Advertisements

မော်လမြိုင်၊ ဒီဇင်ဘာ

မော်လမြိုင်မြို့၊ မြိုင်သာယာရပ်ကွက်ရှိ KTV စားသောက်ဆိုင်များကို လိုင်စင်သက်တမ်း တိုးခြင်းနှင့် လိုင်စင်အသစ် ထုတ်မပေးခြင်းအပေါ် ပြန်လည်စိစစ်ပေးရန် ယင်းလုပ်ငန်းရှင် ၁၃ ဦးတို့က မွန်ပြည်နယ်ဝန် ကြီးချုပ်ထံ အသနားခံစာ တင်ပြတောင်းဆိုခဲ့ကြောင်း စားသောက်ဆိုင် လုပ်ငန်းရှင်အသင်း၊ ဥက္ကဋ္ဌ ဦးလှမြင့်က ဟင်္သာမီဒီယာသို့ ပြောကြားသည်။

KTV စားသောက်ဆိုင်များ ကို သက်ဆိုင်ရာဌာနအဖွဲ့အ စည်းအဆင့်ဆင့်မှ ကွင်းဆင်းစစ်ဆေး၍ သတ်မှတ်စည်းကမ်းချက်၊ ညွှန်ကြားချက်နှင့်အညီစိစစ်ပြီး ကာရာအိုကေလိုင်စင်၊ ယစ်မျိုးလိုင်စင်များ ထုတ်ပေး
ခဲ့ခြင်းဖြစ်ကြောင်း၊ အခွန်များကိုလည်း နှစ်စဉ်မပျက်မကွက် ပုံမှန်ပေးသွင်းကာ ဖွင့်လှစ်ရောင်းချသည့် လုပ်ငန်းဖြစ် ကြောင်း ၎င်းက ပြောသည်။

မော်လမြိုင်တက္ကသိုလ်အနီးမှ KTV စားသောက်ဆိုင်များ အားလုံး လိုင်စင်သက်တမ်း တိုးခြင်းနှင့် လိုင်စင်အသစ်ချ ပေးခြင်းမပြုရန် ပြည်နယ်အစိုး ရမှ ညွှန်ကြားထားမှုနှင့် တ်သက်၍ရွှေမေတ္တာစားသောက်ဆိုင်ပိုင်ရှင် ဦးကျော်ထွေးက “ဒီသက်တမ်းတိုးရမယ့် ကိစ္စလေးတစ်ခုက နည်းနည်းလေးb ကျွန်တော်တို့တွေအတွက်တော့ အထစ်အငေါ့လေးဖြစ်တယ်။ အဲဒီအပေါ်မှာ သက်ဆိုင်လူကြီးတွေက ပြန်လည်စိစစ်ပေး ပြီးတော့မှ စည်းကမ်းစနစ်တကျ ပြန်လည်ဖွင့်ခွင့်ပြုမယ်လို့ မျှော်လင့်တယ်”ဟု ပြောသည်။

ယင်းရပ်ကွက်ရှိ KTV စားသောက်ဆိုင်များမှာ မော်လမြိုင်တက္ကသိုလ်နှင့် အနီးဆုံးရှိသည့်ဆိုင်သည် ကိုက် ၃,၀၀၀ကျော်နှင့် ၅,၀၀၀ ခန့်တွင်ရှိပြီး အဝေးဆုံးဆိုင်မှာ ကိုက် ၁၀,၀၀၀အကွာတွင် ဖွင့်လှစ်ထားခြင်း
ဖြစ်ကြောင်း လုပ်ငန်းရှင်များ က ဆိုသည်။

