ထားဝယ် အောက်တိုဘာ

တနင်္သာရီတိုင်းဒေသကြီး လောင်းလုံးမြို့နယ်တွင် နိုင်ငံတကာအဆင့်မီခရီးသွားလုပ်ငန်းနှင့်ကမ ္ဘာ့အဆင့်မီအပန်းဖြေစခန်းတည်ဆောက်ခြင်းလုပ်ငန်းလုပ်ကိုင်ရန် Excellent Fortune Development Groupမှ တာဝန်ရှိသူများက တိုင်းဒေသကြီး အစိုးရထံ အောက်တိုဘာ ၉ ရက်က အဆိုပြုထားကြောင်း သိရသည်။

ပဲစင်ကျွန်း၊ ဖိုးဖိုးကျောက် ကမ်းခြေနှင့်ဝမော်ကမ်းခြေစသည့်နေရာတို့တွင် ဟိုတယ် နှင့်အပန်းဖြေစခန်းလုပ်ကိုင်ရန်အဆိုပြုကြောင်း၊ အမေရိကန်ဒေါ်လာ ၁ဘီလီယံခန့်ရင်းနှီးမြှုပ်နှံရန် လျာထားသည်ဟု ကုမ္ပဏီဖက်က တင်ပြကြောင်း တိုင်းအစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူး ဦးမိုးဇော်လတ် က ပြောသည်။

“သူ(ကုမ္ပဏီ)ပြောနေတာတော့ လောင်းလုံးကနေ ဖိုးဖိုးကျောက် အောက်လောက်အထိရောက်သွားတာပေါ့၊ အချို့နေရာတွေတောင်သူဆီတွေကမြေဝယ်ထားတယ်ပြောတယ်၊မြေဧကတွေတော်တော်များတယ်”ဟု ဦးမိုးဇော်လတ်က ဆိုသည်။

ယင်းသို့တောင်သူဆီမှမြေဝယ်ထားသော်လည်းဆောင်ရွက်လုပ်ကိုင်လိုသည့်လုပ်ငန်းအပေါ် ပြန်လည်တင်ပြရန်နှင့် မြေနေရာအတွက် အခြားနည်းအသုံးပြုခွင့်ရရှိရန်လိုကြောင်း အစိုးရဖက်မှ ပြန်လည်ဆွေး နွေးခဲ့သည်ဟု၎င်းထံမှသိရသည်။

ကျွန်းများတွင် ယင်းသို့လုပ်ငန်းလုပ်ကိုင်လိုသည့်ကုမ္ပဏီများအနေဖြင့် မြေလွတ်မြေလပ်အသုံးပြုခွင့်၊ မြေယာအခြားနည်းအသုံးပြုခွင့် အစရှိသည်တို့ သက်ဆိုင်ရာ ခွင့်ပြုချက် ရရှိ အောင် အဆင့်ဆင့် တင်ပြရမည်ဖြစ်ကြောင်း ဦးမိုးဇော်လတ်က ပြောသည်။

ကမ်းခြေများတွင်ကုမ္ပဏီများကဟိုတယ်နှင့် အပန်းဖြေစခန်းလုပ်ငန်းလုပ်ကိုင်ခွင့်ရရှိသွားလျှင် ဒေသခံကမ်းနီးငါး ဖမ်းလုပ်ငန်းအတွက်ထိခိုက်လာနိုင်ကြောင်း၊ ကုမ္ပဏီများက ဒေ သခံများကို အလုပ်အကိုင်အခွင့်အလမ်းရရှိအောင် ဖန်တီးပေးရန်လိုကြောင်း မောင်းမကန်ကျေးရွာနေ ဒေသခံ ဦးထွန်းကြည်က ပြောသည်။

အစိုးရသစ်လက်ထက်တွင် လောင်းလုံးမြို့နယ်ရှိ ကမ်းခြေများ၌ ရင်းနှီးမြှပ်နှံမှုပြုလုပ်ရန် လာရောက်အဆိုပြုသည့် ကုမ္ပဏီများတွင်ယင်းExcellent Fortune Development Group မှာ ရင်းနှီးမြှုပ်နှံနိုင်စွမ်းအကြီးဆုံးဖြစ်သည်ဟု ဒေသတွင်း သုံးသပ်ပြောဆိုမှုများလည်း ရှိနေသည်။

အဆိုပါကုမ္ပဏီမှ တာဝန်ရှိသူများ တင်ပြချက်အရ မကာအို၊ တရုတ်မှ စီးပွားရေးလုပ်ငန်းရှင်ကြီးများနှင့်ချိတ်ဆက်ပြီး လုပ်ငန်းဆောင်ရွက်သွားရန် ရှိကြောင်း၊ စီးပွားရေးမိတ်ဖက်အနေဖြင့်ကမ္ဘာ့ထိပ်တန်း 6star အဆင့် တည်ဆောက်နေသည့်ကုမ္ပဏီနှင့်တရုတ်နိုင်ငံမှ Top 4စာရင်းဝင်ကုမ္ပဏီကြီးများလည်း ပါဝင်နေကြောင်း ညွှန်ကြားရေးမှူ းဦးမိုးဇော်လတ်ကလည်း ပြောသည်။

တင့်လွင်

Leave a Reply