(ဓါတ်ပုံ အညွှန်း – မော်လမြိုင်အဝေးပြေးကားဝင်းအရှေ့တွင် လူကုန်ကူးမှုမဖြစ်ပွားစေရန် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုမှ အသိပညာပေးဆိုင်းဘုတ်ဖြင့် ကြော်ငြာထားခြင်း)

ထိုင်းနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံသို့ လူကုန်ကူးခံရသည့် မြန်မာလုပ်သားများနှင့် တရားမဝင်လုပ်သားများကို ၂၀၁၅ ခုနှစ်က ပြည်တွင်းသို့ ပြန်လည်ပို့ဆောင်ရာတွင် မွန်ပြည်နယ်ဒေသခံ အများဆုံးပါဝင်ခဲ့ကြောင်း မွန်ပြည်နယ်လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ထံမှ သိရသည်။

အင်ဒိုနီးရှားနိုင်ငံမှ မြန်မာနိုင်ငံသို့ လွှဲပြောင်းပေးခဲ့သော လူကုန်ကူးခံရသူနှင့် တရားမဝင်လုပ်သားများ ၅၃၅ ဦး ထဲတွင် မွန်ပြည်နယ်မှ ၁၂၃ ဦးပါဝင်ခဲ့ပြီး၊ ထိုင်းနိုင်ငံဘက်သို့ လူကုန်ကူးခံရသည့် မြန်မာလုပ်သား ၃၀ ဦးကို ထိုင်းအစိုးရဘက်က မြန်မာနိုင်ငံသို့ လွှဲပြောင်းေ ပးခဲ့ရာ တိုင်းနှင့်ပြည်နယ် ခုနှစ်ခုတွင်လည်း မွန်ပြည်နယ်မှ လုပ်သားသည် အများဆုံးဖြစ်နေကြောင်း မွန်ပြည်နယ်လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ မှတ်တမ်းအရ သိရသည်။

(ဓါတ်ပုံ အညွှန်း –  မော်လမြိုင်အဝေးပြေးကားဝင်းအရှေ့တွင် လူကုန်ကူးမှုမဖြစ်ပွားစေရန် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုမှ အသိပညာပေးဆိုင်းဘုတ်ဖြင့် ကြော်ငြာထားခြင်း)
(ဓါတ်ပုံ အညွှန်း – မော်လမြိုင်အဝေးပြေးကားဝင်းအရှေ့တွင် လူကုန်ကူးမှုမဖြစ်ပွားစေရန် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုမှ အသိပညာပေးဆိုင်းဘုတ်ဖြင့် ကြော်ငြာထားခြင်း)

“လူကုန်ကူးခံရတယ်ဆိုတာ တဖက်နိုင်ငံကို အထင်ကြီးပြီးတော့ အလုပ်သွားလုပ်တဲ့သူရယ်၊ ဉာဏ်ပညာ နည်းပါးတဲ့သူ၊ အလုပ် အကိုင်သစ် ရှာဖွေချင်တဲ့သူ၊ အဓိကကတော့ အလုပ်အကိုင် ရှားပါးခြင်းကြောင့် လူကူးခံရတယ်”ဟု မွန်ပြည်နယ်လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့စုမှုး တပ်ဖွဲ့စု (၉) မော်လမြိုင် ဒုရဲမှုး ဦးအောင်ဝင်းက ပြောသည်။

ထိုင်းအစိုးရဘက်မှ လွှဲပြောင်းပေးသည့် မြန်မာ့လုပ်သားများသည် မွန်၊ ကရင်၊ ရှမ်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းနှင့် တနင်္သာရီ တိုင်းဒေသကြီးများမှ မြန်မာလုပ်သားများဖြစ်ပြီး ယင်းထဲတွင် အမျိုးသား ၁၆ ဦး၊ အမျိုးသမီး လေးဦးနှင့် ကလေး ၁ဝ ဦးပါဝင်ကြောင်း မွန်ပြည်နယ်လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ထံမှ သိရသည်။

“ပြည်သူတွေကို မှာချင်တာက တရားဝင်သွားရောက်ပါ၊ ဥပဒေရဲ့ အကာအကွယ်ရယူပြီးမှ သွားပါ၊ မဟုတ်ရင် ဥပဒေ အကာအကွယ် မရဘူး” ဟု ဒုရဲမှူးအောင်ဝင်းက ဆက်ပြောသည်။

Leave a Reply