မော်လမြိုင်၊ နိုဝင်ဘာ ။ ။ မွန်ပြည်နယ်အတွင်းအစိုးရလျှပ်စစ်ဓါတ်အားဖြန့်ဖြူးခြင်း မရှိသေးသည့် သံဖြူဇရပ်မြို့နယ်နှင့် ရေးမြို့နယ်များမှကျေးရွာများသို့ လျှပ်စစ်ဓာတ်အားပေးနိုင်ရေးအတွက် လုပ်ငန်းစီမံချက်များအား ပုဂ္ဂလိကကုမ္ပဏီဖြစ်သောSEGEPကုမ္ပဏီက မွန်ပြည်နယ်လွှတ်တော်သို့တင်ပြထားကြောင်း အဆိုပါကုမ္ပဏီ၏မန်နေဂျင်းဒါရိုက်တာဦးမောင်မောင်မြင့်က ပြောသည်။

vv-copy

ကျေးရွာများတွင် သင့်လျော်သောဓာတ်အားခဈေးနှုန်းဖြင့်၂၄ နာရီပတ်လုံး လျှပ်စစ်ဓါတ်အားရရှိစေရန်နှင့် ဒေသတွင်းစီးပွားရေးလုပ်ငန်းရှင်များ၊ စက်ရုံ၊ အလုပ်ရုံများတွင်လည်း ၂၄ နာရီပတ်လုံး လျှပ်စစ်ဓါတ်အားကို ပါဝါအပြည့်ဖြင့် ဈေးနှုန်းသင့်လျော်စွာဖြင့် ရရှိစေနိုင်ရန်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ဦးမောင်မောင်မြင့်က ပြောသည်။

“အစိုးရအဖွဲ့ကခွင့်ပြုပေမယ့် ပြည်နယ်လွှတ်တော်ကအတည်ပြုဖို့လိုသေးတယ်လေ၊ ပြည်နယ်အစိုးရကခွင့်ပြုပြီးလွှတ်တော်ကသဘောမတူရင် အကုန်နစ်နာကုန်မယ်၊ ဒါကြောင့် ကျွန်တော်တို့ ကလာရှင်းပြတာ”ဟုဦးမောင်မောင်မြင့်က ဆိုသည်။

F.O လောင်စာသုံးလျှပ်စစ်ဓာတ်အားစက်ရုံကိုရေးမြို့နယ်၊ ကျိုက်မရောမြို့နယ်နှင့် သံဖြူဇရပ်မြို့နယ်ရှိစက်စဲကမ်းခြေတွင် တည်ဆောက်သွားမည်ဖြစ်ပြီး လျှပ်စစ်ဖြန့်ဖြူးပေးနိုင်ပါက တစ်ယူနစ်လျှင်၂ဝ၂ကျပ်မှ ၂၅၆ကျပ်အတွင်းကောက်ခံသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ရေတိုစီမံချက်အဖြစ် F.O လောင်စာသုံးလျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးကို ၃ နှစ်မှ ၅ နှစ်အတွင်းလျှပ်စစ် ဓာတ်အားဖြန့်ဖြူးရေးလိုင်း Network များတည်ဆောက်၍ လျှပ်စစ်ဓာတ်အားမရရှိသေးသောနေရာများသို့ လျှပ်စစ်ဓါတ်အားများ ဖြန့်ဖြူးပေးသွားရန် စီစဉ်ထားကြောင်း အဆိုပါကုမ္ပဏီထံမှသိရသည်။

ရေရှည်အနေဖြင့် ၂၀၁၉-၂၀၂၀ ခုနှစ်မှစကာရေးမြို့နယ်အတွင်း ရေအားလျှပ်စစ် ဓာတ်အားထုတ်လုပ်၍သင့်တင့်မျှတသောဈေးနှုန်းများနှင့် ပြည်သူလူထုကို ဖြန့်ဖြူးနိုင်ရေး၊ ရေးမြို့နယ်အတွင်းရှိစက်ရုံ၊ အလုပ်ရုံများလည်ပတ်နိုင်ရေးနှင့် ကော့လှိုင်ဓာတ်အားအခြေပြုစက်ရုံ၊ အလုပ်ရုံများပါဝင်သည့် စက်မှုဇုံပေါ်ပေါက်လာနိုင်ရန် ရည်ရွယ်ကြောင်း ဦးမောင်မောင်မြင့်က ဆိုသည်။

“ကျွန်တော်တို့အနေနဲ့ ဒီလုပ်ငန်းကိုအပြန်ပြန် အလှန်လှန်လေ့လာပြီးတာနဲ့ သဘောတူမတူဆိုတာကိုအကြောင်းပြန်မှဖြစ်ပါတယ်”ဟုမွန်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဌဒေါက်တာအောင်နိုင်ဦးကလွှတ်တော်တွင်ပြောဆိုခဲ့သည်။

F.O လောင်စာသုံး 30 MGW လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးရန်အတွက်၂၀၁၆ ခုနှစ် စက်တင်ဘာ၂၀ရက်နေ့တွင် မွန်ပြည်နယ် ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တွေ့ဆုံ၍ အဆိုပါ F.O လောင်စာသုံးလျှပ်စစ်ဓာတ်အားပေးလုပ်ငန်းအကြောင်းကိုအဆိုပြုတင်ပြထားကြောင်းSEGEP ကုမ္ပဏီထံမှ သိရသည်။

Written by – ဖိုးဝ

Leave a Reply