Advertisements

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း Universal Decla -ration of Human Rights(UDHR) ကို ၁၉၄၈ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့ က၊ ပြင်သစ်နိုင်ငံပဲရစ်မြို့တွင် ကျင်းပ သော ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီ လာခံ တတိယအကြိမ်အစည်းဝေးက အ တည်ပြုခဲ့သည်။ အဆိုပါကြေညာစာတမ်း တွင် လူတစ်ဦးချင်းလွတ်လပ်ခွင့်နှင့်သက် ဆိုင်သည့် အချက်ပေါင်း ၃၀ ကိုဖော်ပြ ထားသည်။

အဆိုပါအချက်များမှာ ဥပဒေအရ စည်းနှောင်ထားခြင်း မရှိသော်လည်း၊ နောက်ပိုင်း နိုင်ငံတကာစာချုပ်များ၊ စီး ပွားရေးဆိုင်ရာ လွဲှပြောင်းမှုများ၊ ဒေသ ဆိုင်ရာ လူ့အခွင့်အရေး သတ်မှတ်ခြင်း များ၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အခြား သောဥပဒေများတွင် ကျယ်ကျယ်ပြန့်ပြန့် ပါဝင်လာသည်။ နိုင်ငံတကာ လူ့အခွင့်အ ရေးအခြေခံရပိုင်ခွင့်များ International Bill of Human Rights တွင် အပြည် ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာ တမ်းအပြင်၊ စီးပွားရေး၊ လူမှုရေးနှင့် စာ ပေယဉ်ကျေးမှု အခွင့်အရေးများနှင့် ပတ် သက်သော နိုင်ငံတကာ ပဋိညာဉ်နှင့်၊ ပြည်သူ့ရေးရာနှင့် နိုင်ငံရေးဆိုင်ရာအခွင့်အရေးများနှင့်ပတ်သက်သော နိုင်ငံတ ကာ ပဋိညာဉ်တို့ပါဝင်သည်။ ၁၉၆၆ ခု နှစ်တွင် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီ လာခံကြီးက ပိုမိုအသေးစိတ်ကျသည့် ပဋိ ညာဉ်နှစ်ခုကို အတည်ပြုလိုက်သည့် အတွက် နိုင်ငံတကာ လူ့အခွင့်အရေးအခြေ ခံရပိုင်ခွင့်များမှာ ပိုမိုပြည့်စုံသွားလေသည်။

အချို့သော ဥပဒေပညာရှင်များက အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေ ညာစာတမ်း UDHR ပါ စာပိုဒ်များသည်၊ နိုင်ငံအားလုံးကို စည်းနှောင်ထားသည့် ဓလေ့ထုံးတမ်းစဉ်လာ နိုင်ငံတကာဥပဒေ (Customary international law) တွင် ရောယှက်ပါဝင်နေပြီးဖြစ်သည်ဟု ပြောဆိုနေသော်လည်း၊ အမေရိကန်ပြည် ထောင်စု တရားလွှတ်တော်ချုပ်က “ဆို ဆာနှင့် အယ်လ်ဗားရက်ဇ်မက်ခိန်း” Sosa v. Alvarez-Machain အမှုတွင် (UDHR) ကြေညာစာတမ်းသည် နိုင်ငံ တကာ ဥပဒေအဖြစ် လိုက်နာဆောင်ရွက် ရန် တာဝန်ရှိသည်ဟု ပြဋ္ဌာန်းပေးထားခြင်း မရှိကြောင်း ဆုံးဖြတ်ခဲ့သည်။

ရေးဆွဲခဲ့သည့် သမိုင်းကြောင်း

ဒုတိယကမ္ဘာစစ် ဖြစ်ပွားနေစဉ်အ တောတွင်း မဟာမိတ်နိုင်ငံများသည်လွတ် လပ်ခွင့်လေးမျိုးကို ၎င်းတို့တိုက်ခိုက်နေ သည့်စစ်ပွဲ၏ ရည်မှန်းချက်အဖြစ် ဖေါ် ထုတ်ခဲ့ကြသည်။ အဆိုပါ လေးမျိုးမှာလွတ် လပ်စွာပြောဆိုခွင့်၊ လွတ်လပ်စွာကိုးကွယ် ယုံကြည်ခွင့်၊ ကြောက်ရွံ့ခြင်းမှ ကင်းဝေး ရေးနှင့် အလိုမပြည့်ခြင်းမှ ကင်းဝေးရေးတို့ ဖြစ်ကြသည်။ ကမ္ဘာ့ကုလသမဂ္ဂ ကြေညာ ချက် United Nations Charter က အခြေခံလူ့အခွင့်အရေးများ၊ လူ့ဂုဏ်သိ က္ခာနှင့် တန်ဘိုးကို ယုံကြည်ကြောင်းထပ် မံအတည်ပြုသည်။

