Advertisements

မော်လမြိုင်၊ ဖေဖော်ဝါရီ

သံဖြူဇရပ်မြို့နယ်၊ ကရုပ္ပိကျေးရွာနှင့် ဝဲကလောင်ကျေးရွာကြား လူသွားလမ်းဘေးရှိ ခြတောင်ပို့တစ်ခုအတွင်းမှ ဖေဖော်ဝါရီ ၁၁ ရက်နေ့က လက်ပစ်ဗုံးတစ်လုံးတွေ့ရှိခဲ့ကြောင်းမွန်ပြည်နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။

သံဖြူဇရပ်မြို့နယ်၊ ကရုပ္ပိကျေးရွာနေ မမိုးမိုးခိုင် (၄၈ နှစ်) ဆိုသူမှ ထင်းခုတ်ရန် ဝဲကလောင် ကျေးရွာဘက်သို့ သွားရောက်စဉ် ၎င်းနှင့်အတူ လိုက်ပါလာသော အိမ်တွင် မွေးထားသည့် ခွေးကခြတောင်ပို့တစ်ခုကို တူးယက်ရာ ရွှေရောင်အလုံးတစ်လုံးတွေ့ရှိခဲ့သဖြင့်ကရုပ္ပိကျေးရွာရဲကင်းမှူးထံသို့ အကြောင်းကြားခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

“ကံကောင်းလို့၊ မသိဘဲ ရွှေရောင်ဖြစ်နေလို့ဆိုပြီး တစ်ခုခုနဲ့ ထုကြည့်တာဖြစ်ဖြစ်၊ ဗုံးမှာပါတဲ့ အသံကို ဆွဲဖြုတ်တာဖြစ်ဖြစ် လုပ်မိလိုက်မယ်ဆို သေပြီးပေါ့” ဟု ကရုပ္ပိကျေးရွာမှ ရပ်မိရပ်ဖတစ်ဦးက ပြောသည်။

ကရုပ္ပိကျေးရွာ အုပ်ချုပ်ရေးမှူး၊ ရဲကင်းမှူးနှင့် အမှတ် (၆၂) ခြေလျင်တပ်ရင်းမှ ဗိုလ်ကြီးသိန်းဝင်းဟန်တို့က စစဆေးကြည့်ရှုခဲ့ရာ BA- ၉၁ ဗုံးသီးအကောင်းတစ်လုံးဖြစ်နေကြောင်း တွေ့ရှိခဲ့ရသဖြင့် အမှတ် (၆၂) ခြေလျင်တပ်ရင်းသို့ သိမ်းဆည်း ယူဆောင်သွားကြောင်း သိရသည်။

Written by ခေတ်မင်း

Advertisements
<

Leave a Reply