Advertisements

၂၀၀၁ ခုနှစ်က ဆယ်ကျော်သက် ကလေးတစ်ဦးကို သတ်ဖြတ်မှုဖြင့် စွပ်စွဲခံရပြီး ထောင်ထဲတွင် ၁၅ နှစ်ကြာ အကျဉ်းကျခံနေရသူအမျိုးသားသည် ယခုအခါ ပြစ်မှုကျူးလွန်ခြင်းမရှိကြောင်း ထင်ရှားသဖြင့် ပြန်လွတ်လာသည်။

၂၀၀၁ ခုနှစ် အထက်တန်းကျောင်းဆင်းပွဲအတွက် ပြုလုပ်သော ပါတီတွင် ဖြစ်ပွားခဲ့သည့် ရန်ပွဲ၌ ဆန်တို့စ် ဂွာနာ သေဆုံးခဲ့ရသည့်အမှုနှင့်ပတ်သက်၍ ကွင်တင် အလွန်ဇိုဟူသော အသက် ၃၈ နှစ်အရွယ် အမျိုးသားတွင် အပြစ်မရှိကြောင်း တရားလိုဘက်က စာတင်ပြီးနောက်တွင် တရားသူကြီးက ၎င်းအား လွှတ်ပေးရန် ဆုံးဖြတ်လိုက်သည်။ ထိုပါတီပွဲသို့ အလွန်ဇိုလည်း တက်ရောက်ခဲ့သည်။

နောက်နေ့တွင် ကွပ်မျက်ခံရတော့မည်ဆဲဆဲတွင် တရားခံတစ်ဦး၏ ထွက်ဆိုချက်ကြောင့် တရားလိုဘက်နှင့်တရားသူကြီးက ၎င်းတွင် အပြစ်မရှိဟု ယုံကြည်သဖြင့် ပြန်လွတ်လာခဲ့သော်လည်း အလွန်ဇိုအနေဖြင့် မှားယွင်းစွာ ထောင်ချခံရခြင်းအတွက် နိုင်ငံတော်လျော်ကြေးရရှိရန် တက္ကဆတ် အယူခံရုံးတွင်း ဦးတိုက်လျှောက်ထားရဦးမည်ဖြစ်သည်။ ယင်းအတွက် လနှင့်ချီ၍ ကြာမြင့်နိုင်သည်။

လီချိုအက်စ်ကမီလာဆိုသည့် တရားခံတစ်ဦးသည် ဒဲလာ့စ် ရဲတပ်ဖွဲ့ဝင်တစ်ဦးကို သတ်ဖြတ်မှုအတွက် ကွပ်မျက်ခံရတော့မည့်နေ့မတိုင်မီတွင် အမှုမှန်ကို ဝန်ခံခဲ့ကြောင်း ခရိုင်ရှေ့နေချုပ်ရုံးမှာ ထွက်ချက်ယူနစ်အဖွဲ့က ဆိုသည်။

“အက်စ်ကမီလာက နောက်နေ့ဆို ကွပ်မျက်ခံရတော့။ သူက ဘုရားသခင်နဲ့ ငြိမ်းချမ်းချင်လို့ လုပ်တာလို့ ကျွန်တော်တို့ ယုံကြည်တယ်။ သူ့အတွက် မှန်တာလုပ်သွားချင်လို့လို့ ယုံကြည်တယ်’ ဟု အဆိုပါ ယူနစ်ခေါင်းောဆင် စင်သီယာ ဂါဇာက ပြောသည်။

အက်စ်ကမီလာမှာ ဂွာနာအသတ်ခံရမှုအတွက် အဓိက သံသယရှိသူဖြစ်သော်လည်းလည်း ဓာတ်ပုံပြ၍ တရားခံ မည်သူမည်ဝါဖြစ်သည်ကို ရွေးချယ်ခိုင်းသည့်အခါ လူတစ်ဦးက တရားခံမှာ အလွန်ဇိုဖြစ်သည်ဟု ပြောခဲ့သည်။ ၂၀၀၃ ခုနှစ် အလွန်ဇိုအမှုကို ကြားနာသော ဂျူရီအဖွဲ့မှာ အဆိုပါအချက်ကို များစွာ မှီခို၍ ဆုံးဖြတ်ချက်ချခဲ့သည်ဟုဆိုသည်။ အလွန်ဇိုမှာ ထောင်ဒဏ်တစ်သက်ကျခံခဲ့ရသည်။

အက်စ်ကာမီလာမှာ တာဝန်ကျနေသော ရဲအရာရှိ ခရစ္စတိုဖာ ကယ်ဗင် ဂျိမ်းစ်ကို သတ်ဖြတ်မှုဖြင့် အပြစ်ရှိကြောင်း ပြစ်ဒဏ်ချခံရသည်။ ဂျိမ်းမှာ သေနတ်ဖြင့် အချက်ပေါင်းများစွာ ပစ်သတ်ခံခဲ့ရသည်။

Source: MSN

Advertisements
<

Leave a Reply