လိင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါများ

ဆစ်ဖလစ်(Syphilis) လို့ အများသိကြတဲ့ လိင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါပာာ Treponema pallidum လို့ခေါ်တဲ့ ရောဂါပိုးကြောင့်ဖြစ်ပါတယ်။ ဒီရောဂါပာာ အရွယ်ရောက်ပြီးသူတွေမှာတော့ လိင်မှတစ်ဆင့်ကူးစက်တာ အများဆုံးဖြစ်ပါတယ်။ ဒါပေမဲ့လည်း နမ်းခြင်း၊ သွေးသွင်းခြင်းနဲ့ မတော်တဆထိခိုက်မိခြင်းတို့မှလည်း ကူးစက်တတ်ပါတယ်။

ကိုယ်ဝန်ဆောင်နေချိန်မှာ သန္ဓေသားကိုလည်း အချင်းကို ဖြတ်ပြီး ကူးစက်တတ်ပါတယ်။

ရောဂါလက္ခဏာပြတဲ့အချိန်မှာတော့ ဆစ်ဖလစ်ပာာ လူတစ်ယောက်နဲ့တစ်ယောက်ကွဲပြားတတ်ပါတယ်။ တချို့လူတွေမှာ ကူးစက်ခံထားရပေမယ့်လည်း လုံးဝလက္ခဏာမပြတာဖြစ်တတ်ပြီး၊ တချို့တွေမှာတော့ လက္ခဏာတွေ ပြတတ်ပါတယ်။

ဆစ်ဖလစ်ပာာ ရောဂါပိုးကူးစက်ခံရပြီး ရောဂါလက္ခဏာပြဖို့အတွက် ပုံမှန်အားဖြင့် ၁၄ရက်မှ၂၈ ရက်အထိကြာတတ်ပါတယ်။ ဒါပေမဲ့ တသတ်မတ်တည်းမပာုတ်ဘဲ ၉ရက်ကနေ ရက်ပေါင်း ၉၀ အထိ ကြာမြင့်တတ်ပါတယ်။ ဆစ်ဖလစ်ကို  Early နဲ့ Late ဆိုပြီး၂မျိုးခွဲပါတယ်။ အဲဒါတစ်ခုချင်းစီမှ    Primary, Secondary, Latent နဲ့ Latent, Benign tertiary, Cardiovascular, Neurosyphilis ဆိုပြီးထပ်ကွဲပါတယ်။

ပထမဆုံးဖြစ်ပေါ်တာကတော့ Chancre လို့ခေါ်တဲ့ အနာပာာ လိင်အင်္ဂါနားတဝိုက်မှာ ဖြစ်ပေါ်ပါတယ်။ လိင်အင်္ဂါနဲ့နီးတဲ့ ပေါင်ရင်းနားက အကျိတ်တွေကြီးလာတတ်ပါတယ်။ Chancre ပာာ မကုသရင်တောင်မှ ၂ပတ်ကနေ ၆ပတ် အကြာမှာ အမာရွတ်ဖြစ်ပြီး သူ့အလိုလိုပြန်ကောင်းသွားပါတယ်။ ဒီလိုအနာပျောက်သွားတာက ရောဂါပိုးမရှိတော့တာမပာုတ်ဘဲ ရောဂါငုတ်သွားတာပါ။ နောက်ပိုင်းမှာ ဒီထက်ဆိုးတဲ့ လက္ခဏာတွေပြသလာပါတော့မယ်။ Chancre ဖြစ်နိုင်တဲ့ အခြားနေရာတွေကတော့ လက်ချောင်းတွေ၊ နှုတ်ခမ်း၊ လျှာ၊ အာသီး၊ နို့သီးခေါင်း၊ စအိုနှင့် အစာပောာင်းအိမ်တို့ဖြစ်ကြပါတယ်။

Secondary syphilis ရဲ့လက္ခဏာတွေကတော့ ဖျားတာ၊ မစားချင်မသောက်ချင်ဖြစ်တာနဲ့ ခေါင်းကိုက်တာတို့အဖြစ်များပါတယ်။ လူနာအများစုမှာ ခန္ဓာကိုယ်နဲ့ လက်တွေခြေထောက်တွေ နောက်ပိုင်းမှာ လက်ဖဝါး၊ခြေဖဝါးမှာ အကွက်တွေပေါ်တတ်ပါတယ်။ ပါးစပ်၊ လိင်အင်္ဂါနဲ့၊ လည်ချောင်း၊ အာခေါင်ထဲတွေမှာ အနာတွေဖြစ်လာပါတယ်။ ဒီအဆင့်မှာ မကုသပြန်ရင် ရောဂါပာာ နှစ်မျိုးဖြစ်နိုင်ပါတယ်။ တစ်မျိုးက ငုပ်သွားတာဖြစ်ပြီး၊နောက်တစ်မျိုးကတော့ Late syphilis အဆင့်ကိုတက်သွားတာဖြစ်ပါတယ်။

