ရန်ကုန် ၊ သြဂုတ် ၂

လျှပ်စစ် နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းခိုင် ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က စစ်ဆေးနေမှု အပေါ် အုပ်ချုပ်ရေးပိုင်း က ဝင်ရောက် စွက်ဖက် မည် မဟုတ်ကြောင်း နိုင်ငံတော် သမ္မတ ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး ကပြောကြားသည်။

“ လျှပ်စစ်ဦးကြီး ကိစ္စကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် က ဥပဒေ အတိုင်း ဆောင်ရွက် နေတာကို အုပ်ချုပ်ရေး ပိုင်းအနေနဲ့ တစ်စုံတစ်ရာ ပါဝင်ပတ်သက်တာ ဝင်ရောက်စွက်ဖက်တာမရှိပါဘူး အချိန်တန်ရင်သူဘာသူ ထုတ်ပြန်ပါလိမ်မယ်” ဟု ၎င်း ကဆိုသည်။

သြဂုတ်လ ၂ ရက်နေ့ သမ္မတ အိမ်တော် တွင်ကျင်းပပြုလုပ်သော သတင်းစာရှင်း ပွဲတွင် နိုင်ငံတော် သမ္မတ ရုံးပြောရေးဆိုခွင့် ရှိသူ ဦးဇော်ဌေး က ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

လတ်တလော တွင် လျှပ်စစ် နှင့် စွမ်းအင်ဝန်ကြီး ဦးခငမောင်ချို အပါအဝင် ဒုတိယ ဝန်ကြီးများ ဘဏ် အကောင့် များ ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး စစ်ဆေး နေကြောင်း သတင်း များ ထွက် ပေါ် လျက်ရှိသည်။

ထို့ အပြင် သမ္မတရုံး ပြောရေး ဆိုခွင့် ရှိသူ ဦးဇော်ဌေး က စက်မှု ဝန်ကြီး ဦးခင်မောင်ချို နှုတ်ထွက် သွားခြင်း ကိစ္စ မှာ ရုံးပိုင်ဆိုင်ရာ လုပ်ထုံး လုပ်နည်းအများ ကြောင့် ဝန်ကြီးကိုယ်တိုင် တာဝန်ယူသည့် အနေနှင့် နှုတ်ထွက် သွား ခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ဦးခင်မောင်ချို ၏ ဖြစ်စဉ်မှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ၏ လုပ်ပိုင်ခွင့် နှင့် သက်ဆိုင်ခြင်း မရှိ ပဲ အစိုးရအဖွဲ့ ၏ လုပ်ပိုင်ခွင့် နှင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရ သာ ဆောင်ရွက်ခဲ့သည့် ကိစ္စ ဖြစ်ကြောင်း လည်း ရှင်းလင်းခဲ့သည်။

ဟင်္သာမီဒီယာ

Leave a Reply