လူပေါင်း ၁၁ ဦး ကြိုးဆွဲချသေဆုံးနေကြခြင်းမှာ ဘာသာရေး ပူဇော်မှုလုပ်ရင်း မှားယွင်းသွားခြင်းဖြစ်

မိသားစုဝင်ပေါင်း ၁၁ဦးမျှ ကြိုးဆွဲချလျက် သေဆုံးနေမှုမှာ ဘာသာရေး ပူဇော်မူလုပ်ရင်းမှားယွင်းသွားခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။

အိန္ဒိယနိုင်ငံ၊ ဒေလီရှိ ဘာတီယာ မိသားစုမှာ စေ့စပ်ပွဲအတွက် ခုနစ်ရက်တာ ပွဲကျင်းပပြီးနောက်တွင် အသက် ၂၃ မှ ၇၇ နှစ်အထိ အသီးသီးရှိကြသော မိသားစုတစ်ခုလုံး ကြိုးဆွဲချသေဆုံးနေသည်ကို တွေ့ရသည်။

တွေ့ရှိရသော မှတ်စုများ၊ လမ်းညွှန်စာရွက်အထောက်အထားများအရ ၂၀၀၇ ခုနှစ်တွင် ဘိုပါဆင်းမိသားစုအကြီးအကဲ သေဆုံးခဲ့ရသော ၁၁ နှစ်ကြာ ဘာသာရေးပူဇော်မှု ဓလေ့တစ်ခုဖြစ်သည်ဟု ညွှန်ပြနေသည်။

“မှတ်စုတွေအရဆိုရင် ပထမခြောက်ရက်မှာ သူတို့ ခြေထောက်တွေကို ပူးချည်၊ များလုံးအဝတ်အုပ်ပြီး လည်ပင်းမှာ ကြိုးကွင်းစွပ်တဲ့ ကြိုတင်လေ့ကျင့်မှုလုပ်ခဲ့ကြတယ်ဆိုတာကို တွေ့ရတယ်။ စီစီတီဗွီ မှတ်တမ်းတွေအရ သူတို့ဟာ ခွေးခြေခုံတွေ၊ ကြိုးတေါ ဝယ်လာတာကို အတည်ပြုနိုင်တယ်။ ခုနစ်ရက်မြောက်နေ့မှာ သူတို့က ကိုယ့်ကိုယ်ကို ကြိုးဆွဲချရမှာ၊ ဒါပေမယ့် မသေရဘူးပေါ့။ အဲဒီလို ကြိုးဆွဲချခြင်းဟာ စိတ်စွမ်းအားတွေ ရလာစေတယ်လို့ သူတို့က ယုံကြည်ကြတယ်’ ဟု ရဲအရာရှိတစ်ဦးက ဆိုသည်။

အဆိုပါ မိသာစုသည် ခွေးခြေများနှင့် ကြိုးများကို စနစ်တကျသယ်ဆောင်လာကြောင်းကို အိမ်နီးချင်းအိမ်မှ စီစီတီဗွီအရ သိရသည်။

အသက် ၇၇နှစ်အရွယ်အမျိုးသမီး နာရာယန် ဒေဝီ၊ သားနှစ်ဦးဖြစ်သူ အသက် ၅၀ အရွယ် ဘာနက်ရှ်နှင့် အသက် ၄၅ နှစ်အရွယ် လာလစ်၊ ၎င်းတို့၏ ဇနီးဖြစ်သော အသက် ၄၈ နှစ်အရွယ် ဆာဝိတာ၊ အသက်၄၂ နှစ်အရွယ် တီနာ၊ နာရာယန်ဒေဝီ၏ သမီးဖြစ်သူ ၅၇ နှစ်အရွယ် ပရက်တီဘာနှင့် မြေငါးဦးတို့ကို မိသားစုနေအိမ်တွင်ပင် သေဆုံးလျက် တွေ့ရှိခဲ့ရခြင်းဖြစ်သည်။

မှုခင်းဆရာဝန်စစ်ချက်အရ ၎င်းတို့မှာ ကြိုးဆွဲချခြင်းကြောင့် သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

“သူတို့ဟာ ဒီလို ဘာသာရေးပူဇော်မှု ကြိုးဆွဲချခြင်းကနေ အသက်ရှင်မယ်လို့ ယုံကြည်ထားကြပြီး ပြဿနာတွေ ကြုံနေရတဲ့ ဆွေမျိုး တစ်ယောက်နဲ့အတူ နောက်တစ်ကြိမ်ထပ်လုပ်ဖို့တောင် စီစဉ်ထားကြတယ်” ဟု ရဲတပ်ဖွဲ့က ဆိုသည်။

Source: Metro

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်