ဒုတိယကမ္ဘာစစ်ကြီး ပြီးသည့် နောက်၊ ဂျာမနီနာဇီတို့ ကျူးလွန်ခဲ့သော လူမျိုးရေး ရက်စက်ကြမ်းကြုတ်မှုများကို ရှင်းလင်းစွာ သိမြင်လာကြသောအခါ၊ ကုလသမဂ္ဂအဖွဲ့ကြီး၏ ချာတာမှာ ၎င်း ရည်ရွယ်ထားသည့် အခွင့်အရေးများကို ပြည်စုံလုံလောက်စွာ အဓိပ္ပါယ်မဖွင့်ဆိုနိုင် ကြောင်း ဆွေးနွေးကြသည်။ ကုလသမဂ္ဂ ချာတာတွင်ပါဝင်သော လူ့အခွင့်အရေးနှင့် ပတ်သက်သည့် ပြဋ္ဌာန်းချက်များကို ထိ ရောက်မှုရှိစေရန်၊ လူတဦးချင်းစီ၏ အခွင့် အရေးကို အထူူးပြုသည့် အပြည်ပြည်ဆိုင် ရာကြေညာချက်တစ်ခု လိုအပ်နေကြောင်း ဆွေးနွေးကြသည်။

၁၉၄၆ ခုနှစ် ဇွန်လတွင် ကုလသမဂ္ဂ စီးပွားရေးနှင့် လူမှုရေးကောင်စီက လူ့အ ခွင့်အရေးကော်မရှင်ကို ဖွဲ့စည်းလိုက် သည်။ အဆိုပါကော်မရှင်တွင် လူမျိုးနှင့် နိုင်ငံရေးနောက်ခံ အစုံရှိကြသည့် ကော် မရှင်အဖွဲ့ဝင် ၁၈ ဦးပါဝင်ပြီး၊ နိုင်ငံတကာ လူ့အခွင့်အရေးအခြေခံ ရပိုင်ခွင့်များကို ဦးဆောင်ဖော်ထုတ်ရန် တာဝန်ပေးလိုက် ကြသည်။ အဆိုပါကော်မရှင်က အပြည် ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာ တမ်း မူကြမ်းရေးဆွဲရေး အထူးကော်မတီ တစ်ရပ်ကိုဖွဲ့စည်း လိုက်ပြန်ကာ အမေရိ ကန်သမ္မတ ရုစဗဲ့လ်တ်၏ဇနီး၊ အယ်လီနာ ရုစဗဲ့လ်တ်ကို ဥက္ကဋ္ဌအဖြစ် တာဝန်ပေးခဲ့ သည်။

ကြေညာစာတမ်းအဓိကမူကြမ်းရေး သားသူမှာ ကနေဒီယန်နိုင်ငံသား ဂျွန်ပီ တာ ဟမ်ဖရေး John Peters Humphrey ဖြစ်ပြီး၊ ကုလသမဂ္ဂအတွင်း ရေးမှုးအဖွဲ့အတွင်းမှ လူ့အခွင့်အရေးဌာန ၏ ဒါရိုက်တာတစ်ယောက်ဖြစ်သည်။ ဤ ကော်မတီတွင်းသို့ ကုလသမဂ္ဂ အထွေ ထွေအတွင်းရေးမှုးချုပ်၏ တာဝန်ပေးချက် ဖြင့်ပါဝင်လာခြင်းဖြစ်သည်။

