Advertisements

မော်လမြိုင်၊ ဖေဖော်ဝါရီ ၁၆

ကျိုက်ထိုမြို့နယ် မုပ္ပလင်ကျေးရွာ မြို့သစ် ၂ ရပ်ကွက်ရှိတော်ဝင်ရိုးမ ကုမ္ပဏီ ကျောက်ခွဲစက်ကြောင့် လူနှင့် ပတ်ဝန်းကျင်ကို ဆိုးကျိုးသက်ရောက်၍ ထိခိုက်မှုများရှိနေသဖြင့် ဒေသခံ ရဟန်းရှင်လူများက ဖေဖော်ဝါရီ ၁၅ ရက်နေ့က မော်လမြိုင်မြို့ မြန်မာပြည်တောင်ပိုင်း
ဂျာနယ်လစ်ကွန်ရက်ရုံးတွင် မီဒီယာနှင့်တွေ့ဆုံ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

ဦ းကေလာသက “ ပြည် ထဲရေး ဝန်ကြီးဌာနက ဗိုလ်ချုပ်အောင်စိုးရဲ့ အဖြေမှာထဲက ပါပြီးသား၊ လူနေအိမ်တွေနဲ့ ၇မိုင်ခွဲဝေးတဲ့ ကျောက်မိုင်းထဲမှာသွားလုပ်ပါဆိုတာ ပါပြီးသား၊ အဲဒါကိုသူတို့က ကျောက်မိုင်းနေရာမှာလည်း စက်အသစ်တစ်လုံးဆောက်ပြီးတော့ ဒီရပ်ကွက်ထဲမှာရှိတဲ့ ဟာတွေလည်း မဖျက်ဘဲနဲ့ ပြန်လည်ပတ်တယ်။ အဲဒါက ဦးဇင်းတို့ကို နားလှည့်ပါးရိုက်လုပ်တာပဲ” ဟု မိန့်ကြားသည်။

Advertisements
data-language="en"

ယင်းကျောက်ခွဲစက်မှထွက်ရှိလာသည့် ကျောက်မှုန့်များကြောင့် လူနှင့် ပတ်ဝန်းကျင်ရှိ သီးပင်စားပင် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့်အတွက် ကျိုက်ထိုမြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှမြင့်သန်းက ယမန်နှစ် ဇူလိုင်လက နေပြည်တော်၊ အမျိုးသားလွှတ်တော် အစည်းအဝေး၌ ကြယ်ပွင့်ပြမေးခွန်းအဖြစ်မေးမြန်းခဲ့သည်။

၎င်းမေးခွန်းကို ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက မွန်ပြည်နယ်အစိုးရအဖွဲ့ကိုယ်စား ပြန်လည် ဖြေဆိုခဲ့ရာတွင် ကျောက်ခွဲစက်မှာ EMP ခေါ် ပတ်ဝန်းကျင် စီမံခန့်ခွဲမှုအစီအစဉ် ရေးဆွဲထားမှု မရှိခြင်း၊ လူနေအိမ်ခြေများအနီးရှိနေခြင်းကြောင့် အသံဆူညံမှုနှုန်းနှင့် ကျောက်မှုန့်များ ပျံ့လွင့်လာသဖြင့် အဆောက်အဦများ ညစ်ညမ်းမှုများ ဖြစ်ပေါ်နေသည့်အပြင် ၂၃၀ ကေဗွီ ဓာတ်အားလိုင်း အနီးတွင်ရှိ၍ ဓာတ်အားစနစ် ထိခိုက်စေနိုင်ကြောင်း၊ ကျောက်ထုတ်လုပ်မှုကို ယာယီ ပိတ်သိမ်းရန်နှင့် နေရာရွှေ့ပြောင်းရန်ညွှန်ကြားထားကြောင်း တုံ့ပြန်ဖြေကြားထားခဲ့သည်။

