မော်လမြိုင် ၊ ဖေဖော်ဝါရီ ၁၈ ။ ။ ပြီးခဲ့သည့် ရွေးကောက် ပွဲတွင် ပြည်နယ်လွှတ်တော် နှစ်နေရာ အနိုင်ရရှိခဲ့သည့် မွန်အမျိုးသားပါတီအ နေနှင့် လွှတ်တော်အတွင်း လယ်ယာမြေ ကိစ္စများကို အဓိက ဦးစားပေး အဆိုတင်သွင်းသွား မည်ဟု မွန်အမျိုးသား ပါတီ အတွင်းရေးမှူး နိုင်လယီတမ ကပြောသည်။

“ပထမအချက် အနေနဲ့ လယ်ယာမြေကိစ္စ ကို အဓိက ထားလုပ်မယ်။ တခြားကျန်တဲ့ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးတွေကို တစ်ခုချင်းဆီကို အခြေအနေ အချိန်အခါနဲ့ လျော်ညီစွာ သူတို့လုပ်သွားမှာပါ။ လွှတ်တော် ကိုယ်စားလှယ်လုပ်နိုင်ဖို့ အတွက် ပါတီကလည်း လိုအပ်တဲ့ ပံ့ပိုးမှုတွေကို လုပ်ပေးသွားမှာပါ” ဟု နိုင်လယိတမက ပြောသည်။

လက်ရှိအချိန်တွင် အနိုင်ရ လွှတ်တော်ကိုယ်စားလှယ် များက သက်ဆိုင်ရာ ဒေသခံပြည်သူများနှင့် ထိတွေ့ကာ လယ်ယာမြေပြဿနာများနှင့် ပတ်သက်သည့် အချက်အလက်များ စုဆောင်းလျက်ရှိကြောင်း ၎င်းက ပြောသည်။

မွန်ပြည်နယ်အတွင်း ဖြစ်ပွားမှုများသော လယ်ယာမြေ ပြဿနာမှာ တပ်ပိုင်မြေ အဖြစ် အသိမ်းခံထားရခြင်းဖြစ်
ကြောင်း ၎င်းကဆိုသည်။

“ကျွန်တော်တို့ကတော့ လယ်ယာမြေကိစ္စတွေလည်း လွှတ်တော်အတွင်းမှာ တတ်နို်င်သလောက် တွန်းအား ပေးရမှာပေါ့၊ပြီးတော့ ကျောက်မီးသွေး ကိစ္စတွေကိုလည်း ကျွန်တော်တို့လုပ်ရဦးမယ်”ဟုမုဒုံမြို့နယ် အမှတ်(၂) မဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် မင်းကြည်ဝင်းကပြောသည်။

မွန်ပြည်နယ်တွင် ယခင် အစိုးရလက်ထက်က တပ်သိမ်းမြေများလက်နက်ကိုင်အဖွဲ့အစည်းများက မြေယာသိမ်းယူမှုများ ရှိကြောင်း မွန်ပြည်နယ်ရှိ လယ်ယာမြေလှုပ်ရှားတက်ကြွသူများထံမှ သိရသည်။

Leave a Reply