လူသိများသော အခြားအဖွဲ့ဝင်များ မှာ၊ ပြင်သစ်မှ ရီနီကက်စင် ( Rene Cassin)၊ လက်ဘနွန်မှ ချားလ်စ်မာလစ် ( Charles Malik)၊ တရုတ်သမ္မတနိုင်ငံ (ထိုင်ဝမ်) မှ ပီစီချန်း (P.C. Chang) တို့ဖြစ်ကြပြီး ဟမ်ဖရေးက ကနဦးမူကြမ်း ကို ရေးသားခဲ့သည်။
၁၉၄၈ ခုနှစ်မေလတွင် မူကြမ်းရေး ဆွဲပြီးသည့်အခါ လူ့အခွင့်အရေးကော် မရှင်၊ စီးပွားရေးနှင့် လူမှုရေးကောင်စီ၊ အထွေထွေညီလာခံ၏ တတိယကော်မတီ တို့က ဆက်လက်ဆွေးနွေးကြပြီး ၁၉၄၈ ခုနှစ် ဒီဇင်ဘာလတွင် မဲခွဲအတည်ပြုခဲ့ကြ သည်။ ဆွေးနွေးညှိနှိုင်းကြသည့် အတော အတွင်း ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံများမှ ပြင်ဆင်ချက် အဆိုပြုချက်များလည်းလုပ်ခဲ့ ကြသည်။

ထိုစဉ်က ဗြိတိသျှကိုယ်စားလှယ်များ က လူ့အခွင့်အရေး ကြေညာစာတမ်းမှာ ကျင့်ဝတ်အရသာဖြစ်ပြီး ဥပဒေဆိုင်ရာ တာဝန်ရှိမှု မပါသဖြင့် ပြင်းပြင်းထန်ထန် ဝေဖန်ကြလေသည်။ (ထိုသို့ ဥပဒေအရ စည်းနှောင်မှုမရှိသည့် အခြေအနေမှာ၊ ကြေညာစာတမ်းပါ အချက်အများစုကို ဥပဒေဆိုင်ရာ အဆင့်အတန်းရှိလာစေ သည့် ပြည်သူ့ရေးရာနှင့် နိုင်ငံရေးအခွင့် အရေးဆိုင်ရာ နိုင်ငံတကာသဘောတူစာ ချုပ် (International Covenant on Civil and Political Rights) အသက်ဝင်လာသော ၁၉၇၆ ခုနှစ်အထိ ရှည်ကြာခဲ့သည်။)

၁၉၄၈ ခုနှစ်ဒီဇင်ဘာလ ၁၀ ရက် နေ့တွင်ကျင်းပသော ကုလသမဂ္ဂ အထွေ ထွေညီလာခံတွင် မဲခွဲခဲ့ရာ ထောက်ခံမဲ ၄၈ မဲ၊ ကန့်ကွက်မဲမရှိ၊ ကြားနေမဲ ဂ မဲ ရခဲ့သဖြင့် ဆုံးဖြတ်ချက်အမှတ် 217 A ဖြင့်အတည်ပြုခဲ့သည်။ ထိုစဉ်က ကြား နေမဲပေးခဲ့ကြသည့် နိုင်ငံများမှာ ဆိုဗီ ယက်ယူနီယံ၊ ယူကရိန်း၊ ဘိုင်လိုရပ်ရှား၊ ယူဂိုဆလပ်ဗီးယား၊ ပိုလန်၊ တောင်အာ ဖရိက၊ ချက်ကိုဆလိုဗက်ကီးယားနှင့် ဆော်ဒီအာရေဗျနိုင်ငံတို့ ဖြစ်ကြသည်။ ကုလသမဂ္ဂအဖွဲ့ဝင် ဖြစ်နေပြီဖြစ်သော ဟွန်ဒူးရပ်စ်နှင့် ယီမင်နိုင်ငံများသည်လည်း မဲပေးရန် ပျက်ကွက်ခဲ့ကြလေသည်။

