Advertisements

မော်လမြိုင် ၊ စက်တင်ဘာ

မွန်ပြည်နယ် မော်လမြိုင်မြို့တွင် စက်တင်ဘာလ ၂ ရက်နေ့ ည ၁ဝနာရီခွဲခန့်က လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့်လူနေအိမ် ၅၇၀ ကျော် ထိခိုက်ပျက်စီးခဲ့သည်။

လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ဖက်တန်း၊ အောက်ကျင်း၊ ကျိုက်ဖနဲ၊ ရွှေမြိုင်သီရိ၊ဇေယျာသီရိ၊ လှိုင်နှင့်ညောင်ပင်ဆိပ်ရပ်ကွက်များတွင် လေပြင်းဝင်ရောက်တိုက်ခတ်ခဲ့ပြီး ပျက်စီးဆုံးရှုံးမှု တန်ဖိုး ကျပ်သိန်းပေါင်းတစ်ထောင့်လေးဆယ့်ငါးသိန်းကျော်ရှိကြောင်းသိရသည်။

Advertisements
data-language="en"

လေဆင်နှာမောင်းကြောင့် လူနေအိမ် အမိုးလန်ခြင်း၊ သစ်ပင်များပြိုလဲခြင်း၊ အိမ်ပြိုခြင်းများအပြင် စာသင်ကျောင်း ၆ ကျောင်းတွင်လည်း ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည်။

“ည ၁၀ နာရီ မိနစ်၂၀ မှာကျွန်တော် အိမ်ရှေ့ခန်းမှာ နေနေတယ်၊ အဲ့လိုဖြစ်တဲ့ချိန် ကလေးကိုချီပြီးပြေးတာ ခြေလှမ်း ၄လှမ်းလောက်ပဲ ရှိသေးတယ်။အိမ်ကခေါင်မိုးမရှိတော့ဘူးအရမ်းပြင်းထန်တာ”ဟု ကိုသူရထွန်းက ရှင်းပြသည်။

ထို့အပြင် ရေးမြို့နယ်နှင့်အပေါင် မြို့နယ်များတွင်လည်း လေဆင်နှာမောင်းတိုက် ခတ်မှုကြောင့် လူနေအိမ်များ ပျက်စီးခဲ့သည်။

စိုင်းထွန်းစံ၊လဲ့လဲ့ဝင်း

Leave a Reply