ဆွစ်ဇာလန်၊ ဇွန် ၁၇

ဆွစ်ဇာလန်နိုင်ငံတွင် လုပ်ခလစာနှင့်အခြားမညီမျှမှုများ၊ လိင်မှုနှောင့်ယှက်မှု အကြမ်းဖက်မှုများ အဆုံးသတ်ရေးအတွက် အမျိုးသမီးများလုပ်ငန်းခွင်များမှ ထွက်ကာ စုဝေးဆန္ဒပြခြင်းကို လုပ်ဆောင်ခဲ့ကြသည်။

အဆိုပါ ဆန္ဒပြမှုသည် ဇွန်လ ၁၅ရက်နေ့က ဖြစ်ပေါ်ခဲ့ပြီး ဆွစ်ဇာလန်အတွက် ယခုကဲ့သို့ဆန္ဒပြမှုမျိုးသည် ၂၈ နှစ်အတွင်း ပထမဆုံးအကြိမ်ဖြစ်သည်။

ဆန္ဒပြသည့် အမျိုးသမီးရာပေါင်းများစွာတို့သည် အစဉ်အလာလုပ်ကိုင်လေ့ရှိသည့် အိမ်တွင်းလုပ်သားများ၊ ဆရာမများနှင့် လူနာစောင့်များအတွက် လစာများသိသိသာသာတိုးပေးရန်လည်း တောင်းဆိုခဲ့ကြသည်။

ထိုလှုပ်ရှားမှုအထိမ်းအမှတ်အဖြစ် ခရမ်းရောင်ကိုသတ်မှတ်ထားပြီး ဘန်းမြို့တော်မှ ပါလီမန်အပြင်ဘက်၌ ခရမ်းရောင်လွှမ်းသည့်အမျိုးသမီးေထာင်ချီ ပါဝင်ဆင်နွှဲခဲ့ခြင်းဖြစ်သည်။အချို့ဆန္ဒပြသူများက ဘဏ္ဍရေးဗဟို ဇူးရစ်၏ ပင်မဘူတာရုံကိုလည်း ပိတ်ဆို့ဆန္ဒပြခဲ့ကြသည်။

ဆွစ်ဇာလန်ရှိ အင်ဂျင်နီယာအလုပ် ရှစ် ရာခိုင်နှုန်းသာ အမျိုးသမီးများရှိကြောင်း၊ အိမ်တွင်းအကူလုပ်ငန်းတွင်မူ အမျိုးသမီး ၉၁ ရာခိုင်နှုန်းရှိကြောင်း ဆန္ဒပြသူများကထောက်ပြခဲ့သည်။

ဆွစ်ဇာလန်နိုင်ငံတွင် ပျမ်းမျှ တူညီသောအလုပ်တစ်ခုတွင် အမျိုးသမီးများသည် အမျိုးသားများထက် လစာ ၁၂ ရာခိုင်နှုန်း နည်းပါးကြောင်းလည်း ၂၀၁၆ ခုနှစ်တရားဝင်စာရင်းတစ်ခုအရ သိရသည်။

စီးပွားရေးလုပ်ငန်းအချို့က အဆောက်အအုံများတွင် ခရမ်းရောင်လိုဂိုများ၊ ဘောလုံးများ လွှတ်တင်ခြင်းဖြင့် ဆန္ဒပြသူများကို ထောက်ခံခဲ့ကြသည်။

နိုင်ငံတကာအလုပ်သမားအဖွဲ့၏ မကြာမီက အစီရင်ခံစာအရ ဆွစ်ဇာလန်သည် ဥရောပနှင့် ဗဟိုအာရှတွင် ကျားနှင့်မအကြား အထက်တန်းလွန်ပညာရေး ကွာဟချက်အများဆုံးနိုင်ငံတစ်ခုြဖစ်ကြောင်း ဖော်ပြခဲ့သည်။

ထို့ပြင် ၂၀ဝ၉ ခုနှစ်နှင့် ၂၀၁၈ အကြား လူသေမှု ၂၄၉ မှုရှိသည့်အနက် သေဆုံးသူ ၇၅ ရာခိုင်နှုန်းသည် အမျိုးသမီးများဖြစ်ကြ၍ အမျိုးသမီးများ ပိုမို အကြမ်းဖက်ခံရမှုကို ဖော်ပြနေသည်။

Ref: CNN

Leave a Reply