တောင်အာဖရိကနိုင်ငံက ကြားနေ မဲပေးခဲ့ခြင်းမှာ ထိုစဉ်က ၎င်း၏ အသားအ ရောင် ခွဲခြားရေးစနစ် ကျင့်သုံးနေမှုကြောင့် ဖြစ်ပြီး၊ ထိုအချက်က ကြေညာစာတမ်းပါ မည်သည့်အပိုဒ်နှင့်မဆို ဆန့်ကျင်နေခဲ့ သည့်အတွက်ဖြစ်သည်။ ဆော်ဒီအာရေဗျ က ကြားနေမဲပေးခဲ့ခြင်းမှာ ကြေညာ စာတမ်းပါ အပိုဒ် ၁၆ နှင့် ၁၈ တို့ကြောင့် ဖြစ်လေသည်။ အပိုဒ် ၁၆ က ကျားမ တန်းတူညီမျှသော လက်ထပ်ခွင့်ရှိရေးဖြစ် ပြီး၊ အပိုဒ် ၁၈ က လူတိုင်းလွတ်လပ်စွာဘာသာကူးပြောင်း ကိုးကွယ်ခွင့်ရှိရေးဖြစ် သည်။ ကွန်မြူနစ်နိုင်ငံ ၈ နိုင်ငံက ကြားနေမဲပေးရခြင်းအကြောင်းမှာ၊ ကြေ ညာစာတမ်းက ဖက်ဆစ်ဝါဒနှင့် နာဇီဝါဒ ကို လုံလောက်စွာ ရှုံ့ချပြောဆိုထားခြင်းမရှိ သည့်အတွက်ကြောင့်ဟု ဆိုလေသည်။ သို့သော် အယ်လီနာရုစဗဲ့လ်တ်က ဆိုဗီ ယက်အုပ်စုဝင်နိုင်ငံများ မဲမပေးဘဲ ပျက် ကွက်ကြခြင်းမှာ အပိုဒ် ၁၃ ပါ နိုင်ငံသား များ ၎င်းတို့၏တိုင်းပြည်မှ လွတ်လပ်စွာ ထွက်ခွာခွင့်ရှိရေးဆိုသည့် အပိုဒ်ကြောင့် ဖြစ်သည်ဟု ထောက်ပြခဲ့သည်။

မြန်မာနိုင်ငံမှာ အခြားသော ၄၇ နိုင်ငံတို့နှင့်အတူ ထောက်ခံမဲပေးခဲ့သလို၊ အာဖဂန်နစ္စတန်၊ အီဂျစ်၊ အီရန်၊ အီရတ်၊ လက်ဘနွန်၊ ပါကစ္စတန်၊ ဆီးရီးယား၊ တူရကီစသည့် အစ္စလမ်မစ်နိုင်ငံ များက လည်း ထောက်ခံမဲပေးခဲ့ကြလေသည်။

အစ္စလမ်မစ်နိုင်ငံများမှ တုံ့ပြန်မှုများ

ဘာသာရေးမစွက်ဖက်သည့် (Se -cular state) မူဆလင်လူဦးရေအများစုလွှမ်းမိုးသော တူရကီနိုင်ငံသည် ၁၉၄၈ ခုနှစ်ကပင် ကြေညာစာတမ်းကိုလက်မှတ်ထိုးခဲ့သည်။ သို့သော်လည်း ကြားနေမဲပေး ခဲ့သော ဆော်ဒီအာရေဗျနိုင်ငံက ထိုနှစ် ထဲမှာပင် လူ့အခွင့်အရေးကြေညာစာတမ်း မှာ ရှာရီယာဥပဒေကို ချိုးဖောက်ကြောင်း ကြေညာခဲ့သည်။ ၁၉၈၂ ခုနှစ်တွင် ကုလ သမဂ္ဂဆိုင်ရာ အီရန်ကိုယ်စားလှယ် ဆာ အိရာဂျအီ-ခိုရာစနီ (Said Rajaie-Khorassani) က “ကြေညာစာတမ်း သည်၊ ဂျူး-ခရစ်ယာန် (Judeo-Christian) ထုံးတမ်းစဉ်လာကို ဘာသာ ရေးမစွက်ဖက်သည့် နားလယ်လက်ခံမှု ပင်ဖြစ်ကြောင်း၊ ရှာရီယာဥပဒေနှင့် ပဋိ ပက္ခမဖြစ်စေဘဲ မူဆလင်များက အသုံးပြု ၍မရကြောင်း” ပြောကြားခဲ့သည်။

၁၉၉၀ ခုနှစ် သြဂုတ်လတွင် အစ္စ လမ်မစ်နိုင်ငံများဖြစ်ကြသော အိုအိုင်စီအ ဖွဲ့ဝင်နိုင်ငံများက အစ္စလမ်ဘာသာနှင့် ကိုက်ညီသော လူ့အခွင့်အရေးကြေညာစာ တမ်းကို အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တွင်ရေး ဆွဲပြီး ထုတ်ပြန်ကြေငြာခဲ့သည်။

