လူသတ်မှုဖြင့် မှားယွင်းထောင်ချခံခဲ့ရသူ နိုင်ငံတော်လျော်ကြေး ရ

လူသတ်သည်ဟူသော စွပ်စွဲချက်ဖြင့် မှားယွင်းထောင်ဒဏ်ချခံခဲ့ရသော တရုတ်အမျိုးသားတစ်ဦးသည်  နိုင်ငံတော် လျော်ကြေးငွေ ယွမ် ၄.၆ သန်း ဇန်နဝါရီ ၇ရက်တွင် လက်ခံရရှိခဲ့သည်။

ယခု လက်ရှိ အသက် ၅၀ အရွယ်ရှိပြီဖြစ်သည့် လျူချောင်လင်သည်  လျောင်ယွမ်ခရိုင် ပြည်သူ့တရားရုံးမှ ချမှတ်လိုက်သော လျော်ကြေးကို ရရှိခဲ့ခြင်း ဖြစ်သည်။

၁၉၉၀ အောက်တိုဘာလတွင် ၁၈ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို သတ်သည်ဟူသော စွပ်စွဲချက်ဖြင့် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး ထိုစဉ်က အသက် ၂၂နှစ်အရွယ်သာ ရှိသေးကြောင်း တရားရုံးမှတ်တမ်းများတွင် တွေ့ရသည်။

ယင်းငွေထဲတွင် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုအတွက် ယွမ် ၁.၉ သန်းနှင့် လွတ်လပ်ခွင့် ဆုံးရှုံးမှုအတွက် ယွမ် ၂.၅ သန်းတို့ ပါဝင်သည်။

၎င်းသည် မှားယွင်း ထောင်ဒဏ် ကျခံခဲ့ရဖူးသူများအနက် ကာလအရှည်ကြာဆုံး ဖြစ်ပြီး  ထောင်ကျရက် ၉၂၁၇ ရက်အတွက် တစ်ရက်လျှင် ယွမ် ၅၀၀ လျော်ကြေးငွေ ရရှိဦးမည်လည်း ဖြစ်သည်။ သို့တစေ ယင်းပမာဏမှာ သူ့ရှေ့နေမှတစ်ဆင့် သူ တောင်းဆိုထားသည့် လျော်ကြေးငွေ ၁၆.၇ သန်း၏ လေးပုံတစ်ပုံ ပမာဏသာ ရှိသည်။

လျုသည် ပြစ်မှု မကျုးလွန်ခဲ့ကြောင်း အတွင်တွင် ငြင်းဆိုခဲ့သည်။ နှစ်ပေါင်းများစွာ အဆင့်ဆင့် အယူခံဝင်ပြီးနောက် အပြစ်မရှိကြောင်း စီရင်ချက်ကို ယမန်နှစ် ၂၀၁၈  ဧပြီတွင် ချနိုင်ခဲ့သည်။

Channel News Asia

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.