မွန်ပြည်နယ်တွင် လျှပ်စစ်ကျွမ်းကျင် (လိုင်းမင်း) ဝန်ထမ်းများကို ရာနှုန်းပြည့် ခန့်အပ်ပေးရန်အတွက် နိုင်ငံတော် ဘဏ္ဍာငွေ အခက်အခဲများရှိနေကြောင်း လျှပ်စစ်စွမ်းအင်နှင့် စက်မှုဝန်ကြီး ဦးမင်းထင်အောင်ဟန်က ပြောသည်။

electric-amn

လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်းများကို ရာနှုန်းပြည့်ခန့်အပ်ထားနိုင်ခြင်းမရှိသဖြင့် အကြောင်းအမျိုးမျိုးကြောင့် လျှပ်စစ်ကြိုးလိုင်းများ ပြတ်တောက်သွားချိန်တွင် ပြန်လည်ပြုပြင်ရန် အစိုးရလုပ်ဆောင်ပေးမှုမှာ နှောင့်နှေးရခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

မွန်ပြည်နယ်အတွင်း လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်းများ လိုအပ်ချက်၏ ၄၅ ရာခိုင်နှုန်းသာ ခန့်အပ်ထားသဖြင့် ပြည်ထောင်စုအစိုးရထံ တင်ပြထားခဲ့ရာ ယင်းဘဏ္ဍာရေးငွေ အခက်အခဲကြောင့် ၆၀ ရာခိုင်နှုန်းအထိသာ တိုးမြှင့်ခန့်အပ် ခွင့်ပြုထားသေးကြောင်း ၎င်းက ပြောသည်။

လျှပ်စစ်ဓာတ်အားလိုင်းများ ပြတ်တောက်ခြင်းများ၊ ဓာတ်တိုင်အသစ်လဲခြင်းများကို ပြုပြင်လုပ်ဆောင်ရန် လိုအပ်နေသော ဝန်ထမ်းများ၊ ကရိန်းကားများနှင့် လျှပ်စစ်လုပ်ငန်းအတွက် လိုအပ်သည့်ပစ္စည်းကိရိယာများကို ဘတ်ဂျက်ရေးဆွဲ တင်ပြထားပြီးဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

လက်ရှိတွင် ဓာတ်တိုင်များပြိုလဲမှု စသည့်ကိစ္စရပ်များကို ပြင်ပမှ ကရိန်းကားကို ငှားရမ်းအသုံးပြုနေရပြီး လျှပ်စစ်ကျွမ်းကျင် ဝန်ထမ်းရှားပါးခြင်းနှင့် ငွေကြေးအခက်အခဲကြောင့် နေ့စားဝန်ထမ်းများကို ထားရှိရကြောင်း ၎င်းက ပြောသည်။

Leave a Reply