၂၀၀၀ ခုနှစ် ဇွန်လ ၃၀ ရက်နေ့တွင် OIC – Organisation of Islamic Conference ( ယခု အခေါ် – Organi- sation of Islamic Cooperation ) အဖွဲ့ဝင်များက အစ္စလမ်ဘာသာ၏ လူ့အ ခွင့်အရေးဆိုင်ရာ ကိုင်ရိုကြေညာစာတမ်း ကို ထောက်ခံအတည်ပြုကြောင်း တရား ဝင်ကြေညာခဲ့လေသည်။ အဆိုပါကိုင်ရို ကြေညာစာတန်းမှာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းနှင့်အပြိုင် အခြားရွေးချယ်စရာ အော်လတာနေးတစ် တစ်ခုဖြစ်ပြီး၊ ပြည်သူများအနေဖြင့် အစ္စ လမ်မစ်ရှာရီယာနှင့်အညီ ဂုဏ်သိက္ခာရှိ ပြီး လွတ်လပ်သောဘဝကို၊ လူမျိုး၊ အသားအရောင်၊ ဘာသာစကား၊ လိင်၊ ယုံကြည်ကိုယ်းကွယ်မှု၊ နိုင်ငံရေးခံယူချက်၊ လူမှုအဆင့်အတန်းစသည့် နောက်ခံအခြေ အနေများ ခွဲခြားမှုမရှိဘဲရရှိ ခံစားနိုင်သည် ဟုဆိုလေသည်။

အစ္စလမ်ဘာသာ၏ လူ့အခွင့်အရေးဆိုင် ရာ ကိုင်ရိုကြေညာစာတန်း (Cairo Declaration on Human Rights in Islam) (CDHRI)
၁၉၉၀ ခုနှစ် သြဂုတ်လ ၅ ရက်နေ့ က အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တွင် အိုအိုင်စီ (Organisation of the Islamic Conference) အဖွဲ့ဝင်နိုင်ငံများက၊ လူ့ အခွင့်အရေးနယ်ပယ်တွင် အိုအိုင်စီ အဖွဲ့ ဝင်နိုင်ငံများအတွက် ယေဘုယျလမ်းညွှန် ချက်အဖြစ် ကိုင်ရိုကြေငြာစာတန်းကို ထုတ်ပြန်ကြေငြာခဲ့သည်။ ဤကြေညာစာ တန်းမှာ ၁၉၄၈ ခုနှစ်က ဆုံးဖြတ်ချမှတ်ခဲ့ သော ကုလသမဂ္ဂ၏ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း (UD HR) ကို အစ္စလမ်ဘာသာ၏ တုံ့ပြန်ချက် အဖြစ်ရှုမြင်ကြသည်။ ကိုင်ရိုကြေငြာစာ တမ်းမှာ အပိုဒ်ပေါင်း ၂၅ ပိုဒ် ပါဝင်ပြီး (UDHR) အပြည်ပြည်ဆိုင်ရာ လူ့အခွင့် အရေး ကြေညာစာတမ်းတွင် ပါရှိသော လူ့အခွင့်အရေးများစွာကို အာမခံထား သော်လည်း၊ အစ္စလမ်တရားဥပဒေ ရှာရီ ယာတွင် သတ်မှတ်ထားချက် ဘောင်အ တွင်းမှလိုက်နာရန် ရှင်းလင်းစွာဖော်ပြ ထားသည်။

ကိုင်ရိုကြေညာစာတမ်း (CDHRI) ကို လက်မှတ်ထိုးကြသော အစ္စလမ်နိုင်ငံ များမှာ ယခုအချိန်အထိ ၄၅ နိုင်ငံရှိပြီဖြစ် သည်။ ၁၉၉၂ ခုနှစ်တွင် အဆိုပါကြေညာ စာတမ်းကို ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်သို့ တင်သွင်းခဲ့သော်လည်း၊ နိုင်ငံတကာ ဥပဒေပညာရှင်များ ကော်မ ရှင် (International Commission of Jurists) က ပြင်းထန်စွာ ဝေဖန်ရှုံ့ချခြင်း ကို ခံရလေသည်။

