Advertisements

ချောင်းဆုံ ၊ စက်တင်ဘာ

အကြမ်းဖက်မှုကို ကြိုတင်ကာကွယ်သည့်အနေဖြင့် လုံခြုံရေးအရ နှစ်စဉ်ကျင်းပမြဲဖြစ်သော ရိုးရာဓလေ့ပွဲတော်များမှအပ ကျန်ပွဲလမ်းသဘင်များကို လျှော့ချသင့်သည်ဟု ချောင်းဆုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးထွန်းအောင်ကျော်က ဆိုသည်။

“ရိုးရာပွဲတွေကလွဲရင် လူစုလူဝေး ခဏခဏမလုပ်စေချင်ဘူး။ ပျော်ပွဲရွှင်ပွဲတွေထက် ဒေသ လုံခြုံရေး ၊ တည်ငြိမ် အေးချမ်းရေးက အရေးကြီးတယ်။ လျှော့ချသင့်တဲ့ပွဲတွေကိုလျှော့ချဖို့လိုတယ်”ဟု ၎င်း ကဆိုသည်။

ဒေသတွင် ပွင့်လင်းရာသီရောက်သည်နှင့် မီးထွန်းပွဲ ၊ ကထိန်ပွဲ၊ ရွာစဉ်ဆွမ်းကြီးလောင်းပွဲ ၊ ရှင်ဥပဂုတ္တပူဇော်ပွဲ ၊ ရွာစဉ်ရိုးရာဘုရားပွဲတော်များတွင် ဇာတ်ပွဲများထည့်သွင်းပါဝင်လေ့ရှိကြောင်း မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဦးက ဆိုသည်။

“ချောင်းဆုံမြို့နယ်မှာ တစ်နှစ်ကို ဇာတ်ပွဲထည့်သွင်း ကျင်းပတဲ့ပွဲကြိမ်ရေ ၁၅၀ ကနေ ၂၀၀ ကြားမှာရှိတယ်။ ရိုးရာပွဲမဟုတ်တဲ့ ရဟန်းခံရှင်ပြုပွဲ ၊ မင်္ဂလာပွဲ ၊ အလှူပွဲတွေမှာလည်း ဇာတ်ပွဲထည့်သွင်းတာတွေလည်းရှိတယ်” ဟု ၎င်း ကပြောသည်။

မော်လမြိုင်မြို့အပါအဝင် မြို့ကြီးများ၌ အကြမ်းဖက်မှုများဖြစ်ပေါ်လာနိုင်သည့်အတွက် နိုင်ငံတော်မှ သတိပေးကြေညာချက်ထုတ်ပြန်ထားပြီး ဘာသာရေးနှင့်စပ်လျဉ်းသော နေရာများလည်း အပါအဝင်ဖြစ်ခြင်းကြောင့် ပျော်ပွဲရွှင်ပွဲများလျော့ချရန်လိုအပ်ကြောင်းသိရသည်။

ဗိုလ်ချုပ်အောင်ဆန်းတံတား (ဘီလူးကျွန်း) ရှိလာပြီဖြစ်၍ ပွဲတော်ကျင်းပရာသို့ နယ်ပေါင်းစုံမှ ဧည့်ပရိသတ် များလည်း ပါဝင်လာနိုင်ပြီ း ပွဲတော်တွင် အဖျက်အမှောင့်လုပ်ရပ်များမဖြစ်ပေါ်စေရေးအတွက် ယခင်နှစ်များ ထက် လုံခြုံရေးကို ပိုမိုဂရုစိုက်ရန် လိုအပ်လာပြီးဖြစ်ကြောင်းချောင်းဆုံမြို့မရဲစခန်းမှ သိရသည်။

Written y – လွတ်လပ်မောင်(ယက္ခမြေ)

 

Advertisements
<

Leave a Reply