ဦးကေလာသက ဖြည့်စွက်မိန့်ဆိုသည်မှာ ယခုလိုစစ်ဆေးတွေ့ရှိချက်များ ရှိခဲ့သော်လည်း တော်ဝင်ရိုးမကုမ္ပဏီက ၎င်းးတို့ကျောက်ခွဲစက် ပြန်လည်လည်ပတ်ခွင့်ကို မွန်ပြည်နယ်အစိုးရအဖွဲ့ရုံးက ပြန်လည်ခွင့်ပြုလိုက်ပြီဟုဆိုကာ ကျေးရွာအုပ်ချုပ်ရေးမှူးကို စာပြန်လည် ပေးပို့ခဲ့ပြီး ဖေဖော်ဝါရီလ ၉ ရက်နေ့အထိ ထပ်မံလည်ပတ်ခဲ့သည်ဟူ၍ ဖြစ်သည်။

ယင်းအပြင် မြို့သစ် ၂ ရပ်ကွက် ဒေသခံ ဒေါ်စိန်လှက“အခုလို ကျောက်ခွဲစက် ပြန်လည် လည်ပတ်မှုတွေကြောင့်အနီးမှာရှိတဲ့ သီးနှံပင် ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ပေါ်နေပြီးကျောက်မှုန်တွေကြောင့် ကလေးတွေရဲ့ ကျန်းမာရေးတွေထိခိုက်မှုတွေ ဖြစ်ပေါ်နေတယ” ဟု ပြောဆိုသည်။

“အိမ်က မြေးလေးဆိုလည်း ဆေးရုံတက်ရတယ် ။ဘာကြောင့်လဲဆိုတော့ ကျောက်မှုန်တွေဝင်တော့ ရင်ကျပ်တယ်။ တစ်နွေတည်းကို ဆေးရုံသုံးခါ တင်ရတယ်။ မြေးငယ်လေးကျတော့ လသားအရွယ်လေးမှာ မျက်စိထဲက သွေးတွေပါတယ်။ နှာခေါင်းထဲက သွေးစတွေ ပါတယ်။ ကလေးက ဒီမှာပဲနေတဲ့အခါကျ ကျောက်စက်လည်နေတော့ ဖုန်က ဝင်တာပေါ့” ဟု၎င်းက ဖြည့်စွက်ပြောသည်။

နစ်နာခဲ့ရသူ နယ်မြေခံတစ်ဦးဖြစ်သည့် ဦးတင်ဦးကလည်း ယင်းအပြင် ကျောက်ခွဲစက်မှ ထွက်ရှိသည့် ကျောက်မှုန်များကြောင့် ရေတွင်း ရေကန်များနှင့် ခြံများ ပျက်စီးခဲ့ရသည်ဟု ဆိုသည်။

“ကျွန်တော့် ကွမ်းခြံဆိုလည်း ကျောက်မှုန်တွေကြောင့် အပင်မရှင်ဘဲကုန်သွားပြီ။ ရော်ဘာပင်တွေလည်း အစေးမထွက်ဘဲ ဒုက္ခရောက်နေတယ်။ နောက် ပတ်ဝန်းကျင်လည်း တော်တော်လေး ညစ်နွမ်းပြီးဒုက္ခရောက်နေတယ်။ ကျွန်တော်တို့ခြံတွေဆိုလည်း ပျက်စီးတာပေါ့” ဟု ၎င်းက ပြောသည်။

တော်ဝင်ရိုးမကုမ္ပဏီကျောက်ခွဲစက် လည်ပတ်မှုကြောင့် နစ်နာမှုများ ဖြစ်ပေါ်ခဲ့ရသည့် ေဒသခံများကကျောက်ခွဲစက် ပြောင်းရွှေ့ရေးအတွက်နေပြည်တော်ရှိ သက်ဆိုင်ရာဌာနအဆင့်ဆင့်နှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ထံ ထပ်မံ တိုင်ကြားသွားရန်ရှိကြောင်း တညီတညွတ်တည်း ပြောဆိုခဲ့ကြသည်။

Written by – သက်ပိုင်

Leave a Reply