ကိုင်ရိုကြေညာစာတမ်းအပေါ် ဝေဖန်ရှုံ့ချ မှုများ

အစ္စလမ်ဘာသာ၏ လူ့အခွင့်အရေး ဆိုင်ရာ ကိုင်ရိုကြေညာစာတမ်းမှာ၊ ဘာ သာရေးအရ လွန်စွာကွဲပြားခြားနားသော ပေါ်လစီနှင့် လက်တွေ့ကျင့်သုံးမှုများရှိ သည့် နိုင်ငံတစ်စုက ၎င်းတို့၏ ပြည်တွင်းလူ့အခွင့်အရေးမှတ်တမ်းများအပေါ် နိုင်ငံ တကာ၏ ဝေဖန်ရှုံ့ချမှုကို ကာကွယ်ရန်ဘုံ စုပေါင်း၍ လက်နက်ဖြုတ်လိုက်သည့်လုပ် ရပ်အဖြစ် ဝေဖန်ပစ်တင်ခြင်းခံရလေသည်။

ကိုင်ရိုကြေညာစာတမ်း အပိုဒ် ၂၄ က “ဤကြေညာချက်ပါ အခွင့်အရေးများ နှင့်လွတ်လပ်မှု အားလုံးသည် အစ္စလမ်မစ် ရှာရီယာ၏ လက်အောက်ခံဖြစ်စေရမည်” ဟုလည်းကောင်း၊ စာပိုဒ် ၁၉ က “ရှာရီ ယာတွင် ပြဋ္ဌာန်းထားသည့်အတိုင်းမှလွဲ၍ မည်သည့်ရာဇဝတ်မှု သို့မဟုတ် အပစ်ပေး မှုမျှမရှိစေရ”ဟု ၎င်းဆိုထားလေသည်။

ကိုင်ရိုကြေငြာစာတန်း CDHRI က ဘာသာရေးလွတ်လပ်ခွင့်ကို အာမခံချက် မရှိသည့်ကိစ္စ၊ အထူးသဖြင့် လွတ်လပ်စွာ ဘာသာပြောင်းလဲကိုးကွယ်ခွင့် မရှိမှုနှင့် ပတ်သက်၍လည်း အဝေဖန်ခံရလေသည်။

အတိုင်ပင်ခံ အဆင့်အတန်းရှိပြီး အ စိုးရမဟုတ်သော အဖွဲ့အစည်းတစ်ရပ်ဖြစ် သည့် နိုင်ငံတကာ လူသားနှင့်ကျင့်ဝတ် ဆိုင်ရာယူနီယံ (International Humanist and Ethical Union- IHEU )၊ ကမ္ဘာ့ပညာရေး အဖွဲ့အစည်း (Association for World Education – AWE) နှင့် ကမ္ဘာ့နိုင်ငံသားများ အဖွဲ့အစည်း (Association of World Citizens- AWC ) စသည့် အဖွဲ့အစည်း များနှင့် လူပုဂ္ဂိုလ်အချို့က ကိုင်ရိုကြေညာ စာတမ်း CDHRI သည် လူ့အခွင့်အရေး၊ ဘာသာရေးလွတ်လပ်ခွင့်၊ လွတ်လပ်စွာထုတ်ဖေါ်ပြောဆိုခွင့်တို့ကို ကန့်သတ်ချုပ် ချယ်ထားကြောင်း ပူးတွဲကြေညာချက်ထုတ် ပြန်လေသည်။ ၎င်းတို့၏ကြေညာချက်ကို “အစ္စလမ်ဘာသာ၏ လူ့အခွင့်အရေးဆိုင် ရာ ကိုင်ရိုကြေညာစာတမ်း CDHRI မှာ၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေ ညာစာတန်း UDHR နှင့် နိုင်ငံတကာ ပဋိညာဉ်များတွင် အလေးပေးဖော်ပြထား သည့် အခွင့်အရေးများကို ကန့်သတ်ချုပ် ချယ်ရန် ပြောင်ပြောင်တင်းတင်း ကြိုးပမ်း လာမှုတစ်ရပ်ဖြစ်သည်။ ထိုကြေညာစာ တမ်းမှာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့် အရေး ကြေညာစာတမ်းကို ပြည့်စုံအောင် ဖြည့်စွက်ထားခြင်းဖြစ်သည်ဟု မည်သို့မျှ မှတ်ယူ၍မရနိုင်ချေ” ဟု နိဂုံးချုပ်ထား လေသည်။ ၂၀၀၈ ခုနှစ် စက်တင်ဘာလ က စုံစမ်းစစ်ဆေးရေးစင်တာ (Center for Inquiry-CFI) မှ ကမ္ဘာ့ကုလသမဂ္ဂ သို့ စာတမ်းတစ်စောင်ပေးပို့ခဲ့ရာတွင်၊ “ကိုင်ရိုကြေညာစာတမ်း CDHRI သည် အစ္စလမ်မစ်ရှာရီယာ ဥပဒေကိုအခြေခံ လျက် လူ့အခွင့်အရေးအားလုံးနီးပါးကို ကန့်သတ်ချုပ်ချယ်ချက်များ ချမှတ်ထား သည့် လူအချင်းချင်း တန်းတူညီမျှရေး၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့် တို့ကို ဖျက်ဆီးသည့်” ကြေညာစာတန်းဖြစ် ကြောင်း ဖော်ပြထားလေသည်။

