လေးလစာ မြို့ဝင်ကြေးဝင်ငွေ ကျပ်သိန်း ၄၈၀၀ ကျော်ရှိ

မော်လမြိုင်၊ စက်တင်ဘာ ၁၁

မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ ကောက်ခံနေသည့် မြို့ဝင်ကြေးမှ ယခုနှစ် ဧပြီမှ ဇူလိုင်လကုန်အထိ လေးလအတွင်း ကျပ်သိန်း ၄၈၀၀ ကျော် ရရှိခဲ့ကြောင်း ယင်းအဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်က ဟင်္သာမီဒီယာသို့ ပြောဆိုသည်။

“အရင်နှစ်ထက်တောင်ပိုကောက်နိုင်တယ် ဒီနှစ်ထဲမှာ မြို့နယ်အလိုက် ပြေစာအရောင်ခွဲထားတယ်
ကြီးကြပ်တဲ့ဝန်ထမ်းတွေလည်း အဆင့်ဆင့်တာဝန်ယူမှုကိုလည်း သေသေချာချာကြပ်မတ်ဖို့ညွန်ကြားတယ်”ဟု ၎င်းက ဆိုသည်။

ကောက်ခံရရှိမှုတွင် မြို့နယ် ၁၀ မြို့နယ်မှ ကျပ်သိန်းပေါင်း ၄၈၀၀ ကျော် ရရှိခဲ့ပြီး၊ ကျိုက်ထို ကျပ် ၈၅၆ သိန်း၊ မုဒုံ ကျပ် ၈၂၆ သိန်း၊ ဘီးလင်း ၈၁၅ သိန်း၊ သထုံ ကျပ် ၇၆၅ သိန်းဖြင့် အများဆုံး ကောက်ခံရသည့် မြို့နယ်များတွင် ပါဝင်နေကြောင်း ၎င်းက ပြောသည်။

ထိုသို့ မြို့ဝင်ကြေး ဘီးခွန် ကောက်ခံရာတွင် တစ်နှစ်စာ အခွန်ဆောင်ထားသော မော်တော်ယာဉ်များ ကတ်ပြားပြသပါက ထပ်မံ ပေးဆောင်စရာ မလိုကြောင်း ၎င်းက ဆိုသည်။

မြို့ဝင်ကြေးများကိုမူ စည်ပင်သာယာ နယ်နိမိတ်အတွင်း ဖြတ်သန်းသွားလာနေသော မော်တော်ယာဉ်များကိုသာ ကောက်ခံခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းလင်းပြောဆိုသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ဇွန်လမှ မတ်လကုန်အထိ ၁၀ လတာ ကောက်ခံခဲ့ရာ မြို့ဝင်ကြေး ကျပ်သန်းပေါင်း တစ်ထောင်တစ်ရာကျော် ကောက်ခံရရှိခဲ့ကြောင်း ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ မှတ်တမ်းများအရ သိရသည်။

ဂေထော

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.