မွန်ပြည်နယ်လွှတ်တော်သို့ ပြည်သူလူထုထံမှ ပေးပို့ထားသည့် တိုင်းကြားစာများကို ဖြေရှင်း ရန် သက်ဆိုင်ရာ ဌာန ဆိုင်ရာအဖွဲ့ အစည်းများ ကို ခေါ်ယူရာ တွင် လွှတ်တော် သို့လာရောက် ဖြေရှင်း ပေးခြင်း မရှိ ကြောင်း တိုင်စာ အသနားခံစာ၊ တင်ပြစာနှင့် အထွေထွေ ကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကျော် သူကပြေကြားသည်။

4 copy

“ကျွန်တော်တို့က တိုင်စာ တွေကို ဖြေရှင်းဖို့ အုပ်ချုပ်ရေးယန္တရားက သက်ဆိုင်ရာအဖွဲ့အစည်းတွေကို စာထုတ်ခေါ် ယူမေးမြန်းတယ်၊ အချို့ဌာနဆိုင်ရာတွေက လာရောက် မရှိဘူး၊အဲ့တော့ ဖြေရှင်းဖို့ကြန့်ကြာ နေတယ်”ဟု ၎င်းက ဆိုသည်။

ထို့အပြင် မွန်ပြည်နယ်ရှိ ဌာနဆိုင်များအနေဖြင့် တိုင်ကြားစာကော်မတီသည် ပြည်နယ်လွှတ်တော် ဥပဒေ၊ နည်းဥပဒေနှင့်အညီလုပ်ဆောင်နေသည့်အဖွဲ့အစည်းအဖြစ်ခြင်းကို သိရှိနားလည်းရန် လိုအပ်ကြောင်း ဦးအောင်ကျော်သူက ပြောသည်။
ဇွန်လ ၂၈ရက်နေ့ကျင်းပပြုလုပ်သည့် မွန်ပြည်နယ်လွှတ်တော်အစည်း အဝေးတွင် တိုင်စာ အသနား ခံစာ၊ တင်ပြစာနှင့် အထွေထွေ ကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီက အစီရင်ခံစာတစ်စောင် တင်သွင်းခဲ့ ရာတွင် ၎င်း ကယင်းသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အစီရင်ခံစာတွင် လက်ရှိအချိန်တွင် တိုင်ကြားစာကော်မတီအနေဖြင့် ၃၀ ရာခိုင်နှုန်းကျော်ကို ဖြေရှင်း ခဲ့ပြီး၊ ၂၀ ရာခိုင်နှုန်းသည် စီမံကိန်းနှင့် ဆိုင်သောကိစ္စရပ်များဖြစ်သည့်အတွက်ကြောင့် စီစစ်ဆောင်ရွက် ဆဲဖြစ်ကြောင်း ပါရှိသည်။

ထို့နောက် ဖြေရှင်းပေးရန် ကျန်ရှိနေသည့် ၅၀ ရာခိုင်နှုန်းသော ကိစ္စရပ်များသည် သက်ဆိုင်ရာဌာများ၏ ပြန်စာများ ကို စောင့်ဆိုင်းနေရကြောင်း အဆိုပါ အစီရင်ခံစာတွင်ဖော်ပြထားသည်။

အဆိုပါ တိုင်ကြားစာကော်မတီ ဖွဲ့စည်းသည့်နေ့မှစ၍ မေလ ၂၆ ရက်နေ့အထိ တိုင်ကြားစာပေါင်း ၁၆၉ စောင်ရောက်ရှိခဲ့ပြီး၊ အဆိုပါ တိုင်ကြားစာများတွင် လယ်မြေ၊ စာကျက်မြေအပါအဝင် မြေယာနှင့်ပတ်သက်သည့် ကိစ္စရပ်များမှာ အများဆုံးဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

တိုင်ကြားစာကော်မတီအနေဖြင့် ပေါင်မြို့နယ် ဥတ္တံတားကျေးရွာရှိ Long Life Aggergate Miniing Co.Ltd ၏ ကျောက်ထုတ်လုပ်ငန်း အခြေအနေ၊ ကျိုက်မရောမြို့နယ်ရှိ MCL ဘိလပ်မြေစက်ရုံ ကျောက်မီးသွေးဖြင့် လျှပ်စစ်ဓါတ်အား ထုတ်လုပ်မှု အခြေအနေနှင့် ဘီလင်းမြို့နယ်ရှိ အရက်ပြန်စက်ရုံ၏ ရေဆိုးရေညစ်စွန့်ပစ်မှု ကြောင့် သဘာဝပတ်ဝန်ကျင်းထိခိုက်မှု အခြေအနေများကို ကွင်းဆင်းလေ့လာ စစ်ဆေးခဲ့ကြောင်း အဆိုပါ ကော်မတီအဖွဲ့ဝင်များက ပြောကြားသည်။

Leave a Reply