“ကျွန်တော်တို့ဆိုင် အကွာ အဝေးကို သက်ဆိုင်ရာအနေနဲ့ လာပြီး စိစစ်ပေးဖို့လိုတယ်။ တကယ်ဒီတက္ကသိုလ် ပရိဝုဏ်နဲ့ လွတ်ကင်းတဲ့ဆိုင်တွေ ဖြစ်တယ်။ ဒီဆိုင်တွေဖွင့်ထားတာ လည်း ၁၅ နှစ်လောက်ရှိပြီ။ ဒီ ၁၅ နှစ်အတိုင်းအတာ တစ်ခုမှာလည်း နိုင်ငံတော် ပြည်တွင်း အခွန်ဦးစီးဌာနကို အခွန်အခတွေနှစ်တိုင်းကျေပွန်အောင်ဆပ်တယ်” ဟု ဦးဇော်မင်းဦးက ထပ်လောင်း ပြောသည်။

ယင်းဆိုင်များတွင် အနယ် နယ်အရပ်ရပ်မှ လာရောက်အလုပ်လုပ်ကိုင်နေသူများလည်း တစ်ဆိုင်လျှင် ဝန်ထမ်းဦးရေ ၃၀ ခန့်ထိ ရှိနေ၍ ၎င်းင်းတို့ကို ငဲ့ကွက်သင့်ကြောင်း ဆိုင်ရှင် အချို့က အရေးဆိုကြသည်။

“ကျွန်တော်တို့ KTV စားသောက်ဆိုင်အဖွဲ့တွေ တောင်ဝိုင်းကသာသနာနွယ်ဆရာ တော် သွားလျှောက်တော့ ဘုန်းဘုန်းက ဒကာကြီးတို့ တရားဝင်ဖွင့်လှစ်ထားတဲ့ ဆိုင်တွေ ကို ပြောတာမဟုတ်ဘူး။ တက္ကသိုလ်အရှေ့အနီးအနားမှာ တရားမဝင် ဖွင့်လှစ်ရောင်းချနေတဲ့ ခေါင်ရည်ဆိုင်တွေနဲ့ အရက်ဆိုင်တွေကိုသာ ရှင်းလင်းဖယ်ရှားပေးဖို့ သက်ဆိုင်ရာဝန်ထမ်းတွေကို ပြောတာပါ။ ဒီလိုပြောတယ်ဆိုတာလည်း ကျောင်း သား ကျောင်းသူတွေအတွက် ပါလို့ မိန့်ကြားခဲ့တယ်”ဟု ဆိုင်ပိုင်ရှင်တစ်ဦးဖြစ်သူဦးမိုးဟိန်း က ပြန်လည်ပြောဆိုသည်။

အဆိုပါဆိုင်များမှာ တစ်နှစ်အတွင်း နိုင်ငံတော်အခွန် သိန်း ၆၀ ခန့် နှစ်စဉ်ပေးဆောင်ရကြောင်း၊ မော်လမြိုင်တက္က သိုလ်မှာ မြိုင်သာယာရပ်ကွက် အပိုင်မဟုတ်ဘဲဈေးကြိုရပ်ကွက်နယ်မြေအပိုင်တွင် သာ တည်ရှိနေကြောင်း ယင်းဆိုင် ရှင်များက ဆိုသည်။

မော်လမြိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးမှူးရုံး တွင် မွန်ပြည်နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှူး၊ မြို့နယ်စည်ပင်ဦးစီးမှူးနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူးတို့က အောက်တိုဘာ ၂၃ ရက်နေ့က မြို့ပေါ်ရှိ KTV စားသောက်ဆိုင်လုပ်ငန်းပိုင်ရှင်များကို ခေါ်ယူတွေ့ဆုံကာ တက္ကသိုလ်နှင့် အနီးပတ်ဝန်းကျင်ရှိ KTV စားသောက်ဆိုင်များခေါင်ရည်နှင့် ထန်းရည်ဆိုင်များဖွင့်လှစ်ရောင်းချခွင့်မပြုကြောင်းနှင့် လိုင်စင်သက်တမ်းတိုးခြင်း အ သစ် လျှောက်ထားခြင်းတို့ကို ခွင့်မပြုတော့ကြောင်း သတိပေးပြောဆိုထားခဲ့သည်။

Written by ခေတ်မင်း

Advertisements
<

Leave a Reply