မော်လမြိုင်၊ ဖေဖော်ဝါရီ ၂၅ ။ ။ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များကို ဖမ်းဆီးရမိပါက ဆိုင်ကယ်ကာလပေါက်စျေးအတိုင်း ဒဏ်ငွေဆောင်ပြီး လိုင်စင်ထုတ်ပေးမည်ဖြစ်ကြောင်း မွန်ပြည်နယ် အမှတ်(၁၂)ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့(ခွဲ) ဒုတိယ ရဲမှူး ဌေးရွှေက ပြောကြားသည်။

city-cycleအဆိုပါ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များ ကို ကာလပေါက်စျေး ၏ တစ်ဝက် နှုန်းဖြင့် ဒဏ်ရိုက် ရန် စီစဉ်ထားကြောင်း ၎င်းကဆိုသည်။

ယင်း လိုင်စင်မဲ့မော်တော်ဆိုင် ကယ်၏ ကာလ ပေါက်စျေးကို သတ်မှတ်ပေးရန် ယာဉ်ထိန်းရဲ တပ်ဖွဲ့ နှင့် အခြား အဖွဲ့ များ ပါဝင်သော အဖွဲ့များ ဖွဲ့စည်းထား ပြီး ဖြစ်ကြောင်း ၎င်း ကရှင်း ပြသည်။

“သိန်းအစိတ်ဆိုရင် ဆယ့်နှစ် သိန်းခွဲ ဒဏ်ဆောင်ရမယ်၊ ဒဏ်ဆောင်ပြီးမှ ဒေသလိုင်စင် မွန်ဆိုတော့ မွန်

လိုင် စင်ထုတ်ပေးမယ်၊ မွန်ပြည်နယ်အတွင်းသွားဖို့အတွက်ပေါ့”ဟု ဦးဌေးရွှေက ပြောသည်။

ယင်းအပြင် မော်တော်ယာဉ် ဥပဒေများနှင့် ယာဉ် အန္တရာယ် ကင်းစင်ရေး အတွက် အသိပညာပေး လုပ်ငန်း များကို မွန်ပြည်နယ် အနှံ့အပြားတွင် လုပ်ဆောင်နေကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။

လိုင်စင်မဲ့ဆိုင်ကယ်များနှင့်ပတ်သက်ပြီး လိုင်စင်ပြုလုပ်ရေးသာမက ဖမ်းဆီးထိန်းသိမ်းရေးနှင့် လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်မောင်းနှင်သူများကို မော်တော်ယာဉ် ဥပဒေပါ အတိုင်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း
ဦးဌေးရွှေက ပြောသည်။

“တကယ်လို့ အသိပညာပေးပြီး ဖမ်းဆီးမယ်ဆိုရင်တော့ ဥပဒေအတိုင်း မှန်မှန် ကန်ကန် လုပ်မယ်ဆိုရင် လက် ခံနိုင်ပါတယ်၊ ပိုက်ဆံတွေချည်းပဲ ယူပြီးတော့ ဥပဒေအတိုင်း မလုပ်ဘူးဆိုရင်တော့ လက်မခံနိုင်ပါဘူး” ဟု လိုင်စင်မဲ့ဆိုင်ကယ် မောင်းနှင်သူတစ်ဦးက ဟင်္သာမီဒီယာ သို့ပြောသည်။

ဆိုင်ကယ်ဦးထုပ်မဆောင်းပါက မော်တော်ယာဉ်ဥပဒေ ပုဒ်မ (၆၂) အရ ဒဏ်ငွေသုံးသောင်းထက်မပိုသော ငွေဒဏ်၊ တစ်လထက်မပိုသော ထောင်ဒဏ် သတ်မှတ်ထားကြောင်း ပါရှိသည်။

Leave a Reply