာကျန်းမာ ရေးမှူးများ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

“ကာကွယ်ဆေးထိုးပေးရာမှာလည်း လားရှိုးမြို့က ပြည်သူတွေကိုပဲ ထိုးပေးမှာမဟုတ်ပါဘူး။ ဆေးထိုးနေတဲ့ အချိန်မှာ တခြားမြို့ကနေရောက်နေတဲ့ အသက် ၉ လကနေ ၁၅ နှစ်ရှိတဲ့ သူတွေကို ထိုးပေးသွားမှာပါ။ ဘယ်မြို့ကလာတာပဲဖြစ်ဖြစ် ဆေးထိုးတဲ့အချိန်မှာ ရောက်နေတဲ့မြို့မှာ ကာကွယ်ဆေးအထိုးခံလို့ရပါတယ်။” ဟု လားရှိုးမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ကျန်းမာရေးမှူး ဒေါ်နန်းဆိုင်ဟန်က ပြောသည်။

အဆိုပါ ကာကွယ်ဆေးထိုးပေးရာတွင် ကျောင်းအခြေပြုထိုးနှံခြင်းတွင် လားရှိုးမြိုနယ်အတွင်းရှိ ကျောင်းပေါင်း (၂၁၈)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၅၅၅၀၁ )ဦးရေးအား နိုဝင်ဘာ (၁၂)ရက်မှ (၂၃)ရက်ထိ၊ ပြည်သူ အခြေပြုတွင် (၄၉၇၈၈)ဦးရေအား ဒီဇင်ဘာ(၁၁)ရက်မှ (၂၀)ရက်ထိ ထိုးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Advertisements
<

Leave a Reply