Advertisements

ထားဝယ် ဧပြီ ၂
ထားဝယ်မြို့ပေါ်နှင့် အနီးတဝိုက်မှ လိုင်စင်မဲ့ ဘီယာဗူးများနှင့် နိုင်ငံခြားအရက်များ ကာလတန်ကြေး ကျပ်သိန်း ၁၀၀၀ကျော်ဖိုးကို မတ်လ ၃၀ နှင့် ၃၁ရက် နေ့များက ဖမ်းဆီးရမိခဲ့ကြောင်း ထားဝယ်ခရိုင် မှုခင်းနှိမ်နင်းရေးဌာနထံမှ သိရသည်။
“တာဝန်အရ စုံစမ်းထောက်လှမ်းပြီး ဖမ်းဆီးတာ”ဟု ယင်းဌာနမှ ရဲအုပ်အောင်သူက ဆို သည်။
ဒေသအတွင်း တရားမဝင်ကုန်စည်များ အဝင်အထွက်ရှိပြီး ယစ်မျိုးများလည်း တရားမဝင် ရောင်းချနေသည်မျိုး ရှိကြောင်း၎င်းက ဖွင့်ဟပြောဆိုသည်။
ဆန်းချီရပ်ကွက်မှ တလိုင်းမရပ်ကွက်ဖက်သို့ မတ်၃၀ရက်ည ၆နာရီခန့်တွင် မောင်းနှင်လာသည့် YGN-8I-3215 ကန်တာအမျိုးအစားယာဉ်ကို ကမ်းနားလမ်း၊ မြောင်းပုလဲတံတားအနီးတွင် ရပ်တန့်စေပြီး စစ်ဆေးရာ ယာဉ်ပေါ်တွင် ထိုင်းနိုင်ငံထုတ် လိုင်စင်မဲ့ ဘီယာဗူးများတွေ့ရှိ၍ သိမ်းဆည်းခဲ့သည်ဟု သိရသည်။ ထိုင်းနိုင်ငံထုတ် Changစာတမ်းပါ 500MLဆံ့ ဘီယာ၂၄ဘူးပါ ၂၈  ဖာ၊ ထိုင်းနိုင်ငံထုတ် SINGHA စာတမ်းပါ 300MLဆံ့ ဘီယာ၂၄ဘူးပါ ၁၉၆ဖာ၊ကာလတန်ဖိုး ၄,၂၂၈,၀၀၀ကျပ်ကိုတွေ့ရှိ၍ သိမ်း ဆည်းခဲ့ပြီး ရဲအုပ်အောင်သူက တိုင်ကြားခဲ့ရာ ယာဉ်မောင်း နေလင်းအောင်ကိုထားဝယ်မြို့ရဲစခန်းတွင်(ပ)၁၀၀၁/ ၂၀၁၉ယစ်မျိုးဥပဒေပုဒ်မ၃၀(က) အမှုဖွင့်ထားသည်။
အလားတူ မတ်လကုန်ရက် ညပိုင်းတွင် သပြေချောင်းရွာဘက်မှ ဇလွန်းရွာဘက်သို့ မောင်းနှင်လာသည့် 5N-1009 TOYOTA REVO အမျိုးအစားယာဉ်ကို ရပ်တန့် စစ်ဆေးရာ ရပ်တန့်ပေးခြင်းမရှိဘဲ ပွတ်တိုက်၍ ထားဝယ်-ထီးခီးလမ်းအတိုင်း ပကာရီရွာဘက်သို့ မောင်းပြေးသွားခဲ့သည်ဟု သိရသည်။ အဆိုပါယာဉ်ကို ပကာရီရဲစခန်းရှေ့တွင် ရပ်တန့်စစ်ဆေးရာ ယာဉ်နှင့်ပတ်သက်၍စာရွက်စာတမ်းအေထာက်အထားတစ်စုံတစ်ရာပြသနိုင်ြခင်းမရှိသည့်အပြင် ထိုင်းနိုင်ငံဘက်မှ ဝယ်ယူပြီး အသုံးပြုနေသော လိုင်စင်မဲ့ယာဉ်သိရှိရကြောင်း၊ ယာဉ်ပေါ်တွင် လိုင်စင်မဲ့အရက်ပုလင်းများ တွေ့ရှိရ၍ သိမ်းဆည်းခဲ့ကြောင်းနှင့် ကာလတန်ဖိုးမှာ ကျပ် ၃,၁၀၆,၈၀၀ခန့် ဖြစ်ကြောင်း သိရသည်။ ယင်းဖြစ်စဉ်ကို ရဲအုပ်အောင်သူက တရားလိုပြုလုပ်၍တိုင်တန်းခဲ့ရာ ယာဉ်မောင်းအောင်ကိုလတ်ကို ထားဝယ်မြို့ရဲစခန်းတွင် ယစ်မျိုးဥပဒေပုဒ်မ၃၀(က)ဖြင့်လည်းကောင်း၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ(၈)ြဖင့်လည်းကောင်း အမှုဖွင့်ထားသည်။
ထို့အတူမြောင်းပုလဲရပ်ကွက်၊ ဆိပ်ကမ်းသာလမ်းရှိ ဂိုဒေါင်အတွင်း လိုင်စင်မဲ့ယစ်မျိုးဝင်ပစ္စည်းများ သိုလှောင်ထားကြောင်း သတင်းအရ ဝင်ရောက်ရှာဖွေရာ လိုင်စင်မဲ့ဘီယာများနှင့် အရက်ပုလင်းများကို တွေ့ရှိ၍ သိမ်းဆည်းခဲ့ကြောင်းကာလတန်ဖိုးမှာ ကျပ် ၉၃,၀၇၃,၀၀၀ ကျပ်ခန့် ဖြစ်ကြောင်း သိရသည်။သို့ဖြစ်၍ ယင်းတို့ကို လက်ဝယ်တွေ့ရှိခဲ့ရသည့် အောင်ဆန်းဦးဆိုသူကို ရဲအုပ်အောင်သူက တရားလိုပြုလုပ်ကာ  ထားဝယ်မြို့ရဲစခန်းတွင် ယစ်မျိုးဥပ ဒေပုဒ်မ၃၀(က)ဖြင့် အမှုဖွင့်ထားသည်။

 

တင့်လွင်

==

Advertisements
<

Leave a Reply