(ဓါတ်ပုံ အညွှန်း – မော်လမြိုင် တက္ကသိုလ် ရှေ့ရှိ ပြောင်းရွှေ့ ပေးရမည့် ဆိုင်ခန်း တခုအား ဖျက်သိမ်း ထားသည်နှင့် အာဏာပိုင်များမှ ကြေငြာချက် ထုတ်ထား သည်ကို တွေ့ရစဉ်)

မွန်ပြည်နယ်၊ မော်လမြိုင် တက္ကသိုလ် အရှေ့ရှိ အမှတ် (၃) တက္ကသိုလ် လေ့ကျင်းရေး (UTC) တပ်၏ တပ်အုတ်နံရံ အတွင်းဘက်၌ တည်ဆောက် ထားသည့် ဈေးဆိုင်ခန်း များအား ကျူးကျော် ဆိုင်များဟု ဆိုကာ ဒေသ အာဏာပိုင် များက နိုဝင်ဘာလ (၇) ရက်နေ့ နောက်ဆုံး ထား၍ ဖယ်ရှား ပေးရန် ညွှန်ကြား ထားကြောင်း ဈေးဆိုင်ခန်း ပိုင်ရှင်များက ပြောသည်။

“ကျွန်မတို့က၂၀၁၀ မတိုင်ခင်က တပ်ကိုတစ် နှစ်သောင်း သွင်းရ ပါတယ်၊၂၀၁၀ ကနေ၂၀၁၅ အထိ ကတော့ နားလည်မှုနဲ့ နေတာပါ” ဟု UTC တပ်ဝင်းတွင် လဖက်ရည်ဆိုင် ဖွင့်ထားသည့် အမည်မဖော်လိုသူ တစ်ဦးက ဆိုသည်။

ကျူးကျော် ဆိုင်ခန်းဟု အမည်တပ် ခံရသော မော်လမြိုင်တက္ကသိုလ်ကျောင်း အရှေ့မှ UTC ဈေးဆိုင်ခန်း များသည် ယခင် အစိုးရ လက်ထက် ကတည်းက တက္ကသိုလ် လေ့ကျင်းရေး တပ်သို့ လျှပ်စစ်မီးဖိုး၊ ရေဖိုး အပါဝင် တစ်လလျှင် ငွေနှစ်သောင်းကျပ် ပေး၍ မြေနေရာ ငှားရမ်း ဖွင့်လှစ်ခဲ့သော ဈေးဆိုင်ခန်းများ ဖြစ်ကြောင်း ဖယ်ရှား ပေးရမည့် ဆိုင်ခန်း ပိုင်ရှင် များက ပြောသည်။

ဈေးဆိုင်ခန်း မြေနေရာများ ငှားရမ်းစဉ် ကလည်း တက္ကသိုလ် လေ့ကျင်းရေး တပ်နှင့် ဆိုင်သမား များအကြား သဘော တူညီမှု ရယူပြီး လစဉ်ကြေး များကို တက္ကသိုလ် လေ့ကျင့်ရေး တပ်ရင်းရုံးသို့ ပေးသွင်း ခဲ့ရခြင်း ဖြစ်ကြောင်း သက္ကရာဇ်၂၀ဝ၀ ခုနှစ်မှ ယနေ့ အချိန်ထိ ယင်းနေရာတွင် ဈေးရောင်း နေသော အမည်မဖော် လိုသူ ဈေးသည် တစ်ဦးကပြောသည်။

(ဓါတ်ပုံ အညွှန်း – မော်လမြိုင် တက္ကသိုလ် ရှေ့ရှိ ပြောင်းရွှေ့ ပေးရမည့် ဆိုင်ခန်း တခုအား ဖျက်သိမ်း ထားသည်နှင့် အာဏာပိုင်များမှ ကြေငြာချက် ထုတ်ထား သည်ကို တွေ့ရစဉ်)
(ဓါတ်ပုံ အညွှန်း – မော်လမြိုင် တက္ကသိုလ် ရှေ့ရှိ ပြောင်းရွှေ့ ပေးရမည့် ဆိုင်ခန်း တခုအား ဖျက်သိမ်း ထားသည်နှင့် အာဏာပိုင်များမှ ကြေငြာချက် ထုတ်ထား သည်ကို တွေ့ရစဉ်)

အဆိုပါ ဆိုင်ခန်း များသည် သက္ကရာဇ်၂၀ဝ၀ခုနှစ် ဝန်းကျင်ကတည်းကပင် တည်ဆောက်၍ ရောင်းဝယ် ဖောက်ကား နေသည့် ဆိုင်ခန်းများ ဖြစ်သည်။

UTC တပ်ဝင်း အရှေ့တွင် ဗီနိုင်းအနီရောင် ဆိုင်းဘုတ်ဖြင့် “ယခု ရောင်းချနေသော ကျူးကျော် ဆိုင်ခန်း များသည် အမှတ် (၃) လေ့ကျင့်ရေး တပ်နှင့်လုံးဝ သက်ဆိုင်ခြင်း မရှိပါ။ သို့ဖြစ်ပါ၍ တပ်အမည်အား အလွဲသုံးစား လုပ်၍ တိုင်တန်း မှုများ ပြုလုပ် လာပါက အသရေ ဖျက်မှုဖြင့် ပြည်နယ် အစိုးရ အဖွဲဲ့သို့ တရားဝင် တင်ပြ၍ လိုအပ်သလို ဆက်လက် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း” ကြေညာ ထားသည်။

လက်ရှိအခြေအနေအရ ကျူးကျော် အမည်ခံ ဆိုင်ခန်း ၃၆ ခန်း ရှိနေပြီး ယင်းဆိုင်ခန်း များကို နိုဝင်ဘာ ၇ ရက် နောက်ဆုံးထား ပြောင်းရွှေ့ ပေးရန် UTC တပ်နှင့် ဈေးဆိုင်သမားများက သဘော တူညီမှု ရရှိထားပြီး ဖြစ်ကြောင်း အဆိုပါဈေးဆိုင်ခန်း သမားများက ပြောဆိုကြသည်။

၂၀၁၅ ခုနှစ် စက်တင်ဘာ ၁၉ ရက်တွင် တက္ကသိုလ် လေ့ကျင့်ရေး (UTC) ရှိ ဈေးဆိုင်ခန်း မြေနေရာကို ထပ်ဆင့် ပြန်လည် ငှားရမ်းထားသော ဦးဇော်ဝင်း ဆိုသူက ယင်းဈေးဆိုင်ခန်းများကို သုံးရက် အတွင်း ဖျက်သိမ်း ပေးကြရန် လာရောက် ပြောဆို ပြီးနောက် တက္ကသိုလ် လေ့ကျင့်ရေး တပ်မှ ရဲဘော်များက ဈေးဆိုင်ခန်း ၁၀ ခန်း ဝန်းကျင်ကို ဖျက်သိမ်း ခဲ့ကြသဖြင့် ဈေးဆိုင်ခန်း သမားများက၂၀၁၅ ခုနှစ် စက်တင်ဘာ ၂၁ ရက်တွင် အရှေ့တောင်တိုင်း စစ်ဌာနချုပ် ထံသို့ နိုဝင်ဘာ ၇ ရက်နေ့ နောက်ဆုံးထား ပြောင်းရွှေ့ပေးမည်ဟု အသနားခံစာ ပေးပို့ ခဲ့ကြကြောင်း ၎င်းတို့က ဆိုသည်။

Leave a Reply