ဦးရာဒီးသည် ၂၀၁၅ ခုနှစ် စက်တင်ဘာ ၁၇ ရက်နေ့ ကတည်းကပင် ပေါင်မြို့နယ်၊ အကျဉ်း ဦးစီး ဌာန ရင်းငြိမ် ကျောက်ထုတ် စခန်းမှ ထွက်ပြေး လာခဲ့ခြင်း ဖြစ်ပြီး ထီလုံ ကျေးရွာ လယ်ကွင်း ထဲတွင် လာရောက် တိမ်းရှောင် နေစဉ် သတင်း ရရှိခဲ့သဖြင့် သွားရောက် ဖမ်းဆီး နိုင်ခဲ့ခြင်း ဖြစ်သည်။

မော်လမြိုင် ၊ ဇန်နဝါရီ ၁၉

လူသတ်မှုဖြင့် ထောင်ဒဏ် (၅) နှစ် အပြစ်ပေး ခံရကာ ရင်းငြိမ် ကျောက်ထုတ် စခန်း၌ ရဲဘက် အထုတ်ခံ ထားရသည့် ဦးရာဒီသည် ကျောက်ထုတ် စခန်းမှ ထွက်ပြေး ခဲ့ပြီး နှစ်နှစ် အကြာမှ ပြည်လည် ဖမ်းဆီး ရမိ ခဲ့ကြောင်း ထီလုံ နယ်မြေ ရဲစခန်းမှူး ရဲအုပ် မင်းအောင်ထွန်းက ဟင်္သာမီဒီယာသို့ အတည်ပြု ပြောကြားသည်။

“ဒီလူက ထွက်ပြေးပြီးတော့ မဲဆောက် ဘက်မှာ ကြုံရာ ကျပန်း လုပ်စားနေတာ၊ ဒီကို ခဏပြန်လာတဲ့ အချိန်မှာ ကျွန်တော်တို့ သတင်းရလို့ သွားဖမ်းခဲ့တာ” ဟု ရဲအုပ် မင်းအောင်ထွန်းက အတည်ပြု ပြောကြားသည်။

ဖမ်းဆီး ရမိခဲ့သည့် အဆိုပါ ရဲဘက်ပြေး တရားခံအား ဇန်နဝါရီ (၁၈) ရက်နေ့ ညနေလေးနာရီ၌ ဇင်းကျိုက် နယ်မြေခံရဲစခန်းမှူးထံသို့ ပြန်လည် လွှဲပြောင်း ပေးအပ်ခဲ့ပြီး ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ဦးရာဒီးသည် ၂၀၁၅ ခုနှစ် စက်တင်ဘာ ၁၇ ရက်နေ့ ကတည်းကပင် ပေါင်မြို့နယ်၊ အကျဉ်း ဦးစီး ဌာန ရင်းငြိမ် ကျောက်ထုတ် စခန်းမှ ထွက်ပြေး လာခဲ့ခြင်း ဖြစ်ပြီး ထီလုံ ကျေးရွာ လယ်ကွင်း ထဲတွင် လာရောက် တိမ်းရှောင် နေစဉ် သတင်း ရရှိခဲ့သဖြင့် သွားရောက် ဖမ်းဆီး နိုင်ခဲ့ခြင်း ဖြစ်ကြောင်း ရဲအုပ် မင်းအောင်ထွန်းက ရှင်းပြသည်။

ဦးရာဒီးသည် ၂၀၁၃ ခုနှစ် လူသတ်မှုဖြင့် (ပ)၁၃/၂၀၁၃ ရာဇသတ်ကြီး ပုဒ်မ – ၃၀၂ အရ အလုပ်နှင့် ထောင်ဒဏ် ငါးနှစ် ကျခံရန် ဘားအံ ခရိုင်တရားရုံးက အမိန့်ချမှတ် ခဲ့ပြီးနောက် ရင်းငြိမ် အကျဉ်း စခန်းသို့ ရဲဘက် ပေးပို့ ခဲ့ခြင်း ဖြစ်သည်။

ရွှေရိုး၊ ခေတ်မင်း

Leave a Reply