လူကို ခွေးက သေနတ်နှင့် ပစ်

အသက် ၇၄ နှစ်အရွယ် ဂီလီဂန်သည် ချာလီ၊ စကူတာနှင့် ကောင်းဘွိုင်ခေါ် ခွေးသုံးကောင်နှင့်အတူ နယူးမက္ကဆီ ကိုရှိ လာ့စ်ခရုစ်အနောက်ပိုင်းရှိ ကန္တာရတွင် ယုန်လိုက်သွားခဲ့သည်။
ဂီလီဂန်မှာ ခွေးများနှင့်အတူ ပစ်ကပ်ကားပေါ်တွင် ထိုင်နေစဉ် သေနတ်နှင့် ပစ်ခံ ထိသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ချာလီရဲ့ ခြေထောက်က သေနတ်မောင်းထဲ ဝင်သွားတယ်။ ကျွန်တော်က ရှေ့ကုန်းအကုန်း၊ သူကလည်း ခုံပေါ်ကနေ ရှေ့ကို လျှောအကျမှာ သေနတ်မောင်းကို ဆွဲမိသလိုဖြစ်ပြီး ကျွန်တေ်ာ့ကို ပစ်မိသွားတယ်။ တကယ့်ကို ထူးဆန်းတဲ့ မတော်တဆပဲ။ ဒါပေမယ့် တကယ်ဖြစ်ခဲ့တာ” ဟု ဂီလီဂန်က ပြောသည်။

သေနတ်မှာ ချာလီနှင့်အတူ ကားနောက်ခုံတွင်ရှိနေခဲ့ခြင်းဖြစ်ပြီး ကျည်ဆန်က ဂီလီဂန်၏ ခုံကို ဖောက်ဝင်လျက် နောက်ကျောကို ထိမှန်သွားခြင်းဖြစ်ကာ နံရိုးအချို့ကျိုးသွားခဲ့သည်။ ထို့အပြင် ညှပ်ရိုးကျိုးသွားခဲ့ပြီး အခြားသော ပြင်းထန်သည် ဒဏ်ရာများရသွားခဲ့သည်။

ပထမတွင် သူ့ကို တစ်ယောက်ယောက်က ကားနောက်မှ လှမ်းပစ်ခြင်းဖြစ်မည်ဟု ထင်ခဲ့သော်လည်း ထိုကျည်ဆန်မှာ သူ့သေနတ်မှ လာခြင်းဖြစ်သည်ကို သဘောပေါက်သွားသည်ဟု ဆိုသည်။

“ကံကောင်းချင်တော့ ဖုန်းကို လှမ်းကိုင်မိလိုက်တယ်။ အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့က ကျွန်တော့်အသက်ကို ကယ်ပေးခဲ့တာ။ တကယ်လို့ ဆယ်မိနစ်လောက်သာ နောက်ကျရင် ကျွန်တော် သေနေလောက်ပြီ။ သွေးတွေ အများကြီး ထွက်ထားတာကိုး” ဟု သူက ပြောသည်။

ရဲအရာရှိများ၊ နယ်စပ်ရေးရာ လုံခြုံရေးအဖွဲ့များ၊ နယူးမက္ကဆီကို ရဲတပ်ဖွဲ့တို့က အခင်းဖြစ်ပွားရာသို့ လာရောက်စစ်ဆေးခဲ့ရာ ဂီလီဂန်ကို သူ၏ ထရပ်ကားဘေးတွင်ပင် သေနတ် ဒဏ်ရာနှင့်အတူ တွေ့ခဲ့ရသည်ဟုဆိုသည်။ ထို့နောက် အယ်လ်ပါဆိုရှိ တက္ကသိုလ်ဆေးရုံသို့ ဟယ်လီကော်ပတာဖြင့် သယ်ပို့ ပေးခဲ့သည်။

၎င်းအား ခွဲစိတ်မှုပေါင်းများစွာ ပြုလုပ်ခဲ့ပြီး ယခုအခါတွင်သော အသက်ဆက်ရှင်ခဲ့သည်။ ယခုအခါတွင်တော့ ချာလီ၊ စကူတာနှင့် ကောင်းဘွိုင်တို့မှာ သေနတ်ပစ်ခတ်မှု ဖြစ်ပွားပြီးကတည်းက ထောင်ထဲသို့ ပို့ခံလိုက်ရသည်။ ထောင်ဆိုသည်မှာ မဆီလာ ဗယ်လီရှိ တိစ္ဆာန် ထိန်းသိမ်းရေးစင်တာကို ပြော ခြင်းဖြစ်သည်။
“မတော်တဆ ဖြစ်သွားတာပါ။ ဒါပေမယ့် ချာလီက ကျွန်တော့်ကို တမင်ပစ်ခဲ့တာလား မေးမေးပြီး ကျွန်တော့်ကိုလို့ ဝိုင်းစကြတယ်။ တကယ်တော့ ချာလီက တကယ် ချစ်တတ်တဲ့ ခွေးကလေးပါ။ ဘယ်သူ့ကို တမင် နာကျင်အောင် လုပ်မှာ မဟုတ်ဘူး” ဟု ဂီလီဂန်က ပြောသည်။

ဂီလီဂန်ကတော့ သူ့ခွေးကလေးတွေကို ချစ်နေဆဲဖြစ်သည်ဟု ဆိုပါသည်။ ထိုခွေးများကို ခွေးပေါက်ကလေးဘဝကတည်းက ဂီလီဂန်က မွေးထားခြင်းဖြစ်သည်။

Source: Las Cruse News
==

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.