Advertisements

ရန်ကုန်၊ အောက်တိုဘာ ၁၉ ရက်။

လုပ်ငန်းအကောင်အထည်ဖော်ခြင်း မရှိသည့် နိုင်ငံပိုင်အဆောက်အအုံနှင့် မြေကွက်များကို နိုင်ငံပိုင်အဖြစ် ပြန် လည်သိမ်းယူပေးရန် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် တင်သွင်းခဲ့သည့်အဆိုကို သက်ဆိုင်ရာတိုင်းအစိုးရ အဖွဲ့ဝင်က အောက်တိုဘာ ၂၆ ရက်တွင် ကျင်းပမည့် ရန်ကုန်တိုင်းလွှတ်တော်အစည်းအဝေးတွင် ပြန်လည် ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

လုပ်ငန်းအကောင်အထည်ဖော်ခြင်းမရှိသည့် နိုင်ငံပိုင်အဆောက်အအုံနှင့် မြေကွက်များ ပြန်လည်သိမ်းယူပေး ရန်အဆိုကို အောက်တိုဘာ ၁၉ ရက်တွင်ပြုလုပ်သည့် တိုင်းလွှတ်တော်အစည်းအဝေးတွင် လွှတ်တော်ကိုယ်စား လှယ်(၉)ဦးက ထောက်ခံဆွေးနွေးခဲ့ပြီး ပြည်ထောင်စုအစိုးရနှင့် တိုင်းအစိုးရအဖွဲ့က ညှိနှိုင်းအကောင်အထည် ဖော်ဆောင်ရွက်ပေးရန်လိုကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခဲ့သည်။

“အမှန်တကယ်လုပ်ငန်းမလုပ်တဲ့ နိုင်ငံပိုင်မြေကွက်တွေ၊ အဆောက်အအုံတွေကို သက်ဆိုင်အစိုးရအဖွဲ့က စီမံ ခန့်ခွဲလို့ရတယ်။ တချို့မြေကွက်နဲ့အဆောက်အအုံတွေက ပြည်ထောင်စုအဆင့်က ပါဝင်ဆောင်ရွက်လို့ရမှာဖြစ် တဲ့အတွက် တိုင်းအစိုးရနဲ့ ညှိနှိုင်းဆောင်ရွက်ကြမယ်ဆိုရင် ပြည်သူတွေရဲ့လူနေမှုဘဝတွေအတွက် များစွာအ ထောက်အကူဖြစ်စေမှာပါ။ လုုပ်ငန်းအကောင်အထည်ဖော်ခြင်းမရှိတဲ့ နိုင်ငံပိုင်အဆောက်အအုံတွေကို ရယူထား တဲ့သူတွေကို ခေါ်ယူသတိပေးညှိနှိုင်းခြင်းကို အမြန်ဆုံးဆောင်ရွက်သွားသင့်ပါတယ်။”ဟု ဗိုလ်တထောင်မြို့နယ် မှ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ထူးကပြောသည်။

ကျောက်တန်းမြို့နယ်အတွင်းရှိစက်မှုဇုန်များတွင် လုပ်ငန်းဆောင်ရွက်ခြင်းမရှိသည့်စက်ရုံများရှိနေပြီး တာမွေမြို့ နယ်ရှိယခင်အမျိုးသားစာကြည့်တိုက်မြေနေရာဟောင်းတွင်လည်း ပုဂ္ဂလိကလုပ်ငန်းများဆောင်ရွက်ခွင့်ပြုထား ခြင်းကို ဥပဒေနှင့်အညီ ပြန်လည်စိစစ်ပေးရန်လိုကြောင်း ကျောက်တန်းမြို့နယ်နှင့် တာမွေမြို့နယ်တို့မှ လွှတ် တော်ကိုယ်စားလှယ်များက ၎င်းတို့မဲဆန္ဒနယ်မြေများအတွင်းမှ အခြေအနေများကို ဆွေးနွေးခဲ့သည်။

