မော်လမြိုင်၊ နိုဝင်ဘာ ။ ။ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ဈေးကြိုရပ်ကွက်၊ ငန်းတေးလမ်းရှိ ဟောင်သရောဝင်းအတွင်း လောင်းကစား၊ အရက်နှင့် မူးယစ်ဆေးဝါးများပြုလုပ်နေသည်ဟုသတင်းထွက်ပေါ်မှုများအရပြည်နယ်ရဲတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများက နိုဝင်ဘာ ၅ ရက်နေ့တွင်သွားရောက်စစ်ဆေးခဲ့ရာယင်းကိစ္စများနှင့် ပတ်သက်သည့် အထောက်အထားတစ်စုံတစ်ရာမတွေ့ရှိခဲ့ရကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးဝင်းနိုင်ဦးကဟင်္သာမီဒီယာသို့ ပြောကြားသည်။

howtyawwin

ဟောင်သရောဝင်းအတွင်း ကြက်ဝိုင်းများ၊ ငါးပစ်ဂိမ်းဆိုင် ခြောက်ဆိုင်၊ အရက်ဆိုင်များ၊ မူးယစ်ဆေးဝါးရောင်း ချနေမှုများကြောင့် လူငယ်များသည်မိဘပိုင်ငွေ၊ ဆိုင်ကယ်နှင့် ရွှေထည်ပစ္စည်းများကိုခိုးယူပေါင်နှံမှုများရှိလာ၍မိဘများစိတ်သောကရောက်ရကြောင်းနှင့် ၁၉၉ သို့ တယ်လီဖုန်းဖြင့် ဆက်သွယ်တိုင်ကြားရာ၌ဖုန်းမကိုင်ခြင်း၊ အော်ဟောက်ခြင်းများရှိနေသည်ဟုနိုဝင်ဘာ ၃ ရက်က“ရွှေတံခါးမှူးချစ်သူ” လူမှုကွန်ရက်ပေါ်တွင် မှတ်တမ်းဓာတ်ပုံနှင့်တကွ ဖော်ပြခဲ့မှုကြောင့် မှန်ကန်မှုရှိမရှိကိုစစ်ဆေးမှုများ ပြုလုပ်ခဲ့ရကြောင်း မွန်ပြည်နယ် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှတ်တမ်းအရသိရသည်။

ထိုကိစ္စကြောင့် ဟောင်သရောဝင်းအတွင်းကိုပူးပေါင်းအဖွဲ့များဖြင့် ဝင်ရောက်ရှာဖွေခဲ့ရာယင်းဝင်းအတွင်း၌ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊အမှတ် (၁၀၂၃) နယ်ခြားစောင့်တပ်ရင်းမှ ဟောင်သရောရုံးဝင်းတာဝန်ခံဗိုလ်ကြီးအဆင့်ရှိသူစောတူးနှင့် တပ်ဖွဲ့ဝင်များ၊၎င်းတို့၏ မိသားစုဝင် ၁၀ ဦးကိုသာတွေ့ရှိခဲ့ပြီးလောင်ကစား ပြုလုပ်နေသည်ဟုဆိုသော ကြက်ဝိုင်းများ၊ ငါးပစ်ဂိမ်းစက်ကိရိယာများ၊ အရက်ဆိုင်များနှင့် မူးယစ်ဆေးဝါးရောင်းချခြင်းများကိုမတွေ့ရှိခဲ့ရကြောင်းသွားရောက်စစ်ဆေးသည့် အဖွဲ့ဝင်များထံမှ သိရသည်။

မွန်ပြည်နယ်တွင် ဟောင်သရောဝင်းကိစ္စတစ်ခုထဲမဟုတ်ဘဲ၊တချို့ချို့သောနေရာများတွင် လောင်းကစားကိစ္စနှင့် သတင်းထွက်ပေါ်နေခြင်းကြောင့် အမှန်တကယ် ဟုတ်မဟုတ် သွားရောက်စစ်ဆေးရန် ရဲတပ်ဖွဲ့ကိုအမြဲပြောထားပြီးလိုအပ်ခဲ့လျှင် ရှောင်တခင် စစ်ဆေးမှုနှင့် ကျော်ဇောသည့်နေရာများကိုမျက်ခြည်မပြတ် စောင့်ကြည့်ဖမ်းဆီးအရေးယူနိုင်ရန် မှာကြားထားကြောင်း မွန်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးဝင်းနိုင်ဦးကပြောသည်။

“အကောင်းဆုံးတစ်ခုကတော့ အခုရှိနေပါတယ်ဆိုပြီးရဲကိုသူတို့ Hot လိုင်းဖွင့်ထားတဲ့ ဖုန်းနံပါတ်ကကိုတိုက်ရိုက် ဆက်ပြီးတိုင်ပေါ့၊ အခုရှိနေတဲ့အနေအထားမျိုးပေါ့၊သတင်းပေးပြီးကိုယ်တိုင်လည်းစောင့်ကြည့်ပေါ့၊ ကိုယ်ပေးတဲ့သတင်းအပေါ်မှာရဲတပ်ဖွဲ့က အမှန်တကယ်ရောက်ရှိလာခြင်းရှိမရှိပေါ့ Face Book အပေါ်တင်လိုက်ရုံမဟုတ်ဘဲအဲနေရာမှာအခုရှိနေတယ်၊ခုလာဖမ်းပေးပါ၊ တကယ်လုပ်လားမလုပ်လားဆိုတာကြည့်ပေါ့”ဟု ၎င်းက ထပ်လောင်းပြောဆိုသည်။

မွန်ပြည်နယ်တွင် တရားဥပဒေစိုးမိုးရေးနှင့် ပတ်သက်၍ မွန်ပြည်အစိုးရအဖွဲ့ဝင် ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များတွင်လည်းတာဝန်ရှိကြောင်း ၎င်းက ဆက်လက်ပြောသည်။

Written by ခေတ်မင်း

Leave a Reply