ယင်းပိုးကောင်ဝါများ ထွက်ပေါ်လာခြင်းသည် ဆယ်ရက်ခန့်သာရှိသေးပြီး မည်သည်ကနေတစ်ဆင့် ရောက်လာခြင်းကိုမသိရှိကြောင်းနှင့် ၎င်းတို့နှင့်ထိမိပါက ယားယံပြီး အဖုအပိန့်များထွက်လာကြောင်း သိရသည်။

ရန်ကုန်၊ ဒီဇင်ဘာ ၂၆
ပဲခူးတိုင်းအနောက်ဘက်အခြမ်းတွင် ယခုရက်ပိုင်းအတွင်း ထွက်ပေါ်လာတတ်သည့် လိပ်ပြာသဏ္ဍာန် ယားယံစေတတ်သည့် ပိုးကောင်ဝါများကို ကျန်းမာရေးဝန်ကြီးဌာနနှင့်ပူးပေါင်းပြီး ဆေးဖျန်း နှိမ်နင်းခြင်းများပြုလုပ်သွားမည်ဖြစ်ကြောင်း ရွှေတောင်မဲဆန္ဒနယ်မှ ပဲခူးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညွန့်ဝေက ပြောကြားသည်။
ယင်းပိုးကောင်ဝါများ ထွက်ပေါ်လာခြင်းသည် ဆယ်ရက်ခန့်သာရှိသေးပြီး မည်သည်ကနေတစ်ဆင့် ရောက်လာခြင်းကိုမသိရှိကြောင်းနှင့် ၎င်းတို့နှင့်ထိမိပါက ယားယံပြီး အဖုအပိန့်များထွက်လာကြောင်း ၄င်းကပြောကြားသည်။
“ဒီကောင်လေးတွေကို မနက်ပိုင်းရော ညပိုင်းရောတွေ့ရတယ်ဗျ အခုလောလောဆယ်ကတော့ ဖျန်းဆေးပေါ့ ဖျန်းဆေးနဲ့ပဲလိုက်ဖျန်းနေရတာပေါ့ ဝါဝါအကောင်လေးတွေဗျ” ဟု၄င်း ကပြောကြားသည်။
ယင်းပိုးကောင်ဝါများကို ယခင်က တွေ့ရှိဖူးခြင်းမရှိပဲ ညပိုင်းတွင် အလင်းရောင်ရှိသော နေရာများတွင် အုပ်စုဖွဲ့နေကြကြောင်းပြီး လက်ရှိအချိန်တွင် ပဲခူးတိုင်းအနောက်ဘက်ခြမ်းရှိ နေရာအနှ့ံအပြားတွင်တွေ့ရှိရကြောင်း ဒေသခံများထံမှသိရသည်။
“ဆေးကတော့ဘာမှ ထွေထွေထူးထူးတော့မလိမ်းပါဘူး ဘာမီတွန်နဲ့ သနပ်ခါးနဲ့ရောလိမ်းလိုက်တာပဲ ဆေးမလိမ်းပဲထားရင်တော့ အတော်ယားတာမခံနိုင်ဘူး လူကြီးတွေတောင်မခံနိုင်တာ ကလေးတွေ ဆိုပိုဆိုးပေါ့ အရင်ကဒါမျိုးမတွေ့ဖူးဘူး” ဟု အဆိုပါ ပိုးကောင်ထိမိသူ ဒေသခံတစ်ဦးဖြစ်သူ ဦးမော်စီကပြောကြားသည်။
ယင်းအပြင် အဆိုပါ လိပ်ပြာသဏ္ဍာန် ယားယံစေတတ်သည့် ပိုးကောင်ဝါများကို မကွေးတိုင်းဒေသကြီး အောင်လံဘက်တွင်လည်း တွေ့ရပြီး လက်ရှိအချိန်တွင် သက်ဆိုင်ရာ ကျန်းမာရေးဦးစီးဌာနများမှ သတိပေးချက်များထုတ်ပြန်ထားပြီး ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း ပဲခူးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညွန့်ဝေကဆိုသည်။

Leave a Reply