အမှန်တကယ်လုုပ်ငန်းဆောင်ရွက်ခြင်း မရှိသည့် စိုက်ပျိုးမြေကွက်များကို ပြန်လည်စိစစ်ကာ ဒေသခံများကို ပေး အပ်မည်ဆိုပါက လယ်သမားများ လယ်မဲ့ယာမဲ့ဘဝမှ လွတ်မြောက်သွားမည်ဖြစ်ကြောင်း ကျောက်တန်းမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်သက်မူကတိုက်တွန်းလိုက်သည်။

“ကျွန်မတို့ ကျောက်တန်းမြို့နယ်အတွင်းမှာလည်း လယ်ယာမြေတွေကို စက်မှုဇုန်အကောင်အထည်ဖော်ရန် လွန်ခဲ့တဲ့နှစ်(၂၀)တည်းကသိမ်းယူထားပေမယ့် သီလဝါစက်မှုဇုန်က ပြည်တွင်းစက်မှုဇုန်ဧရိယာမှာ လုပ်ငန်းအ ကောင်အထည်ဖော်တဲ့စက်ရုံ(၆)ခုသာရှိပြီး ကျန်မြေများကို အကောင်အထည်ဖော်ဆောင်နိုင်ခြင်းမရှိပါသဖြင့် ဥပဒေနှင့်အညီ နိုင်ငံတော်နှင့် ပြည်သူ့အကျိုးအတွက် ပြန်လည်စိစစ်ဖို့လိုအပ်ပါတယ်။”ဟု ကျောက်တန်းမဲဆန္ဒ နယ်မှ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်သက်မူက ပြောသည်။

အဆိုကို လွှတ်တော်ကိုယ်စားလှယ်(၉)ဦးက ထောက်ခံဆွေးနွေးခဲ့အပြီးတွင် အောက်တိုဘာ ၂၆ ရက်တွင် ပြု လုပ်မည့် တိုင်းလွှတ်တော်အစည်းအဝေးတွင် သက်ဆိုင်ရာအစိုးရအဖွဲ့ဝင်က လာရောက်ဆွေးနွေးမည်ဖြစ် ကြောင်း တိုင်းလွှတ်တော် ဥက္ကဌ ဦးတင်မောင်ထွန်းက ကြေညာခဲ့သည်။

“ဥပဒေက ရှိပြီးသားပါ။ တိုက်တွန်းစရာတောင်မလိုဘူးလို့ ပြောလိုပါတယ်။ အဆိုဟာ အတည်ပြုသည်ဖြစ်စေ၊ မှတ်တမ်းတင်သည်ဖြစ်စေ၊ ဥပဒေအတိုင်းအကောင်အထည်ဖော်ရမှာ။ အစိုးရအနေနဲ့ ဥပဒေအတိုင်းမလုပ်ဘဲနဲ့ လွှတ်တော်မှာလည်း ဝန်ကြီးတစ်ဦးက ဖြေသွားပါတယ်။ ဥပဒေအရမဟုတ်ဘဲ လူမှုရေးအရလည်း ကြည့်ရတယ် ဆိုတာမျိုး ကျွန်တော်တို့ မဖြစ်စေချင်ပါဘူး။ ဥပဒေက ဥပဒေအတိုင်းပဲ လုပ်စေလုပ်ချင်တယ်လို့ ပြောဆိုရင်း တိုက်တွန်းလိုက်ပါတယ်။”ဟု ဒဂုံမြို့နယ်မှတိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက aပြာသည်။

အဆိုကို အောက်တိုဘာ ၃ ရက်တွင်ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး၊ နဝမနေ့တွင် မင်္ဂလာတောင်ညွန့်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက တင် သွင်းခဲ့ခြင်းဖြစ်သည်။

Written by – MMK

Advertisements
<

Leave a Reply