လိုင်စင်ရ စက်သုံးဆီဆိုင် တိုးလာသော်လည်း လိုင်စင်မဲ့ဆိုင် ၃၀၀ ကျော် ရှိနေဆဲ

ထားဝယ် ဇန်နဝါရီ

တနင်္သာရီတိုင်းဒေသကြီးတွင် ပြီးခဲ့သည့်နှစ် ၂၀၁၈ ကုန်ထိ  စက်သုံးဆီဖြန့်ဖြူးရောင်းချခွင့်လိုင်စင်ရ ပုဂ္ဂလိက ဆိုင် ၆ဆိုင် ၊ မြစ်အတွင်းနှင့် ကမ်းရိုးတန်းတွင် တိုက်ရိုက်ဖြန့်ဖြူးရောင်းချမည့် ရေယာဉ်၃စီး တိုးလာကြောင်း၊ ယင်းရုံးမှ၂၀၁၈ တွင် ပြုစုထားသည့် စာရင်းအရ တိုင်းအတွင်း၌ လိုင်စင်မဲ့ စက်သုံးဆီဆိုင် ၃၀၀ ကျော် ရောင်းချလျက်ရှိကြောင်း မြန်မာ့ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်း တိုင်းရောင်းဝယ်ရေးအရာရှိရုံးထံမှ သိရသည်။

“၂၀၁၇ ခုနှစ် မတိုင်မီက (လိုင်စင်ရ) ၁၆ဆိုင်ပဲ ရှိတယ်၊၂၀၁၈မှာ တိုးလာတယ်” ဟု အထက်ပါရုံးမှ ဌာနခွဲမန်နေဂျာ ဦးသန်းထွေးက ဆိုသည်။

တိုင်းအတွင်း၌ ၂၀၁၇ နှစ်ကုန်တွင် လိုင်စင်ရ ပုဂ္ဂလိက စက်သုံးဆီဆိုင်၁၆ ဆိုင်၊ ရေယာဉ်၃စီးရှိခဲ့ပြီး ယခုအခါ  ဆိုင် ၂၂ဆိုင်၊ ရေယာဉ် ၆စီးရှိလာကြောင်း ၎င်းက ပြောသည်။ လက်ရှိအချိန်တွင် လိုင်စင်ရ ပုဂ္ဂလိကစက်သုံးဆီအရောင်းဆိုင်မှာ ထားဝယ်ခရိုင်တွင် ၁၂ဆိုင်၊ မြိတ်ခရိုင်တွင် ၆ ဆိုင်နှင့် ကော့သောင်းခရိုင်တွင် ၄ဆိုင်ရှိသည်ဟု သိရသည်။

စက်သုံးဆီ ဖြန့်ဖြူးရောင်းချရေးနှင့်ပတ်သက်၍ အရောင်းဆိုင်မှာ ထားဝယ်ခရိုင်တွင် ၃ဆိုင်၊ မြိတ်ခရိုင်တွင် ၁ဆိုင်နှင့် ကော့သောင်းခရိုင်တွင် ၁ဆိုင် တိုးလာပြီး ရေယာဉ်မှာ ထားဝယ်မြို့နယ်တွင် ၁စီး၊ မြိတ်မြို့နယ်တွင် ၂စီး ပုဂ္ဂလိက ကုမ္ပဏီတစ်ခုမှ ထပ်တိုးလာခြင်းဖြစ်သည်။

ယခုအချိန်တွင် တိုင်းအတွင်း မြန်မာ့ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်း ၊ ရုံးချုပ်၏ တည်ဆောက်မှု အ တည်ပြုပုံစံရရှိပြီးသည့်ဆိုင်မှာ ထားဝယ်ခရိုင်တွင် ၉ ဆိုင်၊ မြိတ်ခရိုင်တွင် ၃ဆိုင်၊ ကော့သောင်းခရိုင်တွင် ၃ဆိုင်၊ စုစုပေါင်း၁၅ဆိုင်ရှိကြောင်း၊ လိုင်စင်ရရှိရန် ဆောင်ရွက်ဆဲမှာ ထားဝယ်ခရိုင်တွင် ၃ဆိုင်၊ မြိတ်ခရိုင်တွင် ၂ဆိုင်၊ ကော့သောင်းခရိုင်တွင် ၇ဆိုင် စုစုပေါင်း ၁၂ ဆိုင်ရှိကြောင်း သိရသည်။

ပုဂ္ဂလိကစက်သုံးဆီအရောင်းဆိုင်၊ သိုလှောင်ကန်/စခန်းအသစ် တည်ဆောက်မည်ဆိုပါက အရောင်းဆိုင်၏ အကွက်ချပုံစံ (Layout Plan,Design ပုံစံနှင့်DetailDrawing)၊သက်ဆိုင်ရာနေပြည်တော်ကောင် စီ၊တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့၏ထောက်ခံချက်ဖြင့် လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။

တင့်လွင်

 

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.