Advertisements

မော်လမြိုင်၊ ဇူလိုင် ၂၃

မွန်ပြည်နယ်တွင် ယခုနှစ် ဧပြီလမှ ဇူလိုင် ၇ ရက်အထိ တရားမဝင် သစ် တန်ချိန် ၂၀၀ ကျော် ဖမ်းဆီးရမိခဲ့ကြောင်း ပြည်နယ် သစ်တောဦးစီးဌာန၏ မှတ်တမ်းများအရ သိရသည်။

ဖမ်းဆီရမိမှုတွင် ဧပြီလ၌ ၇၉ ဒသမ ၆၈၂၂တန်၊ မေတွင် ၂၃ ဒသမ ၃၈၅ တန်၊ ဇွန်လတွင် ၅၅ ဒသမ ၂၃၇၃ တန်၊ ဇူလိုင် ၇ ရက်အထိ တန် ၆၀ ခန့် အထိ ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ စာရင်းအရ မြို့နယ်အလိုက် ဖမ်းဆီးရမိတွင် ရေးမြို့နယ်တွင် ၆၀ ဒသမ ၅ တန်နှင့် ပေါင်မြို့နယ်တွင် တန် ၆၀ ခန့်ဖြစ် အများဆုံး ဖမ်းမိခဲ့ခြင်း ဖြစ်ပြီး ကျွန်းသစ်၊ သစ်မာ၊ ပိတောက်၊ အခြား သစ်များ အမျိုးအစားများလည်း ပါဝင်နေသည်။

“မိုးတွင်းကျတော့ သိတဲ့အတိုင်း သွားလာလို့ခက်တဲ့အခါကျတော့လည်း ဖမ်းဆီးမှုများလာရင်တော့ ထုံးစံအတိုင်းပဲ ခိုးတာလျော့သွားမယ်”ဟု ပြည်နယ်သစ်တောဦးစီးဌာန ညွန်ကြားရေးမှုုး ဦးမင်းသိန်းမြင့်က ဟင်္သာမီဒီယာသို့ ပြောဆိုသည်။

တရားမဝင် သစ် ဖမ်းဆီးရန်အတွက် မြို့နယ် အပါအဝင် ခရိုင်၊ ပြည်နယ်တွင်လည်း အဖွဲ့များ ဖွဲ့စည်းထားပြီး လိုအပ်ပါက သုံးဖွဲ့ပေါင်း၍ ဖမ်းဆီးမှုများ ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ပြောသည်။

Written by ဂေထော

Advertisements
<

Leave a Reply