ရပ်ရွာလူထုအခြေပြုခရီးသွားလုပ်ငန်းလုပ်ကိုင်နေသည့် စမ်းလှမ်းကမ်းခြေမှ မြင်ကွင်းအချို့ (သတင်းဓါတ်ပုံ- တင့်လွင်)

ထားဝယ် မတ်

ရေးဆွဲပြီးနေပြီဖြစ် သည့် လူထုအခြေပြုအပန်းဖြေစခန်းများဥပဒေ (CBT Law) မူကြမ်းကို တနင်္သာရီတိုင်းအတွင်း ထားဝယ်၊ မြိတ်နှင့် ကော့သောင်းခရိုင်များရှိ လူထုထံ ချပြရန် ပြင်ဆင်လျက်ရှိကြောင်း တိုင်းဒေသကြီးလွှတ်တော်ရုံးထံမှ သိရသည်။

ယင်းမတိုင်မီတွင် ခရီးသွားလုပ်ငန်းနှင့်ပတ်သက်၍ နားလည်ကျွမ်းကျင်သည့်ပုဂ္ဂိုလ်များကို လွှတ်တော်သို့ အစည်းအဝေးတစ်ကြိမ်ခေါ်ယူပြီး ယင်းဥပဒေနှင့်ပတ်သက် ၍လစ်ဟာချက်နှင့် ကောင်းကွက်များကိုသုံးသပ်ဝေ ဖန်ပြင်ဆင်မည်ဖြစ်ကြောင်းတိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေး က ပြောကြားသည်။

“ပြီးတော့မှပြည်သူလူထုကိုချပြမယ်”ဟု ဆိုသည်။

ယခုအချိန်တွင် ရပ်ရွာလူထုအခြေပြုခရီးသွားလုပ်ငန်း (Community Base Tourism -CBT)ကို ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊စမ်းလှမ်းကျေးရွာတွင် လုပ်ကိုင်လျက် ရှိပြီး မြိတ်ခရိုင်၊ကျွန်းစုမြို့နယ်၊ဒုံးညောင်းမှိုင်းကျေးရွာတွင်လည်းလုပ်ဆောင်ရန်ပြင်ဆင်လျက်ရှိသည်ဟုတိုင်းဒေသကြီးဟိုတယ် နှင့်ခရီးသွားညွန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

ထို့အတူ ကော့သောင်းခရိုင်၊ မကြုံကလက်ကျေးရွာတွင်လည်းရပ်ရွာလူထုအခြေပြုခရီးသွားလုပ်ငန်း လုပ်ဆောင် ရန်စီစဉ်လျက်ရှိသည်ဟုသိရသည်။

ယင်းသို့CBTလုပ်ငန်းများလုပ်ကိုင်နေရသော်လည်း လူထုအခြေပြုအပန်းဖြေစခန်းများဥပဒေမရှိသေး၍ ဥပဒေဖြင့်ပြန်ထိန်းလိုက်ခြင်းအားဖြင့် လူထုအခြေပြုအပန်းဖြေစခန်းများပီပီပြင်ပြင်ပေါ် လာမည့် အကျိုးကျေးဇူးများရရှိလာမည်ဟုတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင် အေး က သုံးသပ်ပြောဆိုသည်။

ယင်းဥပဒေတွင်ကြီးကြပ်ရမည့်ကော်မတီ၊လုပ်ဆောင်ရမည့်အချက်များ၊နိုင်ငံတော်သို့ပေးသွင်းရမည့်အခွန်ငွေ၊ ရပ်ရွာအကျိုးပြုလုပ်ငန်းအတွက်မည်မျှ ရာခိုင်နှုန်းယူမည်၊ ပြည်သူများက မည်သည့်အခန်းကဏ္ဍမှပါဝင်မည် စသည် တို့ပါဝင်မည်ဟု သိရသည်။

လက်တလောတွင်လူထုအခြေပြုအပန်းဖြေစခန်းများလုပ်ကိုင်ရန်သတ်မှတ်လိုက်သော်လည်းအောက်ခြေတွင် သွားရောက်ကြည့်ရှုစဉ် ပီပြင်စွာလုပ်ဆောင်နိုင်ခြင်း မရှိဘဲဖြစ်နေသည်ကို သိရကြောင်း လွှတ်တော်ဥက္ကဋ္ဌက ထောက်ပြသည်။

ယင်းဥပဒေကို ပြည်သူလူထုအား ရှင်းပြခြင်းဖြင့် လူထုက သိရှိလာပြီးတက်ကြွစွာပါဝင်လာခြင်းဖြင့် ပြည်သူလူထု အကျိုးကျေးဇူးများမည့်အပြင်လူထုအခြေပြုအပန်းဖြေ စခန်းများ တွင်ကျယ်လာမည်ဟု မျှော်လင့် ထားကြောင်း၎င်းက ပြောသည်။

သြင်္ကန်အပြီးတွင် ဆက်လက်ပြုလုပ်မည့် ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် (၁၂)ကြိမ်မြောက်ပုံမှန်အစည်းအေဝးတွင် ဖော်ပြပါ ဥပဒေမူကြမ်းကိုလွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခြင်း၊ အတည် ပြုရန်အဆိုတင်သွင်းခြင်းနှင့်လွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်းတို့လုပ်ဆောင်နိုင်ရန်စီစဉ်ထားသည်ဟုသိရသည်။

တင့်လွင်

Leave a Reply