၂၀၀၉ ခုနှစ်က ထုတ်ဝေသော ဖရီးအင် ကွာရီ (Free Inquiry ) ဂျာနယ်၊ အယ် ဒီတာ့ အာဘော်က ကိုင်ရိုကြေညာစာတမ်း ကိုဝေဖန်ထားရာ….
“ကျနော်တို့သည် အပြည်ပြည်ဆိုင် ရာလူ့အခွင့်အရေး ကြေညာစာတမ်းကို ပြောင်းလဲစေရန်အတွက်၊ ကမ္ဘာ့ကုလသ မဂ္ဂအတွင်းရှိ အစ္စလမ်မစ် မဟာမိတ်နိုင်ငံ များက ဆန္ဒရှိကြသည့် ဘာသာရေးကို ဝေဖန်ခြင်းမှရှောင်ကြဉ်ရေး၊ တို့ဖြင့် လူ့အ ခွင့်အရေးအပေါ် အစ္စလမ်ဘာသာက ကန့် သတ်ချုပ်ချယ်ထားသည့်အမြင်ကို ကာ ကွယ်ရန် လုပ်ဆောင်ချက်များကို အလေး အနက် စောင့်ကြည့်သွားမည်။ အစ္စလမ် မစ် သမ္မတနိုင်ငံများဖြစ်ကြသော အီရန်၊ အီဂျစ်၊ ပါကစ္စတန်၊ ဆော်ဒီအာရေဗျ၊ ဆူဒန်၊ ဘင်္ဂလားဒေ့ရှ်၊ အီရတ်နှင့် အာဖ ဂန်နစ္စတန်တို့အတွင်းရှိ အခြေအနေအ ရပ်ရပ်ကိုကြည့်လျှင်၊ လူ့အခွင့်အရေး အာ ဂျင်ဒါ၌ ထိပ်ဆုံးတွင်ရှိသော အမျိုးသမီး များ တရားဝင် တန်းတူအခွင့်အရေးမရှိမှု၊ နိုင်ငံရေးသဘောထားမတူညီ သူများ အပေါ်ဖိနှိပ်မှု၊ လွတ်လပ်စွာ ထုတ်ဖေါ်ပြော ဆိုမှုများကို ကန့်သတ်ချုပ်ချယ်မှု၊ လူနည်း စုတိုင်းရင်းသားများနှင့် ဘာသာရေးအမြင် မတူသူများအပေါ် ဖိနှိပ်ချုပ်ချယ်မှု စသည် တို့ကို ပြင်ဆင်ပြောင်းလဲလာကြရန်….၊

အတိုချုပ်အားဖြင့်ပြောရလျှင် ၎င်း တို့နိုင်ငံသားများ အလွန်ဆိုးရွားစွာ လူ့အ ခွင့်အရေး ချိုးဖောက်ခံနေရမှုများမှ ကာ ကွယ်ပေးရန် မျှော်လင့်သည်။ သို့သော် ထိုအစား ၎င်းတို့မှာ အစ္စလမ်ဘာသာကို ကာကွယ်ရန်အတွက် ပူပန်သောကရောက် နေကြလေသည်” ဟု ရေးသားထားလေ သည်။ ။

ကိုးကား – Wikipedia မှ

Universal Declaration of Human Rights, Cairo Declaration on Human Rights in Islam

 

Written by – ရဲထွန်း (သီပေါ)

Advertisements
<

Leave a Reply