Latent syphilis အဆင့်ကတော့ သွေးစစ်လိုက်ရင် ရောဂါပိုးကတော့ ရှိတယ်။ ဒါပေမဲ့ ဘာလက္ခဏာမှမပြတာမျိုးကိုခေါ်တာဖြစ်ပါတယ်။ ဒီနေရာမှာလည်းနှစ်မျိုးထပ်ခွဲပါတယ်။ တစ်မျိုးကတော့ လူနာပာာ လက္ခဏာမပြသော်လည်းဘဲ သူများတွေကို ကူးစက်နိုင်ပါတယ်။ နောက်တစ်မျိုးကတော့ မကူးစက်နိုင်တော့ပါဘူး။

Late syphilis Benign tertiary syphilis အဆင့်ကတော့ ရောဂါကူးစက်ခံရပြီး မကုသခဲ့ရင် သုံးနှစ်ကနေ ၁၀နှစ်ကြာတဲ့အခါမှာ ဖြစ်ပေါ်လာပါတယ်။ အရေပြား၊ Mucous membrane ရှိတဲ့နေရာတွေ ဥပမာ ပါးစပ်၊ လည်ချောင်း၊ စအို၊ စသည်၊ အရိုး၊ ကြွက်သား၊ ကိုယ်တွင်းအင်္ဂါတွေ ပါဝင်လာပါတယ်။ Gumma လို့ခေါ်တဲ့ အလုံးတွေ(chronic granulomatous lesion) တစ်ခုချင်းသော်လည်းကောင်း၊ အများအပြားသော်လည်းကောင်း ဖြစ်ပေါ်ပါတယ်။ ပါးစပ်၊ လည်ချောင်း၊ နှာခေါင်းထဲတွေမှာ အနာတွေဖြစ်ပါတယ်။ လျှာမှာ အနာဖြစ်ပေါ်ပြီး အမာရွတ်ကျန်ပါတယ်။ အဲဒီအမာရွတ်ကနေပြီး နောက်ပိုင်းမှာ လျှာကင်ဆာအဖြစ်ပြောင်းလဲနိုင်ပါတယ်။

ဒါ့အပြင် ဆစ်ဖလစ်ပာာ နှလုံးနဲ့ ဦးနှောက်ကိုလည်း နောက်ပိုင်းမှာ ရောက်နိုင်ပါတယ်။ နှလုံးကိုရောက်သွားရင်တော့ သွေးလွှတ်ကြော ရောင်ရမ်းခြင်း ဖြစ်ပေါ်ပြီး သွေးလွှတ်ကြောဖောင်းကားလာခြင်း(Aortic aneurysm) နှင့် နှလုံးသွေးကြောကျဉ်းခြင်းတို့ဖြစ်ပေါ်ပါတယ်။ ဒီအဆင့်ထိရောက်သွားရင်တော့ ဆေးကုသရုံနဲ့မပျောက်တော့ဘဲ ခွဲစိတ်ကုသရတဲ့အခြေအနေထိရောက်ပါတယ်။

ကိုယ်ဝန်ဆောင်ထားချိန်မှာ ဆစ်ဖလစ်ဖြစ်ရင်တော့ ကလေးပျက်ကျတာ၊ အသေမွေးတာ၊ လမစေ့ဘဲမွေးတာ၊ မွေးရာပါ ဆစ်ဖလစ်ပါတဲ့ကလေးမွေးတာ ကလေးပာာ မွေးတုန်းကတော့ ဆစ်ဖလစ်မဖြစ်သေးဘဲ ရက်ပိုင်းမှာ ဖြစ်လာတာရှိတတ်ပါတယ်။

အရွယ်မရွေး လိင်မှတစ်ဆင့်ကူးစက်တဲ့ရောဂါဖြစ်တဲ့အတွက် ရောဂါရှိတဲ့သူတွေနဲ့အကာအကွယ်မဲ့လိင်ဆက်ဆံခြင်းမှအများဆုံးကူးစက်စေပါတယ်။ ဒါ့ကြောင့် မိမိ၏အိမ်ထောင်ဖက်ကိုသစ္စာရှိပါ၊ သို့မဟုတ်လျှင် အကာအကွယ်ဖြင့်လိင်ဆက်ဆံ၍ ကာလသားရောဂါကိုအစဉ်သတိရှိကာကွယ်ကြပါလို့တိုက်တွန်းလိုက်ပါရစေ။

ဒေါက်ဦး (မွန်)

 

 

 

 

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.