Advertisements

မော်လမြိုင်၊ စက်တင်ဘာ

၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် မွန်ပြည်နယ်၏ နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဆိုင်ရာ လျာထားချက် တင်သွင်းခြင်းနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များ ထောက်ပြဆွေးနွေးသည့်ကိစ္စနှင့်ပတ်သက်ပြီး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ အားလုံးလေ့လာပြီးမှ ပြောဆိုဆွေးနွေးကြရန်မွန်ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာအေးဇံက သတိပေးပြောကြားခဲ့သည်။

“မူမရှိဘဲနဲ့ ကျွန်တော်တို့ဘာတစ်ခုမှ မလုပ်ပါဘူး။ ကျွန်တော်တို့ ၅ နှစ်လုံးလုံးလိုက်နာရမယ့်မူဟာ ကိုယ့်ပါးစပ်နဲ့ကိုယ်ပြောခဲ့ကြတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကိုယ်စားလှယ်ကြီးများ ပြန်လည်လေ့လာပြီးတော့ ပြောပါဆွေးနွေးပါ”ဟု ၎င်းင်းက သတိပေးစကားပြောကြားခဲ့သည်။

အဆိုပါဘဏ္ဍာရေးကိစ္စနှင့် ပတ်သက်ပြီး ကျိုက်ထိုမြို့နယ်အတွက် ၁,၂၂၉ သန်း၊ ဘီးလင်း ၁,၇၁၄ သန်း၊ သထုံ ၅၀၆သန်း၊ ပေါင်မြို့ ၂၅၃ သန်း၊ မော်လမြိုင် ၃,၃၉၅ သန်း၊ ကျိုက်မရော ၉၆၃ သန်း၊ မုဒုံ ၈၃၀သန်း၊ ချောင်းဆုံ ၇၈၃ သန်း၊ သံဖြူဇရပ် ၈၂၆ သန်းနှင့် ရေးမြို့နယ် ၁,၈၈၅ သန်း ဘဏ္ဍာရေးခွဲဝေထားသည်ကို သိရှိရကြောင်းပေါင်မြို့နယ်မဲဆန္ဒနယ်အမှတ်(၂)ပြည်နယ်လွှတ်တော် ကိုယ် စားလှ ယ် ဦးေဇာ်ဇော်ထူးက ထောက်ပြဆွေးနွေး
ခဲ့သည်။

“အဲဒီမှာစဉ်းစားပြီး ဘာပြန်တွေ့လဲဆိုတော့ လူဦးရေနဲ့ခွဲတာလား၊ ဖွံ့ဖြိုးရေးအနေနဲ့ခွဲတာလား၊ ပညာရေး ကျန်းမာရေးအနေနဲ့ ခွဲတာလား၊ ဘယ်အနေအထားနဲ့ခွဲတာလဲဆိုတာ၊ ဘာကိုဖြစ်လဲဆိုရင် အမြင့်ဆုံးဖြစ်တဲ့ မော်လမြိုင်မှာ ၃,၃၉၅သန်းဆိုပြီးတော့ပေးထားတယ်။ အနိမ့်ဆုံးဖြစ်တဲ့ ပေါင်မြို့နယ်က ၂၅၃ သန်းပဲရတယ်”ဟု ၎င်းက ထောက်ပြပြောဆိုသည်။

အစိုးရသည်ဘတ်ဂျက်ရေးဆွဲခြင်းမဟုတ်ဘဲ မြို့နယ်မှတင်ပြလာသည့်အချက်များကို မူဝါဒနှင့်ညှိပြီးမှ ဘတ်ဂျက်ထည့်ဆွဲရကြာင်း၊ လေ့လာထားခြင်းမရှိဘဲ မေးမြန်းမည်ဆိုပါကမေးခွန်းများ ဆိုင်းနေရမည့်ကိစ္စ အမြဲမပြတ်ဖြစ်ပေါ်နေမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ဆိုသည်။

“ဒါကြောင့်မို့လို့ စီမံကိန်းကော်မရှင်အစည်းအဝေးတွေကို မြို့နယ်တွေမှာလုပ်ရင် မြို့နယ်တွေမှာ သွားတက်ကြပါ။ အဲဒီကအတည်ပြုတာကို ကျွန်တော်တို့ဆီကို ရောက်ပါပြီ။ ကျွန်တော်တို့ ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ မူဝါဒအတိုင်း ဆွဲပါတယ်။ မူဝါဒမရှိဘဲ စည်းမဲ့ကမ်းမဲ့တစ်ခုမှ မလုပ်ခဲ့ပါဘူး။ ဒါကို သတိမူကြပါ။ ကျွန်တော်
တို့ ရွေးကောက်ပွဲ ကြေညာစာတမ်းအတိုင်း ကျွန်တော်တို့လုပ်နေတာဆိုတာ ဒါကို သတိမူကြပါ”ဟု ၎င်းက ပြောသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရ၏ လုပ်ဆောင်နေရသည့် အခက်အခဲများကို ပြောကြားခဲ့ခြင်းဖြစ်ကြောင်း၊ သို့သော် ပြည်ထောင်စုကခွဲဝေပေးသည့်ဘဏ္ဍာငွေများသည် ပြည်နယ်အစိုးရက ရေးဆွဲပြီးမှ လွှတ်တော်တွင်တင်ပြပြီး အစည်းအဝေးခေါ်ယူရမည်ကို လွှတ်တော်နည်းဥပဒေ အခန်း ၁၄ ပုဒ်မ ၁၄၈တွင် ဖော်ပြထားကြောင်း သထုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူ ကပြောကြားသည်။

“ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ဖို့ ဝိုင်းဝန်းဆွေးနွေးပေးသွားတဲ့အကြံပြုချက်များကို နောက်လာမယ့် ဘဏ္ဍာရေးနှစ်ဘတ်ဂျက်မှာ ယခုထက်
ပိုပြည့်စုံတဲ့ ပိုမိုကောင်းမွန်တဲ့ အနေအထားဖြစ်အောင် လွှတ်တော်ကိုယ်စား လှယ်တွေရဲ့အကြံပြုချက်များကိုပါ ပေါင်းစပ်ပြီးတော့ မိမိတို့ပြည်နယ်အစိုးရအနေနဲ့ ရေးဆွဲပေးသွားပါမယ်”ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဝဏ္ဏကျော်ကပြောသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် မွန်ပြည်နယ်၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးဆိုင်ရာလျာထားချက်တွင် သာမန်အသုံးစရိတ် ၃,၆၈၄ ဒသမ၃၅၉ သန်း၊ ငွေလုံးငွေရင်း အသုံးစရိတ် ၈,၆၅၀ ဒသမ၄၃၆ သန်း၊ စုစုပေါင်း ၁၂,၃၃၄ဒသမ ၇၉ သန်းအား စက်တင်ဘာလ ၅ ရက်က ကျင်းပသည့် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် သတ္တမပုံမှန် အစည်းအဝေး(ဒုတိယနေ့)တွင် ပြည်နယ်လွှတ်တော်မှ အတည်ပြုခဲ့သည်။

Written by – ရွှေရိုး

Advertisements
<

Leave a Reply